ကိုညီညီဦး ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ပါဝင် လှုပ်ရှားခဲ့ပြီး၊ NLD ဖွဲ့စည်းစမှာ သံလျင်မြို့နယ် လူငယ် အဖွဲ့ဝင်တယောက် ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက သံလျင်ရေနံချက်စက်ရုံ ဗုံးကွဲတယ်။ န၀တ စစ်ထောက်လှမ်းရေးတွေက NLD ကို ပုံစံ အမျိုးမျိုးနဲ့ အပြစ်ရှာနေချိန်မို့ ဗုံးဖောက်ခွဲသူတွေဟာ ကိုညီညီဦး တို့ ဖြစ်တယ် ဆိုပြီး ဖမ်းတယ်။ နောက်ပိုင်းမှာ ကိုကိုနိုင် (၁၉၈၈ မြို့တော်ခန်းမ ဗုံးကွဲမှုကြောင့် အဖမ်းခံရသူ) က ရေနံချက်စက်ရုံ ဖောက်ခွဲမှုဟာ သူ့လက်ချက်လို့ ထွက်ဆိုပေမယ့် လူမှားဖမ်းမိတာကို ၀န်ခံရမှာ စိုးတဲ့အတွက် ကိုညီညီဦးတို့ကို ဆက်ပြီး ဖမ်းထားခဲ့တယ်။ ပြီးတော့ စစ်ခုံရုံးကနေ သေဒဏ် အပြစ်ပေးခဲ့တယ်။ အယူခံ ပြင်ဆင်ချက်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပယ်ချခဲ့ပြီး ၁/၉၃ ကြေညာချက်နဲ့ သေဒဏ်ကနေ ထောင် တသက်တကျွန်း ပြောင်းလဲလိုက်တယ်။ မိသားစုနဲ့ဝေးရာ တောင်ငူထောင်ကို ရွှေ့လိုက်တယ်။ စစ်ထောက်လှမ်းရေးတွေကြောင့် မတရား ပြစ်ဒဏ်ချမှတ်ခံခဲ့ ရသူတွေကို ပြန်လွတ်ပေးတယ် ဆိုတဲ့ ၂၀၀၄ ခုနှစ်တုန်းကလည်း ကိုညီညီဦး တို့ မလွတ်မြောက်ခဲ့ပါဘူး။ ၁၉၉၇ လွတ်ငြိမ်းချမ်းသာအမိန့်ကို ထုတ်ပြန်တဲ့အခါ သူတို့ ပြစ်ဒဏ်ဟာ အကျဉ်းသား ရပိုင်ခွင့် ဖြစ်တဲ့ လျှော့ရက် ခ
Unsung Heroes and Burmese People of Burma Democracy Uprising - content maintained by MoeMaKa Team