Skip to main content

Posts

Showing posts from 2011

Than Than Htay in prison

မသန်းသန်းဌေး (Freed 12th October 2011) သားကြီး (AAPP) သြဂုတ် ၂၄၊ ၂၀၁၁ ၈၈ ကို ဖြတ်သန်းခဲ့ကြတဲ့ ရဲဘော်ရဲဘက်တို့ကြားမှာ အကြည့်ဌေး လို့ ခေါ်ခံရသူဖြစ်တဲ့ မသန်းသန်းဌေးဟာ ၁၉၈၈ မှာ ဒုတိယနှစ် ဓာတုဗေဒ အဓိက ဘာသာရပ်နဲ့ ကျောင်းတက်နေရင်း ၁၉၈၈ မတ်လ ရန်ကုန်တက္ကသိုလ် တွင်း ဆန္ဒပြပွဲများမှ စလို့ ကျောင်းသားလှုပ်ရှားမှုများ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများအတွင်း ပါဝင်လာခဲ့သူဖြစ်ပါတယ်။ အကြည့်ဌေးဟာ ဗကသ အဖွဲ့ဝင်။ လူ့ဘောင်သစ် အဖွဲ့ဝင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် အဖြစ် ကျောင်းသားလှုပ်ရှားမှုများ၊ ကျောင်းသားဆန္ဒပြပွဲများ နဲ့ မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ စိတ်ရောကိုယ်ပါ တက်ကြွစွာအားပေး ပါဝင်ခဲ့သူပါ။

Win Maw (Shwe Than Zin)

ကျောက်ဖြူထောင်ထဲက ဂီတသမား ကိုဝင်းမော် ၁၉၈၈ မတိုင်ခင်က “Computer Control” အမည်ရှိ တီးဝိုင်းမှာ လိဒ် ဂစ်တာသမား တစ်ယောက် အဖြစ် ရှိနေခဲ့တဲ့သူ။ “ရွှေသံစဉ်” ဂစ်တာဝိုင်းကို ဦးဆောင်ခဲ့သူ။ ၈၈ အရေးတော်ပုံကြီးထဲမှာ အနုပညာသည်အုပ်စုတွေနဲ့ ပါဝင်ခဲ့သူပါ။ ၁၉၉၆ ခုနှစ် နိုဝင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည် ကို အားပေး ထောက်ခံတဲ့ သီချင်းတွေ ဆိုတဲ့အတွက် ပုဒ်မ ၅(ည) နဲ့ ထောင်၇ နှစ် ချခံရပါတယ်။ တောင်ငူထောင် နေထိုင်ရစဉ် ဘ၀တူ ရဲဘော်များရဲ့ အချစ်ခင်ရဆုံး ပုဂ္ဂိုလ်တယောက်လည်း ဖြစ်ခဲ့ပါတယ်။ စိတ်ရှည်တယ်၊ သည်းခံတတ်တယ်၊ ညှာတာတယ်၊ ရပ်တည်ချက်ရှိတယ် ဆိုတာ ကိုဝင်းမော်ရဲ့ အရည်အချင်းတွေပါပဲ။ ရသမျှ သစ်တို သစ်စလေးတွေနဲ့ ဂစ်တာတလက် ဖြစ်အောင် ဖန်တီးပြီး နိုင်ငံရေး အကျဉ်းသား ညီငယ်တွေကို ဂစ်တာတီး သင်ပေးရင်း ကိုယ်ပိုင် သီချင်းလေးတွေကို ရေးဖွဲ့ခဲ့ပါသေးတယ်။ ထောင်တွင်း ရှာဖွေရေး လာချိန်မှာတော့ ဂစ်တာလေးကို တစစီ ဖြုတ်ရ၊ ဖွက်ရ၊ ပြီးမှ ပြန်ဆင်ရတာပေါ့လေ။ ၂၀၀၂ နိုဝင်ဘာမှာ ထောင်က လွတ်ပါတယ်။ မိသားစုဘ၀ကို ကြိုးစား တည်ဆောက်ရင်း “အလင်္ကာ” ဆိုတဲ့ ဂစ်တာဝိုင်းတခု ပြန်ပြီး ထူထောင်ခဲ့ပါတယ်။ ဖခင်ကြီး၊ ဇနီး၊ သားသမီး ၄ ယောက်ကို တာဝန်ယူ ဦးဆောင်နေသူ ဖြစ်ပေမယ့်လ

my friend Myo Min Htike

၂၂ နှစ်အရွယ်မှာ ထောင် ၅၉ နှစ် ကျသွားတဲ့ သူငယ်ချင်း စာဖတ်၊ ဂီတာတီး၊ သီချင်းရေးတာ ၀ါသနာ ပါတဲ့ ကိုမျိုးမင်းထိုက်ဟာ ဒီမိုကရေစီ ရရှိရေးကို ဆောင်ရွက်နေစဉ်မှာပဲ အထိန်းသိမ်းခံနေရပါတယ်။ ၁၉၈၈ အရေးတော်ပုံမှာ သူ ၁၂ နှစ် ရှိပါပြီ။ အဲဒီတုန်းက ရန်ကုန် မြို့မကျောင်း ကျောင်းသားများ သမဂ္ဂမှာ ပါဝင်ခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသားဘ၀မှာလည်း သမဂ္ဂလှုပ်ရှားမှုတွေနဲ့ မကင်းကွာပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေကို ကူညီသူ၊ အများအတွက် စွန့်လွှတ် အနစ်နာခံခဲ့သူပါ။ လူအထင်ကြီးဖို့ ဆိုတဲ့ ရည်ရွယ်ချက် သူ့မှာ မရှိခဲ့ပါဘူး။ သူငယ်ချင်းတွေကို ချစ်တယ်။ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ သစ္စာရှိတယ်။ သူယုံကြည်တာကို သူနိုင်သလောက် လုပ်သွားခဲ့တယ်။ လမ်းတ၀က်မှာ လှည့်မပြန်သွားခဲ့ပါဘူး။ လက်နက် မချခဲ့ဘူး။ ၁၉၉၈ ခုနှစ်မှာ ဗကသများ အဖွဲ့ချုပ်က တခြား ကျောင်းသားအဖွဲ့ အစည်းတွေနဲ့ ဆက်သွယ်ပြီး ဆန္ဒပြ တောင်းဆိုဖို့ လုပ်တဲ့အခါမှာ ကိုမျိုးမင်းထိုက် ဦးဆောင် ပါဝင်ခဲ့တယ်။ ရန်ကုန်မှာ ဆန္ဒပြကြတယ်။ နောက်တလမှာ သူ အထိန်းသိမ်းခံရပြီး မကြာခင်မှာပဲ သူကိုင်တိုင် တိတိကျကျ မသိရတဲ့ အမှုတွေနဲ့ ထောင်ဒဏ် စုစုပေါင်း ၅၉ နှစ် ချခံလိုက်ရတယ်။ အခုဆိုရင် သူ့အသက် ၃၅ နှစ် ရှိသွားပါပြီ။ မြင်းခြံထောင

Phyo Phyo Aung

Hip Hop ကြိုက်တဲ့၊ မောင်လမြိုင်ထောင် ရောက်နေတဲ့ မဖြိုးဖြိုးအောင် (FREED - 12th October 2011) သားကြီး(AAPP) ဇွန် ၂၅၊ ၂၀၁၁ ၂၀၀၇ ခုနှစ် ဗကသ ပြန်ဖွဲ့ရာမှာ ခေါင်းဆောင်တဦး၊ အဖွဲ့ဝင်တဦး အနေနဲ့ ပါဝင်သူ မဖြိုးဖြိုးအောင်(ခေါ်) မနှင်းပွင့်ဝေဟာ အဲဒီအချိန်က နည်းပညာ တက္ကသိုလ် မြို့ပြအင်ဂျင်နီယာ ကျောင်းသူပါ။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလ ဗကသ လှုပ်ရှားမှုတွေကြောင့် အာဏာပိုင်များ လိုက်လံဖမ်းဆီးလို့ မဖြိုးဖြိုးအောင် တိမ်းရှောင်ရပါတယ်။ ၂၀၀၈ နာဂစ်ဒေသကို ကူညီဖို့ ပုန်းနေရာက ထွက်ပြီး သူငယ်ချင်းများနဲ့အတူ ဖခင်ဖြစ်သူရဲ့ဦးဆောင်မှုနဲ့ အစားအစာ ဝေငှခြင်း၊ တလကျော်ကြာ ဥပက္ခောပြုခံထားရတဲ့ ရုပ်အလောင်းများ ရှင်းလင်း မြှုပ်နှံခြင်းတွေ လုပ်ခဲ့ပါတယ်။ ဧရာဝတီတိုင်း အပြန်လမ်းမှာ သူတို့ အားလုံး အဖမ်းခံရပြီး မဖြိုးဖြိုးအောင် ထောင် ၄ နှစ် ကျပါတယ်။ မော်လမြိုင်ထောင် ရောက်ပါတယ်။ ဖခင်က ဖားအံထောင် ရောက်ပါတယ်။ မိသားစုက ၂ နေရာ ခွဲပြီး ထောင်ဝင်စာ တွေ့ရတာပါ။ ဖခင်ဖြစ်သူက မကြာခဏ ထိန်းသိမ်းခံရသူပါ။ ၁၉၈၉ မှာ ဒေါက်တာနေ၀င်း ထောင် ၁၅ နှစ် ချခံရချိန်မှာ မဖြိုးဖြိုးအောင်ဟာ တနှစ်သမီးပဲ ရှိပါသေးတယ်။ မိခင်ရဲ့ သွန်သင်မှု၊ ဖခင်ရဲ့ ထောင်ဝင်စာ

Honney Oo

မဟန်နီဦး ဇွန် ၅၊ ၂၀၁၁ ဒဂုံတက္ကသိုလ် ဥပဒေ နောက်ဆုံးနှစ် ကျောင်းသူတဦး ဖြစ်ပြီး ၂၀၀၇ သြဂုတ်လ (၂၈) ရက်နေ့မှာ ပြန်လည် ဖွဲ့စည်းခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်များထဲက တယောက် ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဦးထွန်းဦး ဟာလည်း ထောင် ၂ ကြိမ်ကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ရှေ့နေ တဦးလည်း ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ မဟန်နီဦးက သူ အင်္ဂလိပ်စာသင်တန်းတက်နေတဲ့ အမေရိကန်စင်တာရဲ့ စာကြည့်တိုက် အဖွဲ့ဝင် တဦး ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ နိုင်ငံရေး နဲ့ ဒီမိုကရေစီအကြောင်း စာအုပ်တွေ ဖတ်ရှု လေ့လာကြ အပြန်အလှန် ဆွေးနွေး ဖလှယ်ကြ၊ ၈၈ မျိုးဆက် ကျောင်းသားများနဲ့ တွေ့ဆုံ ဆွေးနွေး စကားပြောကြရင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး အခြေအနေတွေကို ပိုမို သိမြင်လာခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာ သံဃလှုပ်ရှားမှုများ အတွင်းမှာ ဗကသများ အဖွဲ့ချုပ်ဟာ ပြည်သူ့ရှေ့က မားမားရပ်လို့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တောင်းဆို လှုပ်ရှားခဲ့ပြီးနောက် အာဏာပိုင်တွေရဲ့ လိုက်လံ ဖမ်းဆီးမှုတို့ကြောင့် ဗကသ ခေါင်းဆောင်များ တိမ်းရှောင်နေခဲ့ရပါတယ်။ မဟန်နီဦး၊ ကိုကျော်ကိုကို၊ ကိုစည်သူမောင်တို့ ရှောင်ပုန်းနေတဲ့အိမ်ကို ၂၀၀၇ ခုနှ

Aye Thida, a Burmese journalist in prison

ထောင် ၁၈ နှစ် ကျနေတဲ့ သတင်းသမား မအေးသီတာ (FREED 12th OCTOBER 2011) အင်တာနက်ဂျာနယ်၊ 7Day News ဂျာနယ် တို့မှာ လုပ်ကိုင်ခဲ့တဲ့ မအေးသီတာဟာ ဒဂုံတက္ကသိုလ်က ဘောဂဗေဒဘွဲ့ ရထားသူ ဖြစ်ပါတယ်။ ငှက်ပျောသီးဇော်ဝင်းလို့ လူသိများတဲ့ ပန်းချီဆရာ ဦးဇော်ဝင်းရဲ့ သမီးပါ။ ၂၀၀၅ ခုနှစ် ၈၈ မျိုးဆက်ကျောင်းသားများရဲ့ လှုပ်ရှားမှုတွေမှာ လွပ်လပ်မှု၊ ငြိမ်းချမ်းမှု တို့ကို လိုလားသူတဦး အနေနဲ့ ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာ သံဃာ အရေးအခင်းအပြီး အောက်တိုဘာ ၁၄ ရက်နေ့မှာ စစ်ထောက်လှမ်းရေး အဖွဲ့များက သူ့ကို နေအိမ်မှာ သွားဖမ်းကြပါတယ်။ စစ်ကြောရေးစခန်း၊ အင်းစိန်ထောင်တို့မှာ ချုပ်ထားပြီး ဒီဇင်ဘာမှာ ဆက်သွယ်ရေး အက် ဥပဒေ ပုဒ်မ ၃၃(က)နဲ့ ၇ နှစ် ချလိုက်ပါတယ်။ ၂၀၀၈ နိုဝင်ဘာမှာတော့ အမျိုးသား ညီလာခံ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၅(၉၆)၊ အစိုးရကို အကြည်ညို ပျက်စေသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)၊ အသင်း အဖွဲ့ ဆိုင်ရာ ဥပဒေ ပုဒ်မ(၆) တို့နဲ့ ၁၁ နှစ် ထပ်ချပြန်တယ်။ ရန်ကုန်နဲ့ မိုင်၁၀၀ ကျော်ဝေးတဲ့ ဟင်္သာတထောင်ကို ရက်ပိုင်းအတွင်း ပြောင်းလိုက်ပါတယ်။ မိသားစုက ဒီသတင်း မရလိုက်တဲ့ အတွက် လိုအပ်တဲ့ ဆေးဝါး၊ အ၀တ်အစား၊ စောင်၊ စားစရာ တို့ကို ထည့်မပေးနိုင်ခဲ့

Nay Phone Latt

သူငယ်ချင်း နေဘုန်းလတ် ဂျစ်တူး ဧပြီ ၉၊ ၂၀၁၁ ဘလော်ဂါနေဘုန်းလတ် ထောင်ဒဏ် အနှစ် ၂၀ နှင့် ၆ လ ချမှတ်ခံရသည့် ၂၀၀၈ ခုနှစ်က ရေးသားခဲ့ခြင်း ဖြစ်သည်။ ၂၀၀၉ တွင် ထောင်ဒဏ် ၁၂ နှစ်သို့ ပြောင်းလဲသွားသည်။ (photo: minnyoonthit) နေဘုန်းလတ်ကို ထောင်ချပြီးတည်းက သူ့သတင်းတွေကို အင်တာနက်မှာ တွေ့နေရတယ်။ တချို့က မှန်တယ်၊ တချို့က မမှန်ဘူး။ မမှန်တာတွေ ရေးထားတာကို ဖတ်ရတိုင်း ... အနှစ် ၂၀ စွန်း ဆိုတာကို ရင်ဆိုင်နေရသူအတွက် အချက်အလက် အမှန်တွေ ရေးဖို့ အားထုတ်သင့်တယ်။ တကယ်တော့ ခုလို ထောင်ချခံရလိမ့်မယ်လို့ ကျွန်မတို့ အားလုံး လုံးဝ မထင်မှတ်ခဲ့မိဘူး။ နေဘုန်းလတ် ကိုယ်တိုင်တောင် ထင်မိခဲ့လိမ့်မယ် မဟုတ်ဘူး။ ကျွန်မ အမြင်မှာတော့ ဗိုလ်ချုပ်ကြီးတွေဟာ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် သူတို့ ရှေ့မှာရှိတဲ့ သူတို့အတွက် ဆူးညှောင့်ခလုတ်တွေ အားလုံးကို ဖယ်ရှားလိုက်တာပါပဲ။ အင်တာနက် ရေစီးကြောင်းပေါ်မှာတော့ နေဘုန်းလတ်ဟာ ပထမဆုံးသော ဓားစာခံ ဖြစ်သွားတယ်။ ဗိုလ်ချုပ်ကြီးတွေဟာ သူ့ကိုသုံးပြီး တခြားသူတွေကို အနှစ် ၂၀ ဆိုတာနဲ့ ခြိမ်းခြောက်လိုက်သလိုပဲ။ ဘလောဂ့်စာမျက်နှာပေါ်မှာ တင်လိုက်မယ့် ကျွန်မတို့ရဲ့ အတွေးတိုင်းမှာ အဲဒီ အနှစ် ၂၀ ဆိုတာကြီး ကပ်ပါနေအောင် အ

Mya Aye

ကိုမြအေး သားကြီး(AAPP) မတ် ၁၄၊ ၂၀၁၁ စ ဆုံဖူးတာက ရန်ကုန်တက္ကသိုလ်မှာ စတည်တဲ့ ဘွဲ့ရကျောင်းသားဟောင်းများ သမဂ္ဂမှာ၊ ၈၈ အရေးတော်ပုံကြီးထဲမှာ သူက တက်တက်ကြွကြွ။ နောက်တော့ မောင်ထော်လေးလမ်းထဲက ဂေါ်ဇဒါ (GOSDA) လို့ အလွယ် ခေါ်ကြတဲ့ ဘွဲ့ရ ကျောင်းသားဟောင်းများ အဖွဲ့။ အဲဒီတုန်းက ကျောင်းသားတွေ ဆုံရပ်မှာပေါ့- နောက်ပိုင်း စုစုဝေးဝေး ပြန်ဆုံကြတော့ ၁၉၉၀ ဧပြီ အင်းစိန်ထောင် ၅ ဆောင်မှာ။ သူက မြောက်ပိုင်း ABSDFနဲ့ ဆက်သွယ်မှု အပါအ၀င် စာအုပ်စိမ်း လို့ ခေါ်တဲ့ အုပ်စုနဲ့ အတူ ပုဒ်မ ၅ည။ ၁၇/၁ နဲ့ ထောင် ၈ နှစ် ကျနေချိန်။ ၁၉၉၀ မေဒေးနေ့မှာ အကျဉ်းသား အခွင့်အရေး တောင်းဆိုကြတော့ ထောင်စည်းကမ်း ဖောက်ဖျက်တယ် ဆိုပြီး ဦးဆောင်သူ ကိုမြအေးကို ထောင်အထူးအရာရှိ ဦးဘိုကြည်က စီးထားတဲ့ သားရေဖိနပ်နဲ့ ပါးရိုက်ပြီး အပြစ်ဒဏ် ပေးခဲ့တယ်။ နောက် အားလုံးကို လူစုခွဲ။ ထောင်ဝင်စာတွေ ပိတ်တဲ့သူပိတ်။ ဒီနောက် အသီးသီး ထောင်တွေပြောင်းခဲ့ကြ။ ဝေးခဲ့ကြ။ သူလွတ်၊ ကိုယ်ပြန်ဝင်။ ထောင်သံသရာထဲမှာ ဖြတ်သွား ဖြတ်လာ။ သူက တောင်ငူထောင်က လွတ်ပြီး မိသားစု စီးပွားရေး၊ မိသားစုဘ၀ကို တည်ဆောက်နေရင်း ၈၈ အုပ်စုတွေနဲ့ မစိမ်း။ နိုင်ငံရေးလောကနဲ့ မပြတ်။ လူမှုရေးပွဲတွေ

Zaw Ye Win

တောင်ငူထောင်ထဲက ဇော်ရဲဝင်း   (Freed on 12th October 2011)   သားကြီး (AAPP) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၁ ၁၉၈၈ ကျောင်းသားလှုပ်ရှားမှုတွေ စဖြစ်တော့ သူက ဒုတိယနှစ် ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား။ မဆလ တပါတီ အာဏာရှင်တွေရဲ့ ရက်စက် လိမ်ညာ ကောက်ကျစ်မှုတွေကို ကျောင်းမှာ ကိုယ်တိုင် မြင်ခဲ့ရပြီး ကျောင်းသားလှုပ်ရှားမှုတွေထဲ ရောက်လာသူပါ။ စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂထဲ ပါဝင်ခဲ့ပြီး ကျောင်းသားတွေရဲ့အရေး၊ မိဘပြည်သူတွေ အရေး၊ မြန်မာပြည် ဒီမိုကရေစီ အရေးကို တက်ကြွစွာ ဆောင်ရွက်ခဲ့သူပါ။ ၁၉၉၀ မတ်လမှာတော့ ကျောင်းသား ကိုဖုန်းမော်ကျဆုံးခြင်း ၂ နှစ်ပြည့် အခမ်းအနား ကျင်းပနိုင်ဘို့ စီစဉ်နေရင်း အဖမ်းအဆီး ခံရကာ စစ်ခုံရုံးက ထောင်ဒဏ် ၃ နှစ် ပေးတာ ခံခဲ့ရပါတယ်။ ၁၉၉၂ နှစ်ကုန်ပိုင်းမှာ သာယာဝတီ ထောင်က ပြန်လွတ်လာတယ်။ ထောင်ထဲမှာ ကျန်နေတဲ့ ရဲဘော်တွေကို ကူညီနိုင်ဘို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ အတူတူ ဈေးရောင်းပွဲလေးတွေ လုပ်ပြီး ရံပုံငွေ ရှာကြတော့လဲ တက်တက်ကြွကြွ လုပ်ကိုင်ပါဝင်ခဲ့ပါတယ်။ အဲသည့်နောက် ကျောင်းပြန်မတက်နိုင်တော့ဘဲ မိဘတွေရဲ့ စီစဉ်မှုနဲ့ စင်္ကာပူကို နှစ်အနည်းငယ်ကြာ သွားရောက် အလုပ် လုပ်ခဲ့ပါတယ်။ မိခင်ဖြစ်သူ ကွယ်လွန်သ

Death sentence, helping in Nargis area and Valentine's Day

သေဒဏ်၊ နာဂစ် ကူညီမှု၊ ချစ်သူများနေ့ ကိုဝင်း ဖေဖော်ဝါရီ ၁၄၊ ၂၀၁၁ ဇော်သက်ထွေး (photo:irrawaddy) ဒီနေ့ ချစ်သူများနေ့။ ချစ်သူများနေ့မှာ မိသားစုနဲ့ ဝေးကွာနေသူတယောက်အကြောင်း။ “ကားလမ်း မပေါက်ဘဲနဲ့ ရွှံ့ဗွက်တွေကြားထဲက သွားရတဲ့ ရွာလေးတွေ ရှိတယ်။ အဲဒီရွာလေးကျတော့ ဒီက ရန်ကုန်က သွားလှူတဲ့လူတွေလည်း မသွားနိုင်ဘူး” ဆိုပြီး ၂၀၀၈ နာဂစ်ဒေသ အကြောင်း ပြောသွားသူကတော့ ဇော်သက်ထွေး ဖြစ်ပါတယ်။ ဒီလိုပြောပြီး သိပ်မကြာခင်မှာ အာဏာပိုင်တို့က သူ့ကို ဖမ်းပြီးတော့ ပုဒ်မမျိုးစုံနဲ့ ထောင် ၁၉ နှစ် ချလိုက်တယ်၊ နောက်ပိုင်း ၈ နှစ် လျှော့ပေးတယ် တဲ့။ ကျနော် သူ့ကို မမြင်ဖူးပါဘူး။ ၂၀၀၄ နှစ်ဆန်းပိုင်း AAPP ရုံးရောက်လာတဲ့ တရားရုံး မှတ်တမ်းတခုမှာ သူ့ကို သေဒဏ် စီရင်ချက် ချထားတယ် ဆိုတာ ဖတ်မိရာကနေ သူ့နာမည်ကို အစပြု ကြားမိပါတယ်။ အမှုက ပြည်ပ မိတ်ဆွေတယောက်နဲ့ ဖုန်း အဆက်အသွယ်လုပ်မှု။ အံ့သြစရာ။ အမှုတွဲတွေက ILO နဲ့ဆက်သွယ်သူ ရှေ့နေဦးအေးမြင့်၊ ဗိုလ်ချုပ်ကြီးများကို လုပ်ကြံမယ် ဆိုတဲ့ မွန်ပြည်သစ်ပါတီဝင်တွေ။ အမှုမှာ သက်သေခံပစ္စည်းတခုက “ILO အရာရှိရဲ့ လိပ်စာကတ်” ဆိုတော့ ILO သိအောင် လုပ်မှပဲ ဆိုပြီး ဘာသာပြန် ပို့ပေးလိုက်တယ်။ မကြာခင် အမှု ပြန်စစ်တယ်

PPs in labour camps

နိုင်ငံရေးသမားနဲ့ ရဲဘက် နိုင်ငံရေးအကျဉ်းသား တချို့ ရဲဘက်စခန်း ရောက်သွားတယ်။ ရဲဘက်စခန်းဆိုတာ ဘယ်လိုဟာမျိုးလဲ? စိုက်ပျိုးရေး ရဲဘက်စခန်းတွေမှာ လူတွေကို နွားနေရာမှာ အစားထိုးတယ်။ ထွန်တုံး ပခုံးပေါ်တင်ပြီး လယ်ထွန်ရတယ်။ နွားသေရင် ထုချေလွှာ ရေးပြီး အစီရင်ခံရမှာစိုးရိမ်လို့ လူတွေကို ပိုပြီး ခိုင်းတယ်လို့ အကျဉ်းဦးစီးအရာရှိတွေက ဆိုတယ် တဲ့။ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကာလ အဖမ်းခံရသူ အများအပြား ရဲဘက်ကို ရောက်သွားကြတယ်။ ဒီနေ့မှာ ရဲဘက်ရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ ဘယ်လောက် ရှိမယ် မသိဘူး။ ရဲဘက်ကနေ အသက်ရှင်လျက် ပြန်ထွက်လာသူတွေထဲမှာ အထင်ရှားဆုံးက လူရွှင်တော် ပါပါလေး ဖြစ်ပါတယ်။ သူ့ပြောပြချက်ကို DVB က ၇-၈-၂၀၀၈ မှာ အခုလို အသံလွှင့်ခဲ့တယ်။ “ကျောက်တုံးပိတာတို့၊ ကျောက်မှန်တာတို့၊ တကယ်လက်တွေ့ပဲဗျာ။ ကျောက်လွှာတွေအပေါ်မှာ တက်သွားတယ်၊ မိုင်း ခွဲရတာပေါ့ဗျာ။ မိုင်းခွဲတော့ မိုင်းခွဲတဲ့ဒဏ်က ကျောက်တုံးတွေ ပိလာတယ်။ ကျောက်တုံး လိမ့်ကျလို့ ဖယ်ပါဖယ်ပါလို့ ခဏခဏ အော်တာဗျာ။ ကျနော်တို့မှာ ခြေကျဉ်းနဲ့ ဒေါက်နဲ့ပေါ့ဗျာ။ လမ်းသွားတာ ဒေါက်ခတ်ထားတယ်။ မချွတ်ရဘူး။ အလုပ် လုပ်လည်း အဲဒီတိုင်းပဲ။ ကျောက်ထု ကျောက်သယ်နဲ့ မှန် သေတာတေ