Skip to main content

Naw Phn Hla - Hunger Strike - 29th August 2013

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ လက်ပံတောင်းကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြခဲ့သူ ဒေါ်နော်အုန်းလှကို နိုင်ငံတော် အကြည်အညို ပျက်စေမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ပြီးနောက် မုံရွာ
အကျဉ်းထောင်တွင် ဒေါ်နော်အုန်းလှ အစာငတ်ခံဆန္ဒပြနေကြောင်း သတင်းရရှိသည်။
ဒေါ်နော်အုန်းလှကို သြဂုတ်လ ၂၉ ရက်နေ့က မုံရွာမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီး မုံရွာအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း၊ မုံရွာအကျဉ်းထောင်တွင် ဒေါ်နော်အုန်းလှ အစာငတ်ခံ ဆန္ဒပြနေသည်မှာ ၁၃ ရက်အထိ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။
” ကျနော်က ဒေသခံတွေဆီကတဆင့် သိရတာ။ ဒေါ်နော်အုန်းလှ အစာငတ်ခံဆန္ဒပြနေတဲ့ သတင်းကတော့ ဟုတ်တယ်။ ကျနော်ကတော့ သူ့အမှုကို အယူခံဝင်နိုင်ဖို့ တရားရုံးက ထွက်ဆိုချက်မိတ္တူတွေ စောင့်နေတုန်းပဲ ရှိသေးတယ်”ဟု ရှေ့နေဦးရောဘတ်စန်းအောင်က ဧရာဝတီသို့ ပြောသည်။
မုံရွာအကျဉ်းထောင်မှ တာဝန်ရှိသူများက အကျဉ်းထောင်တွင် ဒေါ်နော်အုန်းလှ အစာငတ်ခံ ဆန္ဒပြမှုသတင်းကို အတည် ပြုသော် လည်း အသေးစိတ် ဖြေကြားခွင့် မရှိကြောင်း ဧရာဝတီကို ပြောသည်။
မုံရွာအကျဉ်းထောင်၏ နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနထံ ပေးပို့သည့် အစီရင်ခံစာတွင် ဒေါ်နော်အုံးလှသည် အစာငတ်ခံ ဆန္ဒပြမှုကြောင့် ကိုယ်အလေးချိန်ပေါင် ၅ ပေါင်အထိကျဆင်းသွားသော်လည်း ကျန်းမာရေး ကောင်းမွန်ကြောင်း၊ ဆီး ၊ သွေး စစ်ဆေးမှု ရလဒ်လည်း ပုံမှန်ရှိကြောင်း၊ အစာမစားသော်လည်း ရေပုံမှန် သောက်ပြီး ဒေါ်နော်အုန်းလှ၏ ကျန်းမာရေးအခြေအနေကို မုံရွာအကျဉ်းထောင်ဆရာဝန် ဒေါက်တာမျိုးမင်းက စောင့်ကြည့် ပေးလျက် ရှိကြောင်း ဖော်ပြထားသည်။
ဒေါ်နော်အုန်းလှသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များထံ ခွင့်ပြုချက် ၉ ကြိမ်တိတိ တင်ခဲ့သော်လည်း ပယ်ချခြင်း ခံခဲ့ရသဖြင့် သြဂုတ်လ ၁၃ ရက်နေ့ မုံရွာ မြို့ပေါ် တွင် လက်ပံတောင်း ဒေသခံ ၁၅၀ ခန့်နှင့်အတူ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ရာ သက်ဆိုင်ရာအာဏာပိုင်များက ဒေါ်နော်အုန်းလှနှင့် အတူ လက်ပံတောင်း ဒေသခံ ၉ ဦး ကို ဖမ်းဆီးခဲ့သည်။
ယင်းနောက် ဆန္ဒထုတ်ဖော်ခဲ့သော လက်ပံတောင်းဒေသခံ ၉ ဦးကို စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့သော်လည်း ညတွင်းချင်း အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ဒေါ်နော်အုန်းလှကိုမူ ပုဒ်မ ၁၈ အပြင် နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) စွဲချက်တင်ခဲ့ကြောင်း ၊ ဒေါ်နော်အုန်းလှကို သြဂုတ်လ ၂၇ ရက်နေ့ တွင် တရားရုံး ထုတ်စစ်ဆေးခဲ့ပြီး ၂ ရက်အကြာ သြဂုတ်လ ၂၉ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

http://burma.irrawaddy.org/archives/47875 မှကူးယူဖော်ပြသည်။

Comments

Popular posts from this blog

MoeMaKa Daily - 28th June 2022

Daily Digest from MoeMaKa Media ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ် ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း... MoeMaKa Media 1h ဖေကြီး (လေရှီး) - ထိုင် ထ ပုံပြင် Image- Crdထိုင် ထ ပုံပြင်ဖေကြီး (လေရှီး)(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂      ကြားခဲ့ဖူးတဲ့ ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်များစွာထဲက... MoeMaKa Media 7h လင်းနွေးအိမ် - အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် လင်းနွေးအိမ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ ညီမလေးရေရှေးရိုးစွဲတွေနဲ့ လမ်းထွင်သူတွေကြားမှာဒီလိုနဲ့ပဲမဖြစ်နိုင်ဘူးလို့... MoeMaKa Media 7h မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း(မိုးမခ) ဇွန် ၂၈၊ ၂၀၂၂ ကယားပြည်နယ်က စီဒီအမ်မလုပ်တဲ့ ကျောင်းဆရာ/မတွေ... MoeMaKa Media 23h -- Send email to -  editors@moemaka.net  to contact and contribute with MoEmAKa MoeMaKa on Facebook Page from here   (For Burma / Myanmar User) MoeMaKa News & Media covering Burmese Community http://www.MoeMaKa.Com  - Burmese ...

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ...

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ... : ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိသည်။ သတင်းအချက်အလက်များအရ(၁၉.၁၁.၂၀၂၁) ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် - ၈၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ - ၃၅ ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက တိုင်းဒေသကြီးများတွင် ဖြစ်ပွားပေါ်ပေါက်လျက်ရှိသည်။ မှတ်ချက်။ ။မြေပြင်တွင် ယခုတွေ့ရသည့် သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွားနိုင်ပါသည်။ ။ Attachments: ...

Aye Thida, a Burmese journalist in prison

ထောင် ၁၈ နှစ် ကျနေတဲ့ သတင်းသမား မအေးသီတာ (FREED 12th OCTOBER 2011) အင်တာနက်ဂျာနယ်၊ 7Day News ဂျာနယ် တို့မှာ လုပ်ကိုင်ခဲ့တဲ့ မအေးသီတာဟာ ဒဂုံတက္ကသိုလ်က ဘောဂဗေဒဘွဲ့ ရထားသူ ဖြစ်ပါတယ်။ ငှက်ပျောသီးဇော်ဝင်းလို့ လူသိများတဲ့ ပန်းချီဆရာ ဦးဇော်ဝင်းရဲ့ သမီးပါ။ ၂၀၀၅ ခုနှစ် ၈၈ မျိုးဆက်ကျောင်းသားများရဲ့ လှုပ်ရှားမှုတွေမှာ လွပ်လပ်မှု၊ ငြိမ်းချမ်းမှု တို့ကို လိုလားသူတဦး အနေနဲ့ ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာ သံဃာ အရေးအခင်းအပြီး အောက်တိုဘာ ၁၄ ရက်နေ့မှာ စစ်ထောက်လှမ်းရေး အဖွဲ့များက သူ့ကို နေအိမ်မှာ သွားဖမ်းကြပါတယ်။ စစ်ကြောရေးစခန်း၊ အင်းစိန်ထောင်တို့မှာ ချုပ်ထားပြီး ဒီဇင်ဘာမှာ ဆက်သွယ်ရေး အက် ဥပဒေ ပုဒ်မ ၃၃(က)နဲ့ ၇ နှစ် ချလိုက်ပါတယ်။ ၂၀၀၈ နိုဝင်ဘာမှာတော့ အမျိုးသား ညီလာခံ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၅(၉၆)၊ အစိုးရကို အကြည်ညို ပျက်စေသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)၊ အသင်း အဖွဲ့ ဆိုင်ရာ ဥပဒေ ပုဒ်မ(၆) တို့နဲ့ ၁၁ နှစ် ထပ်ချပြန်တယ်။ ရန်ကုန်နဲ့ မိုင်၁၀၀ ကျော်ဝေးတဲ့ ဟင်္သာတထောင်ကို ရက်ပိုင်းအတွင်း ပြောင်းလိုက်ပါတယ်။ မိသားစုက ဒီသတင်း မရလိုက်တဲ့ အတွက် လိုအပ်တဲ့ ဆေးဝါး၊ အ၀တ်အစား၊ စောင်၊ စားစရာ တို့ကို ထည့်မပေးနိုင်ခဲ့...