Skip to main content

လကျာ်ထွန်း ကို လွှတ်ပေးပါ


မောင်လကျာ်ထွန်းနဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပါ

မောင်လင်္ကျာထွန်းသည် အသက် (၄၀) နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း သူ၏ဘဝထက်ဝက်ခန့် (နှစ်ပေါင်း၂၀) နီးပါးသည် အကျဉ်းထောင် အတွင်း၌သာ ရှင်သန်ခဲ့ရသူဖြစ်ကြောင်း သိခဲ့ရသည်။ 
သူသည် ဒုတိယအကြိမ်မြောက် အကျဉ်းထောင်ထဲသို့ ရောက်ရှိခဲ့သည်လည်းဖြစ် သည်။ သူ၏ဘဝသက်တမ်း ထက်ဝက်ခန့်သည် အကျဉ်းထောင်ထဲတွင် အချုပ်အနှောင်ခံဘဝတွင် လူ့အသိုင်းအ၀ိုင်းနှင့်ကင်းကွာနေရ သော်လည်း ဘဝတူအကျဉ်းသားများစွာတို့အား သူတတ်မြောက်ထားသောပညာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ပြင်သစ်စကားတို့အပြင်ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအတွက် အဖိုးမဖြတ်နိုင်သော မိုးကုတ်ဆရာတော်ဘုရားကြီးလမ်းညွှန်ပြသခဲ့သည့် မိုးကုတ်ဝိပဿနာ တရား စခန်းနှင့် ဘုရားကျောင်းဆောင်တို့အားလည်း သာယာဝတီအကျဉ်းထောင်အတွင်းတည်ထားကိုးကွယ်ကာ လမ်းညွှန်ပြသသင်ကြားပေးနေသူတစ်ဦးလည်းဖြစ်ပေသည်ဟု သိရှိခဲ့ရသည်။

http://ppMoemaka.blogspot.com/ မှာ အခြားအကျဉ်းသားများအကြောင်း ဖတ်ရှု့ပါ


Comments

Popular posts from this blog

Three Brotherhood Armed Alliance to continue unilateral cease-fire

-- Send email to - editors@moemaka.net   to contact and contribute with MoEmAKa MoeMaKa on Facebook Page from here  (For Burma / Myanmar User) MoeMaKa News & Media covering Burmese Community PO Box 320-207, San Francisco, CA 94132-0207, USA. http://MoeMaKa.Com - Burmese Language http://eng.moemaka.net  - English Edition http://MoeMaKa.Net - Audio & Video Archives

Hnin May Aung (a.k.a.) Nobel Aye

အနစ်နာခံသူတွေအတွက် အကျဉ်းထောင် နာမည်လေးက လှပါတယ်၊ မနှင်းမေအောင် (ခေါ်) မနိုဘယ်လ်အေး … တဲ့၊ ဒဂုံတက္ကသိုလ် ကျောင်းသူလေး။ ဘ၀က မလှပါ။ ဒီနှစ် အောက်တိုဘာ (၁၀) ရက်နေ့မှာ လူ့သက်တမ်း (၃၇) နှစ်၊ ထောင်သက်တမ်း (၂) ကြိမ်ပေါင်း (၁၀) နှစ်။ မုံရွာထောင်ထဲမှာ မလှပတဲ့ပြက္ခဒိန်တွေ အကြာကြီး ရွေ့နေဦးတော့မယ်။ မနိုဘယ်လ်အေးလေးရဲ့ အဇ္ဈတ္တကို အနီးဆုံး သိခဲ့ရတယ်၊ ထင်သာ မြင်သာ အဖြစ်ဆုံးက ဆင်းရဲဒုက္ခတွေကြားမှာ သူများအတွက် အနစ်နာခံချင်သည့် စိတ်ဓါတ်ပင်။ သူ့အမေအတွက် အနစ်နာခံတယ်၊ သူ့မိသားစုအတွက် အနစ်နာခံတယ်၊ သူ့ မိတ်ဆွေတွေအတွက် အနစ်နာခံတယ်၊ ပြီးတော့ … ဆင်းရဲဒုက္ခရောက်နေသူအတွက် အနစ်နာခံတယ်။ အခု၊ သူ ချစ်တဲ့ ပြည်သူတွေအတွက် ပင်ပန်းဆင်းရဲခြင်းကြီးစွာနဲ့ ၁၂ ပေ ၈ ပေ အခန်းကျဉ်းလေးထဲမှာ နှစ်ပေါင်း ဘယ်လောက်များ အနစ်နာခံနေရဦးမလဲ။ အဲဒီ့အခန်းကျဉ်းကျဉ်းလေးတွေ အများကြီး တိုးတိုးလာနေပြီ၊ မနိုဘယ်လ်အေးတွေလည်း အများကြီး တိုးတိုးရောက်နေပြီ။ သူတို့ရဲ့ ကမ္ဘာမြေဆီ လွတ်လပ်စွာ လမ်းလျှောက်ခွင့်အတွက် ဘာမှ မတတ်နိုင်သေးပါလား … ကျနော် ရှက်တယ်။ တင်အေး၊ ၁၇.၁၁.၂၀၁၀