Skip to main content

Posts

Showing posts from December, 2010

Nyi Nyi Oo

ကိုညီညီဦး ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ပါဝင် လှုပ်ရှားခဲ့ပြီး၊ NLD ဖွဲ့စည်းစမှာ သံလျင်မြို့နယ် လူငယ် အဖွဲ့ဝင်တယောက် ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက သံလျင်ရေနံချက်စက်ရုံ ဗုံးကွဲတယ်။ န၀တ စစ်ထောက်လှမ်းရေးတွေက NLD ကို ပုံစံ အမျိုးမျိုးနဲ့ အပြစ်ရှာနေချိန်မို့ ဗုံးဖောက်ခွဲသူတွေဟာ ကိုညီညီဦး တို့ ဖြစ်တယ် ဆိုပြီး ဖမ်းတယ်။ နောက်ပိုင်းမှာ ကိုကိုနိုင် (၁၉၈၈ မြို့တော်ခန်းမ ဗုံးကွဲမှုကြောင့် အဖမ်းခံရသူ) က ရေနံချက်စက်ရုံ ဖောက်ခွဲမှုဟာ သူ့လက်ချက်လို့ ထွက်ဆိုပေမယ့် လူမှားဖမ်းမိတာကို ၀န်ခံရမှာ စိုးတဲ့အတွက် ကိုညီညီဦးတို့ကို ဆက်ပြီး ဖမ်းထားခဲ့တယ်။ ပြီးတော့ စစ်ခုံရုံးကနေ သေဒဏ် အပြစ်ပေးခဲ့တယ်။ အယူခံ ပြင်ဆင်ချက်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပယ်ချခဲ့ပြီး ၁/၉၃ ကြေညာချက်နဲ့ သေဒဏ်ကနေ ထောင် တသက်တကျွန်း ပြောင်းလဲလိုက်တယ်။ မိသားစုနဲ့ဝေးရာ တောင်ငူထောင်ကို ရွှေ့လိုက်တယ်။ စစ်ထောက်လှမ်းရေးတွေကြောင့် မတရား ပြစ်ဒဏ်ချမှတ်ခံခဲ့ ရသူတွေကို ပြန်လွတ်ပေးတယ် ဆိုတဲ့ ၂၀၀၄ ခုနှစ်တုန်းကလည်း ကိုညီညီဦး တို့ မလွတ်မြောက်ခဲ့ပါဘူး။ ၁၉၉၇ လွတ်ငြိမ်းချမ်းသာအမိန့်ကို ထုတ်ပြန်တဲ့အခါ သူတို့ ပြစ်ဒဏ်ဟာ အကျဉ်းသား ရပိုင်ခွင့် ဖြစ်တဲ့ လျှော့ရက် ခ

Aung Thu

အောင်သူ နာမည် အပြည့်အစုံ ခေါ်မယ်ဆို “တံတားနီအောင်သူ” ၈၈ မတ်လ ရန်ကုန်တက္ကသိုလ်တွင်း ကျောင်းသားဆန္ဒပြပွဲ၊ မတ်လ ၁၆ တံတားနီ ဆန္ဒပြပွဲကို ဦးဆောင်လာသူ။ တံတားနီဖြစ်ရပ်မှန်ကို စာတမ်းရေး ဖြန့်ဝေခဲ့သူ။ ၈၉ မှာ ထောက်လှမ်းရေးက ခဏခဏ ဖမ်းစစ်ဆေး။ နောက်ဆုံးတော့ အင်းစိန်ပို့ကာ ၂ နှစ်လောက် အချုပ်ဘ၀ ထားခဲ့ပြီး ၉၁ မှာ ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရသူ။ အင်းစိန်ထောင်မှာ အဖေ ဦးဘိုးအောင် နဲ့ သား အောင်သူ။ သားအဖ၂ယောက်ရဲ့ အမှတ်တယများက ဘယ်လိုမှ မေ့မရ။ အစဉ်အလာနဲ့ ယုံကြည်ရာ ကြားက ပဋိပက္ခ ပြေငြိမ်းရာ- မိခင်ဖြစ်သူက ခင်ပွန်းနဲ့သားအတွက် တပတ်တခါ ထောင်ဝင်စာလာ၊ ဖွယ်ဖွယ်ရာရာနဲ့။ အခုတော့ ဖခင်ဖြစ်သူက မရှိတော့။ မိခင်ကြီးကလဲ တသက်တာ ထောင်ဝင်စာ ခရီးကြောင့် ကျန်းမာရေး မကောင်း။ အောင်သူက သူငယ်ချင်းတွေကို ခင်သလို ယုံကြည်ချက်ကိုလည်း ဘယ်တော့မှ မပြင်တတ်။ စကားလုံးကောင်းကောင်းနဲ့ သီချင်းတွေ ရေးတတ်သလို အတွေး ကောင်းကောင်းနဲ့လဲ နောက်တတ် ပြောင်တတ်။ ထောင်ကလွတ်လာပြီး မိသားစုဘ၀လေး တည်ဆောက်နေရင်း ၉၆ ဒီဇင်ဘာ ကျောင်းသား လှုပ်ရှားမှုမှာလည်း ပါဝင်ခဲ့၊ အဖမ်းအဆီးတွေကို ရှောင်တိမ်းခဲ့ရသေး။ နောက်ဆုံးတော့ ၈၈ မျိုးဆက် ကျောင်းသားများ၊ သူငယ်ချင်းဟောင်းများနဲ့ ပြန်လက်တ

Tu Ki in Thayet priosn

မဲန်ဒဲလား ထောင်သက် ၂၇နှစ်ကျော်၊ လွတ်။ ကရင်ရဲဘော်လေး တူးကီ ထောင်သက် ၂၈ နှစ်ကျော်၊ နေဆဲ။ နယ်လ်ဆင်မဲန်ဒဲလားက ထောင်ထဲမှာ ၂၇နှစ်ကျော် နေခဲ့ရတယ်။ ထောင်ထဲ နှစ်ရှည်နေရတာကြောင့်ရော၊ သူ့ရဲ့ လေးစားဖွယ်လုပ်ရပ်တွေကြောင့်ရော ကမ္ဘာကျော်ခဲ့တယ်။ ကရင်တော်လှန်ရေး ရဲဘော်လေး တူးကီ ခေါ် ခင်မောင်လင်း ထောင်ထဲ ရောက်နေတာ ၂၈ နှစ် ကျော်လာပြီ ဖြစ်ပေမဲ့ ဒါကို အလွန် လူသိနည်းလှပါတယ်။ သူ့သက် ၂၀ မပြည့်သေးချိန် ၁၉၈၂ ခုနှစ်မှာ စတင် အကျဉ်းချခံရတာပါ။ နိုင်ငံတကာက တောင်းဆိုနေသလို ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်တို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် လွတ်မြောက်လာရင်တော့ တူးကီလည်း လွတ်နိုင်ကောင်းပါရဲ့။ နိုင်ငံရေးအကျဉ်းသားတွေ ဝင်လိုက်ကြ ထွက်လိုက်ကြနဲ့ ရှိနေပေမယ့် မန်းငွေအောင် အမှုတွဲ တူးကီကတော့ အိမ်ရှင် အကျဉ်းသားကြီးဖြစ်လို့ ဧည့်သည်တော်များကို တယောက်ပြီးတယောက် ဧည့်ခံနေရသူပါ။ အာဟာရမဲ့ ခြုံပုတ်ပြုတ်ရည်၊ ဒေါက်၊ ခြေကျင်းနဲ့ ကျားတွေ ခြသေ့င်္တွေလို နှစ်ရှည်လများ တိုက်ပိတ်၊ တနေ့ကို ၁၀ မိနစ်လောက် မြေကြီးနဲ့ ထိတွေ့ခွင့်ရ ဆိုတာတွေဟာ တူးကီရဲ့ ထောင်သက်၂၈နှစ်ကျော် မှတ်တမ်းတွေပါပဲ။ ရက်စက်ကြမ်းကြုတ် အင်းစိန်ထောင်ကနေ ရက်စက်ပူပြင်း သရက်ထောင်ကိ