Skip to main content

Posts

Showing posts from February, 2011

Zaw Ye Win

တောင်ငူထောင်ထဲက ဇော်ရဲဝင်း   (Freed on 12th October 2011)   သားကြီး (AAPP) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၁ ၁၉၈၈ ကျောင်းသားလှုပ်ရှားမှုတွေ စဖြစ်တော့ သူက ဒုတိယနှစ် ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား။ မဆလ တပါတီ အာဏာရှင်တွေရဲ့ ရက်စက် လိမ်ညာ ကောက်ကျစ်မှုတွေကို ကျောင်းမှာ ကိုယ်တိုင် မြင်ခဲ့ရပြီး ကျောင်းသားလှုပ်ရှားမှုတွေထဲ ရောက်လာသူပါ။ စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂထဲ ပါဝင်ခဲ့ပြီး ကျောင်းသားတွေရဲ့အရေး၊ မိဘပြည်သူတွေ အရေး၊ မြန်မာပြည် ဒီမိုကရေစီ အရေးကို တက်ကြွစွာ ဆောင်ရွက်ခဲ့သူပါ။ ၁၉၉၀ မတ်လမှာတော့ ကျောင်းသား ကိုဖုန်းမော်ကျဆုံးခြင်း ၂ နှစ်ပြည့် အခမ်းအနား ကျင်းပနိုင်ဘို့ စီစဉ်နေရင်း အဖမ်းအဆီး ခံရကာ စစ်ခုံရုံးက ထောင်ဒဏ် ၃ နှစ် ပေးတာ ခံခဲ့ရပါတယ်။ ၁၉၉၂ နှစ်ကုန်ပိုင်းမှာ သာယာဝတီ ထောင်က ပြန်လွတ်လာတယ်။ ထောင်ထဲမှာ ကျန်နေတဲ့ ရဲဘော်တွေကို ကူညီနိုင်ဘို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ အတူတူ ဈေးရောင်းပွဲလေးတွေ လုပ်ပြီး ရံပုံငွေ ရှာကြတော့လဲ တက်တက်ကြွကြွ လုပ်ကိုင်ပါဝင်ခဲ့ပါတယ်။ အဲသည့်နောက် ကျောင်းပြန်မတက်နိုင်တော့ဘဲ မိဘတွေရဲ့ စီစဉ်မှုနဲ့ စင်္ကာပူကို နှစ်အနည်းငယ်ကြာ သွားရောက် အလုပ် လုပ်ခဲ့ပါတယ်။ မိခင်ဖြစ်သူ ကွယ်လွန်သ

Death sentence, helping in Nargis area and Valentine's Day

သေဒဏ်၊ နာဂစ် ကူညီမှု၊ ချစ်သူများနေ့ ကိုဝင်း ဖေဖော်ဝါရီ ၁၄၊ ၂၀၁၁ ဇော်သက်ထွေး (photo:irrawaddy) ဒီနေ့ ချစ်သူများနေ့။ ချစ်သူများနေ့မှာ မိသားစုနဲ့ ဝေးကွာနေသူတယောက်အကြောင်း။ “ကားလမ်း မပေါက်ဘဲနဲ့ ရွှံ့ဗွက်တွေကြားထဲက သွားရတဲ့ ရွာလေးတွေ ရှိတယ်။ အဲဒီရွာလေးကျတော့ ဒီက ရန်ကုန်က သွားလှူတဲ့လူတွေလည်း မသွားနိုင်ဘူး” ဆိုပြီး ၂၀၀၈ နာဂစ်ဒေသ အကြောင်း ပြောသွားသူကတော့ ဇော်သက်ထွေး ဖြစ်ပါတယ်။ ဒီလိုပြောပြီး သိပ်မကြာခင်မှာ အာဏာပိုင်တို့က သူ့ကို ဖမ်းပြီးတော့ ပုဒ်မမျိုးစုံနဲ့ ထောင် ၁၉ နှစ် ချလိုက်တယ်၊ နောက်ပိုင်း ၈ နှစ် လျှော့ပေးတယ် တဲ့။ ကျနော် သူ့ကို မမြင်ဖူးပါဘူး။ ၂၀၀၄ နှစ်ဆန်းပိုင်း AAPP ရုံးရောက်လာတဲ့ တရားရုံး မှတ်တမ်းတခုမှာ သူ့ကို သေဒဏ် စီရင်ချက် ချထားတယ် ဆိုတာ ဖတ်မိရာကနေ သူ့နာမည်ကို အစပြု ကြားမိပါတယ်။ အမှုက ပြည်ပ မိတ်ဆွေတယောက်နဲ့ ဖုန်း အဆက်အသွယ်လုပ်မှု။ အံ့သြစရာ။ အမှုတွဲတွေက ILO နဲ့ဆက်သွယ်သူ ရှေ့နေဦးအေးမြင့်၊ ဗိုလ်ချုပ်ကြီးများကို လုပ်ကြံမယ် ဆိုတဲ့ မွန်ပြည်သစ်ပါတီဝင်တွေ။ အမှုမှာ သက်သေခံပစ္စည်းတခုက “ILO အရာရှိရဲ့ လိပ်စာကတ်” ဆိုတော့ ILO သိအောင် လုပ်မှပဲ ဆိုပြီး ဘာသာပြန် ပို့ပေးလိုက်တယ်။ မကြာခင် အမှု ပြန်စစ်တယ်