Skip to main content

Posts

Showing posts with the label Zaw Ye Win

Zaw Ye Win

တောင်ငူထောင်ထဲက ဇော်ရဲဝင်း   (Freed on 12th October 2011)   သားကြီး (AAPP) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၁ ၁၉၈၈ ကျောင်းသားလှုပ်ရှားမှုတွေ စဖြစ်တော့ သူက ဒုတိယနှစ် ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား။ မဆလ တပါတီ အာဏာရှင်တွေရဲ့ ရက်စက် လိမ်ညာ ကောက်ကျစ်မှုတွေကို ကျောင်းမှာ ကိုယ်တိုင် မြင်ခဲ့ရပြီး ကျောင်းသားလှုပ်ရှားမှုတွေထဲ ရောက်လာသူပါ။ စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂထဲ ပါဝင်ခဲ့ပြီး ကျောင်းသားတွေရဲ့အရေး၊ မိဘပြည်သူတွေ အရေး၊ မြန်မာပြည် ဒီမိုကရေစီ အရေးကို တက်ကြွစွာ ဆောင်ရွက်ခဲ့သူပါ။ ၁၉၉၀ မတ်လမှာတော့ ကျောင်းသား ကိုဖုန်းမော်ကျဆုံးခြင်း ၂ နှစ်ပြည့် အခမ်းအနား ကျင်းပနိုင်ဘို့ စီစဉ်နေရင်း အဖမ်းအဆီး ခံရကာ စစ်ခုံရုံးက ထောင်ဒဏ် ၃ နှစ် ပေးတာ ခံခဲ့ရပါတယ်။ ၁၉၉၂ နှစ်ကုန်ပိုင်းမှာ သာယာဝတီ ထောင်က ပြန်လွတ်လာတယ်။ ထောင်ထဲမှာ ကျန်နေတဲ့ ရဲဘော်တွေကို ကူညီနိုင်ဘို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ အတူတူ ဈေးရောင်းပွဲလေးတွေ လုပ်ပြီး ရံပုံငွေ ရှာကြတော့လဲ တက်တက်ကြွကြွ လုပ်ကိုင်ပါဝင်ခဲ့ပါတယ်။ အဲသည့်နောက် ကျောင်းပြန်မတက်နိုင်တော့ဘဲ မိဘတွေရဲ့ စီစဉ်မှုနဲ့ စင်္ကာပူကို နှစ်အနည်းငယ်ကြာ သွားရောက် အလုပ် လုပ်ခဲ့ပါတယ်။ မိခင်ဖြစ်သူ က...