Skip to main content

Posts

Showing posts from November, 2021

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ...

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ... : ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိသည်။ သတင်းအချက်အလက်များအရ(၁၉.၁၁.၂၀၂၁) ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် - ၈၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ - ၃၅ ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက တိုင်းဒေသကြီးများတွင် ဖြစ်ပွားပေါ်ပေါက်လျက်ရှိသည်။ မှတ်ချက်။ ။မြေပြင်တွင် ယခုတွေ့ရသည့် သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွားနိုင်ပါသည်။ ။ Attachments:

အင်တာဗျူးကဏ္ဍ

အင်တာဗျူးကဏ္ဍ : အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၆) လပြည့်ကာလအတွင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအကြောင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်၏ PVTV အင်တာဗျုးတွင် ဖြေကြားချက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ https://fb.watch/9oGo8PYIJv/

လုပ်ကြံစာရင်းထဲမှာ ကျနော်၊ ကျမ ပါတယ်ဆိုပြီး ပြောနေတဲ့သူတွေ ဘာအထောက်အထားရှိလဲ? - DVB Interview

လုပ်ကြံစာရင်းထဲမှာ ကျနော်၊ ကျမ ပါတယ်ဆိုပြီး ပြောနေတဲ့သူတွေ ဘာအထောက်အထားရှိလဲ? - DVB Interview : "အဲဒီသံတမန်တွေကို စာတွေ ပို့နေတဲ့လူတွေကို ကျနော်တို့သိပါတယ်။လက်ထဲမှာ ရှိတယ် ငြင်းလို့မရဘူး။ ကျနော်ဖတ်ကြည့်တယ်၊သုံးမျက်နှာလောက်ရှိတယ်။ အခြေအမြစ် မရှိသလို လုံး၀ NUG ရဲ့ ပုံရိပ်ကို ကျအောင်၊ပျက်စီးအောင် ကြိုးစားနေတဲ့ ဟာပဲ ဖြစ်တယ်လို့ ကျနော်ထင်တယ်။ ဘာကြောင့် လဲဆိုတော့ အထောက်အထားမှ မရှိတာ။ အဲဒီအထဲမှာ သူ့ကို သတ်ပါ၊ ဟိုသူ့ ကိုသတ်ပါ လို့ရေးထားတဲ့ စာရင်းရှိတယ်ပြောတယ်။ အဲဒါဆို စာရင်းရှိရင်သက်သေပြပါ။ အဲဒီစာရင်းက NUG က ဘယ်သူ့ဆီက ထွက်လာသလဲ သက်သေပြပါ။ ဒါပေမယ့် သက်သေမရှိဘူး။ ပြောချင်တာကဒါတွေအားလုံးဟာ အကြမ်းဖက် စစ်ကောင်စီရဲ့လက်ချက်တွေဖြစ်တယ်။ဒါ PDF လည်းမဟုတ်ဘူး။ ဒါပေမယ့် PDF နာမည်ကိုသုံးပြီးတော့ အကြမ်းဖက်ခြင်းကိုလုပ်နေတာတွေလည်းအများကြီးရှိတယ်။တွေ့လည်းတွေ့နေရတယ်၊ဆိုတော့ လုပ်ကြံခံရတော့မှာ ဒီစာရင်းထဲမှာ ကျနော်၊ ကျမ ပါတယ်ဆိုပြီးပြောနေတဲ့ သူတွေ သူတို့မှာ ဘာအထောက်အထားရှိသလဲ။ အထောက်အထားမရှိဘူး။ ဥပမာ ရွေးကောက်ပွဲ မသမာမှု ရှိပါတယ်ဆိုပြီး အထောက်အထားမရှိဘဲနဲ့ အာဏာသိမ်းသလို မျိုးပဲ အခုက သူတို့က အထောက်အ

Photos from Ministry of Communications, Information and Technology - Myanmar's post

Photos from Ministry of Communications, Information and Technology - Myanmar's post : ကာကွယ်ရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ဝေသော နေ့စဉ်စစ်ရေးအကျဉ်းချုပ် မှတ်ချက်။ ။ မြေပြင်သတင်းတာဝန်ခံများနှင့်သတင်းဌာနများမှ ဖော်ပြလာသော အချက်အလက်များအပေါ် အခြေခံပြုစုထားသည်။ Attachments:

COVID-19 ရောဂါ ကာကွယ်နိုင်ရန် Mask ကိုစနစ်တကျတပ်ပါ ကျန်းမာရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေး အစိုးရ "ပြည်သူအများ ပိုမိုသိရှိလိ...

COVID-19 ရောဂါ ကာကွယ်နိုင်ရန် Mask ကိုစနစ်တကျတပ်ပါ ကျန်းမာရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေး အစိုးရ "ပြည်သူအများ ပိုမိုသိရှိလိ... : COVID-19 ရောဂါ ကာကွယ်နိုင်ရန် Mask ကိုစနစ်တကျတပ်ပါ ကျန်းမာရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေး အစိုးရ "ပြည်သူအများ ပိုမိုသိရှိလိုက်နာနိုင်ရန် ဤသတင်းစကားကို အချင်းချင်း လက်ဆင့်ကမ်း ဖြန့်ဝေပေးကြပါ" COVID-19 အကြောင်း ကျန်းမာရေးပညာပေးများကို တစ်စုတည်းကြည့်ရှုရန်- https://moh.nugmyanmar.org/coronavirus/ Poster download လုပ်ရန် link https://www.mediafire.com/view/ru89iir2z9fyvyh/covid_mask.jpg/file #nugmoh #mask #COVID19 Attachments:

ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်သွားပါ။ တခြားလူတွေရဲ့ စိတ်နေသဘောထား၊ အပြုအမူ၊ အပြောအဆို၊ ရပ်တည်ချက်များကို ကိုယ်က ထိန်းချုပ်လို့မရနိုင...

ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်သွားပါ။ တခြားလူတွေရဲ့ စိတ်နေသဘောထား၊ အပြုအမူ၊ အပြောအဆို၊ ရပ်တည်ချက်များကို ကိုယ်က ထိန်းချုပ်လို့မရနိုင... : ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ်သွားပါ။ တခြားလူတွေရဲ့ စိတ်နေသဘောထား၊ အပြုအမူ၊ အပြောအဆို၊ ရပ်တည်ချက်များကို ကိုယ်က ထိန်းချုပ်လို့မရနိုင်ဘူး။ ကျနော်တို့ ထိန်းချုပ်လို့ရတာ ကျနော်တို့ရဲ့ စိတ်နေသဘောထားကိုပါ။ သူများက ဒီလိုပြောတယ်၊ သူတို့ကဒီလိုတွေလုပ်နေပြီ၊ ငါတို့လဲ ဒီလို လုပ်ကြမယ်ဆိုပြီး သူများနောက်မလိုက်ပါနဲ့။ ကိုယ်က ဘယ်လို ရပ်တည်ချက်နဲ့ သွားမယ်၊ အာဏာရှင်ကို ဘယ်လိုဆန့်ကျင်မယ်၊ တော်လှန်ရေးအောင်မြင်အောင် ဘယ်ထောင့်က ကူညီနိုင်မယ် ဆိုတာပဲ တွေးပါ၊ လုပ်ပါ။ မနေ့ကပဲ NUCC ကြေငြာပြီ၊ ဒီလ ၂၂ ရက်နေ့ ငွေတိုက်စာချုပ်ထုတ်ရောင်းတော့မယ်၊ NUG/CRPH/NUCC ဟာ စကစ ရဲ့အစီအစဥ်နောက်မလိုက်ဘူး၊ ကိုယ့် အစီအစဥ်အတိုင်း တစိုက်မတ်မတ်သွားနေပြီ။ ​ဒီတော်လှန်ရေးဟာ မြန်မာပြည်သူတွေက ကမ္ဘာကို သင်ခန်းစာ အသစ်ပေးမဲ့ တော်လှန်ရေးပါ။ ကျနော်တို့ ကိုးကားစရာ တခြားမရှိသေးဘူး၊ ကျနော်တို့ရဲ့ လုပ်နည်းလုပ်ဟန်တွေကိုသာ တခြား အာဏာရှင်နိုင်ငံက ပြည်သူတွေ အတုယူပါလိမ့်မယ်။