Skip to main content

Posts

Showing posts with the label Min Ko Naing

Min Ko Naing

မင်းကိုနိုင် ထောင်ထဲမှာ နေသည်။ ဒီမှာနေ၊ ဒီမှာအိပ်၊ ဒီမှာထိုင်၊ ဒီမှာလမ်းလျှောက်၊ ဒီမှာသောက်၊ ဒီမှာစား၊ ဒီမှာ ပါ၊ ဒီမှာ ပေါက်။ တိုက်ပြောင်း ထောင်ပြောင်းလာခေါ်လျှင် လိုက်သွားရပြန်သည်။ လူဆိုတာ ကိုယ့်ခန္ဓာကိုယ်နှင့် သူများစိတ်နှင့် နေရတာလောက် ဆင်းရဲတာ မရှိ။ သူများစိတ်ဆိုသည်မှာလည်း သူတော်ကောင်းတို့၏ စိတ်နှင့်နေရသည်မဟုတ်၊ ကိုယ့်ကို နည်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်လိုသူတို့၏ စိတ်နှင့် နေရခြင်းဖြစ်သည်။ ကိုမင်းကိုနိုင်အကြောင်းကို အထူးပြောပြနေစရာ မလိုပါ။ ပြောပြချင်နေသည်က ရုပ်သဏ္ဌာန်အရသာ လူလို့ ခေါ်ပြီး၊ လူတယောက်၏ အဆင့်အတန်းမျိုးနှင့် လုံးဝ မနေရသည့် နေရာမျိုးတွင် မကြောက်မရွံ့ နေရဲသည့်အကြောင်း ဖြစ်သည်။ ကိုမင်းကိုနိုင်သည် ၁၉၈၉ ခုနှစ် မတ်လ(၂၃)ရက်နေ့မှ ၂၀၀၄ ခုနှစ် နိုဝင်ဘာလ(၁၉)ရက်နေ့အထိ ပထမအကြိမ် ထောင်ထဲမှာ (၁၆)နှစ်နီးပါး၊ ၂၀၀၆ ခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့မှ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ(၁၁)ရက်နေ့အထိ (၄)လနီးပါး၊ ၂၀၀၇ သြဂုတ်လ(၁၉)ရက်နေ့ကနေ ဒီနေ့အထိ ထောင်ဒဏ်(၆၅)နှစ်ခွဲ ကျခံပြီး ထောင်ထဲမှာ နေ နေသည်။ ကိုမင်းကိုနိုင်သည် ကျင့်ထုံး ၄၀၁ ကို လက်မှတ်ထိုးပြီး ထွက်ချင်လျှင် ထောင်ကနေ ထွက်လို့ရသည်။ အမှန်တော့ ၄၀၁ ထိုးထွက်ရသည်က...