၈၈၊ ရွှေဝါရောင်နဲ့ ကျောင်းသားသမဂ္ဂတပ်ပေါင်းစုံက အကြမ်းမဖက် ဆန္ဒပြကန့်ကွက်မည် (မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၂၁ မနေ့က တာမွေမှာ စစ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့ ဆန္ဒပြလှုပ်ရှားမှု ဖြစ်ပွားခဲ့ပါတယ်။ ယနေ့မှာလည်း ရန်ကုန်မြို့ အနှံ့အပြားမှာ အကြမ်းမဖက်တဲ့နည်းနဲ့ စစ်အာဏာရှင်တွေကို ဆန္ဒပြကန့်ကွက်ကြမယ်လို့ သိရပါတယ်။ ၈၈ မျိုးဆက်တွေ ရွှေဝါရောင်နဲ့ ကျောင်သားသမဂ္ဂတပ်ပေါင်းစုံ ချိတ်ဆက်ပြီး လှုပ်ရှားကြမယ် လို့ ဆိုပါတယ်။ ပြည့်သူအားနဲ့ ဝန်းရံဆန့်ကျင်ကာ စစ်အာဏာရှင်ကို ချေမှုန်းကြပါစို့လို့ လှုပ်ရှားသူတဦးက ပြောကြားလိုက်ပါတယ်။
Unsung Heroes and Burmese People of Burma Democracy Uprising - content maintained by MoeMaKa Team