Skip to main content

Posts

Showing posts with the label Myint Aye

U Myint Aye

ဦးမြင့်အေးကို လွှတ် မောင်ထွေး ဇန်န၀ါရီ ၁၄၊ ၂ဝ၁၂ ဓာတ်ပုံ - ရိုးမ ၃ ဦးမြင့်အေးဟာ အကြမ်းဖက်သမား တဲ့။ ဘယ်သူတွေက ပြောတာလဲ။ လူတွေကို မြို့ပေါ်မှာ ပစ်သတ်တဲ့၊ တောဘက် နယ်ဘက်မှာ ထင်ရာစိုင်းနေတဲ့၊ လူတွေကို ဖမ်းပြီး လုပ်ချင်ရာလုပ်နေတဲ့ သူတွေက ပြောတာပါ။ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း NLD မှာ အမာခံ၊ အမိုက်ခံ လုပ်ကိုင်ခဲ့သူတွေထဲမှာ ဦးမြင့်အေးလည်း ထိပ်တန်းက ပါတယ်။ လူ့အခွင့်အရေး မြင့်တင်ရေးကွန်ရက်ကို အနယ်နယ်မှာ လုပ်ကြတော့ ကြံ့ခိုင်ရေးအဖွဲ့ (အခုတော့ ပါတီ) လူမိုက်တွေရဲ့ တုတ်ချက်နဲ့ အကြီးအကျယ် ဒဏ်ရာရသူတွေထဲမှာလည်း ဦးမြင့်အေး ပါပါတယ်။ အာဏာပိုင်တွေရဲ့ သတ္တိက ဒီမှာတင် ရပ်မသွားပါ။ စစ်ကြောရေးစခန်းမှာ နှိပ်စက်ခံထားရတဲ့သူ့ပုံကို သတင်းစာ၊ ရုပ်သံတို့မှာ ထုတ်ပြပါသေးတယ်။ ဦးမြင့်အေးဟာ ဗုံးဖောက်ခွဲတဲ့ အကြမ်းဖက်သမားပါ ဆိုပဲ။ မြန်မာပြည်က နိုင်ငံရေးလုပ်သူတွေကိုရော မလုပ်သူတွေကိုပါ လက်ကုန် နှိပ်ကွပ်ရာမှာ ထင်ရှားခဲ့တဲ့ စစ်ထောက်လှမ်းရေး ခေါင်းဆောင်ကြီး ဦးခင်ညွန့် ဇန်န၀ါရီ ၁၃ မှာ လွတ်လာပါပြီ။ အကြမ်းဖက်ခံရသူ ဦးမြင့်အေးကတော့ မလွတ်သေးပါ။ ဒီမိုကရေစီသံကောင်းဟစ်ချင်ရင်လည်း ဟစ်ပါ၊ ဦးမြင့်အေး ဆက်ပြီး အထိန်းသိမ်းခံနေရတာတော့ သဘာဝ မက...