Skip to main content

Posts

Showing posts with the label Burmese Military

မန္တလေးခရိုင်မှာ သံပုံးတီးလို့ တစ်ရက်ထဲ ဖမ်းခံရသူ ၃၀ ကျော်ရှိ

မန္တလေးခရိုင်မှာ သံပုံးတီးလို့ တစ်ရက်ထဲ ဖမ်းခံရသူ ၃၀ ကျော်ရှိ ~~~~ ■ နေအိမ်တွေကနေ သံပုံးတီးခဲ့လို့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က အမျိုးသား၊ အမျိုးသမီး ၂၀ကျော် ဖေဖော်ဝါရီလ ၄ ရက်နေ့ မနေ့ညက ဖမ်းဆီးခံခဲ့ရပြီး ဒီနေ့မနက် ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးနေပါတယ်။ "ကွမ်းယာရောင်းရင်း ထိုင်ပြီး သံပုံးတီးနေတာကို ဆွဲခေါ်ဖမ်းသွားတာပါ။ ဖမ်းခံရသူတွေက အခြေခံလူတန်းစားတွေကြီးပဲမို့ ဒီကနေ့ ဆိုင်တောက်မထွက်ရပါဘူး။ ဒီလို မတီးရဘူးလို့လည်း ရပ်ကွပ်အုပ်ချုပ်ရေးရုံးက အသိပေးထားတာ မရှိပါဘူး" လို့ အမျိုးသားဖြစ်သူ ဖမ်းခံရလို့ တရားရုံးကို လာရောက်နေတဲ့ မကြူကြူသင်း က ပြောပါတယ်။ သံပုံးတီးခဲ့တာကြောင့် မန္တလေးခရိုင်အတွင်း လူ ၃၀ ကျော် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

မြန်မာရှိ ဘီယာအကျိုးတူလုပ်ငန်း ဂျပန်ကုမ္ပဏီ Kirin ရပ်ဆိုင်းမည် - Japan stopped joint business with Regime

မြန်မာရှိ ဘီယာအကျိုးတူလုပ်ငန်း ဂျပန်ကုမ္ပဏီ Kirin ရပ်ဆိုင်းမည် တိုကျို၊ ဖေဖော်ဝါရီ ၅ ဂျပန်နိုင်ငံ၏ Kirin Holdings က မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ အကျိုးတူပူးပေါင်းမှုနှစ်ခုကို ရပ်ဆိုင်းသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး ယခုတစ်ပတ်အစောပိုင်းကဖြစ်ပွားခဲ့သည့် တပ်မတော်အာဏာသိမ်းမှုကို လူသိရှင်ကြားပြောဆိုဝေဖန်ခဲ့သည့် ပထမဆုံးဂျပန်ကုမ္ပဏီဖြစ်လာခဲ့ကြောင်း Nikkei Asia သတင်းဌာနတွင် ဖော်ပြသည်။ “တပ်မတော်ရဲ့လုပ်ဆောင်ချက်တွေဟာ ကျွန်ုပ်တို့ရဲ့ စံနှုန်းတွေနဲ့ လူ့အခွင့်အရေးမူဝါဒတွေနဲ့ ဆန့်ကျင်နေပါတယ်” ဟု အဆိုပါ အဖျော်ယမကာကုမ္ပဏီက ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါဂျပန်ကုမ္ပဏီသည် မြန်မာဘီယာနှင့် မန္တလေးဘီယာတို့တွင် ရှယ်ယာအများစု ပိုင်ဆိုင်ထားပြီး မြန်မာ့တပ်မတော်အတွက် လူမှုရေးရန်ပုံငွေရှာပေးနေသည့် အဖွဲ့အစည်းဖြစ်သည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် Kirin တို့ ပူးတွဲပိုင်ဆိုင်ခြင်းဖြစ်သည်။ “ကျွန်ုပ်တို့မှာ ရွေးချယ်စရာ မရှိပါဘူး။ ဒါပေမဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ လက်ရှိ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုကို ရပ်ဆိုင်းသွားမှာပါ။ ဒီရပ်ဆိုင်းမှု ထိရောက်အောင် အရေးကြီးလိုအပ်တဲ့ အဆင့်တွေကို လု...

Burmese Military instruction to oppress protest