Skip to main content

Posts

Showing posts with the label - by Thar Gyi

Than Than Htay in prison

မသန်းသန်းဌေး (Freed 12th October 2011) သားကြီး (AAPP) သြဂုတ် ၂၄၊ ၂၀၁၁ ၈၈ ကို ဖြတ်သန်းခဲ့ကြတဲ့ ရဲဘော်ရဲဘက်တို့ကြားမှာ အကြည့်ဌေး လို့ ခေါ်ခံရသူဖြစ်တဲ့ မသန်းသန်းဌေးဟာ ၁၉၈၈ မှာ ဒုတိယနှစ် ဓာတုဗေဒ အဓိက ဘာသာရပ်နဲ့ ကျောင်းတက်နေရင်း ၁၉၈၈ မတ်လ ရန်ကုန်တက္ကသိုလ် တွင်း ဆန္ဒပြပွဲများမှ စလို့ ကျောင်းသားလှုပ်ရှားမှုများ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများအတွင်း ပါဝင်လာခဲ့သူဖြစ်ပါတယ်။ အကြည့်ဌေးဟာ ဗကသ အဖွဲ့ဝင်။ လူ့ဘောင်သစ် အဖွဲ့ဝင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် အဖြစ် ကျောင်းသားလှုပ်ရှားမှုများ၊ ကျောင်းသားဆန္ဒပြပွဲများ နဲ့ မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ စိတ်ရောကိုယ်ပါ တက်ကြွစွာအားပေး ပါဝင်ခဲ့သူပါ။

Win Maw (Shwe Than Zin)

ကျောက်ဖြူထောင်ထဲက ဂီတသမား ကိုဝင်းမော် ၁၉၈၈ မတိုင်ခင်က “Computer Control” အမည်ရှိ တီးဝိုင်းမှာ လိဒ် ဂစ်တာသမား တစ်ယောက် အဖြစ် ရှိနေခဲ့တဲ့သူ။ “ရွှေသံစဉ်” ဂစ်တာဝိုင်းကို ဦးဆောင်ခဲ့သူ။ ၈၈ အရေးတော်ပုံကြီးထဲမှာ အနုပညာသည်အုပ်စုတွေနဲ့ ပါဝင်ခဲ့သူပါ။ ၁၉၉၆ ခုနှစ် နိုဝင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည် ကို အားပေး ထောက်ခံတဲ့ သီချင်းတွေ ဆိုတဲ့အတွက် ပုဒ်မ ၅(ည) နဲ့ ထောင်၇ နှစ် ချခံရပါတယ်။ တောင်ငူထောင် နေထိုင်ရစဉ် ဘ၀တူ ရဲဘော်များရဲ့ အချစ်ခင်ရဆုံး ပုဂ္ဂိုလ်တယောက်လည်း ဖြစ်ခဲ့ပါတယ်။ စိတ်ရှည်တယ်၊ သည်းခံတတ်တယ်၊ ညှာတာတယ်၊ ရပ်တည်ချက်ရှိတယ် ဆိုတာ ကိုဝင်းမော်ရဲ့ အရည်အချင်းတွေပါပဲ။ ရသမျှ သစ်တို သစ်စလေးတွေနဲ့ ဂစ်တာတလက် ဖြစ်အောင် ဖန်တီးပြီး နိုင်ငံရေး အကျဉ်းသား ညီငယ်တွေကို ဂစ်တာတီး သင်ပေးရင်း ကိုယ်ပိုင် သီချင်းလေးတွေကို ရေးဖွဲ့ခဲ့ပါသေးတယ်။ ထောင်တွင်း ရှာဖွေရေး လာချိန်မှာတော့ ဂစ်တာလေးကို တစစီ ဖြုတ်ရ၊ ဖွက်ရ၊ ပြီးမှ ပြန်ဆင်ရတာပေါ့လေ။ ၂၀၀၂ နိုဝင်ဘာမှာ ထောင်က လွတ်ပါတယ်။ မိသားစုဘ၀ကို ကြိုးစား တည်ဆောက်ရင်း “အလင်္ကာ” ဆိုတဲ့ ဂစ်တာဝိုင်းတခု ပြန်ပြီး ထူထောင်ခဲ့ပါတယ်။ ဖခင်ကြီး၊ ဇနီး၊ သားသမီး ၄ ယောက်ကို တာဝန်ယူ ဦးဆောင်နေသူ ဖြစ်ပေမယ့်လ...

Phyo Phyo Aung

Hip Hop ကြိုက်တဲ့၊ မောင်လမြိုင်ထောင် ရောက်နေတဲ့ မဖြိုးဖြိုးအောင် (FREED - 12th October 2011) သားကြီး(AAPP) ဇွန် ၂၅၊ ၂၀၁၁ ၂၀၀၇ ခုနှစ် ဗကသ ပြန်ဖွဲ့ရာမှာ ခေါင်းဆောင်တဦး၊ အဖွဲ့ဝင်တဦး အနေနဲ့ ပါဝင်သူ မဖြိုးဖြိုးအောင်(ခေါ်) မနှင်းပွင့်ဝေဟာ အဲဒီအချိန်က နည်းပညာ တက္ကသိုလ် မြို့ပြအင်ဂျင်နီယာ ကျောင်းသူပါ။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလ ဗကသ လှုပ်ရှားမှုတွေကြောင့် အာဏာပိုင်များ လိုက်လံဖမ်းဆီးလို့ မဖြိုးဖြိုးအောင် တိမ်းရှောင်ရပါတယ်။ ၂၀၀၈ နာဂစ်ဒေသကို ကူညီဖို့ ပုန်းနေရာက ထွက်ပြီး သူငယ်ချင်းများနဲ့အတူ ဖခင်ဖြစ်သူရဲ့ဦးဆောင်မှုနဲ့ အစားအစာ ဝေငှခြင်း၊ တလကျော်ကြာ ဥပက္ခောပြုခံထားရတဲ့ ရုပ်အလောင်းများ ရှင်းလင်း မြှုပ်နှံခြင်းတွေ လုပ်ခဲ့ပါတယ်။ ဧရာဝတီတိုင်း အပြန်လမ်းမှာ သူတို့ အားလုံး အဖမ်းခံရပြီး မဖြိုးဖြိုးအောင် ထောင် ၄ နှစ် ကျပါတယ်။ မော်လမြိုင်ထောင် ရောက်ပါတယ်။ ဖခင်က ဖားအံထောင် ရောက်ပါတယ်။ မိသားစုက ၂ နေရာ ခွဲပြီး ထောင်ဝင်စာ တွေ့ရတာပါ။ ဖခင်ဖြစ်သူက မကြာခဏ ထိန်းသိမ်းခံရသူပါ။ ၁၉၈၉ မှာ ဒေါက်တာနေ၀င်း ထောင် ၁၅ နှစ် ချခံရချိန်မှာ မဖြိုးဖြိုးအောင်ဟာ တနှစ်သမီးပဲ ရှိပါသေးတယ်။ မိခင်ရဲ့ သွန်သင်မှု၊ ဖခင်ရဲ့ ထောင်ဝင်စာ ...

Honney Oo

မဟန်နီဦး ဇွန် ၅၊ ၂၀၁၁ ဒဂုံတက္ကသိုလ် ဥပဒေ နောက်ဆုံးနှစ် ကျောင်းသူတဦး ဖြစ်ပြီး ၂၀၀၇ သြဂုတ်လ (၂၈) ရက်နေ့မှာ ပြန်လည် ဖွဲ့စည်းခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်များထဲက တယောက် ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဦးထွန်းဦး ဟာလည်း ထောင် ၂ ကြိမ်ကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ရှေ့နေ တဦးလည်း ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ မဟန်နီဦးက သူ အင်္ဂလိပ်စာသင်တန်းတက်နေတဲ့ အမေရိကန်စင်တာရဲ့ စာကြည့်တိုက် အဖွဲ့ဝင် တဦး ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ နိုင်ငံရေး နဲ့ ဒီမိုကရေစီအကြောင်း စာအုပ်တွေ ဖတ်ရှု လေ့လာကြ အပြန်အလှန် ဆွေးနွေး ဖလှယ်ကြ၊ ၈၈ မျိုးဆက် ကျောင်းသားများနဲ့ တွေ့ဆုံ ဆွေးနွေး စကားပြောကြရင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး အခြေအနေတွေကို ပိုမို သိမြင်လာခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာ သံဃလှုပ်ရှားမှုများ အတွင်းမှာ ဗကသများ အဖွဲ့ချုပ်ဟာ ပြည်သူ့ရှေ့က မားမားရပ်လို့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တောင်းဆို လှုပ်ရှားခဲ့ပြီးနောက် အာဏာပိုင်တွေရဲ့ လိုက်လံ ဖမ်းဆီးမှုတို့ကြောင့် ဗကသ ခေါင်းဆောင်များ တိမ်းရှောင်နေခဲ့ရပါတယ်။ မဟန်နီဦး၊ ကိုကျော်ကိုကို၊ ကိုစည်သူမောင်တို့ ရှောင်ပုန်းနေတဲ့အိမ်ကို ၂၀၀၇ ခုနှ...

Aye Thida, a Burmese journalist in prison

ထောင် ၁၈ နှစ် ကျနေတဲ့ သတင်းသမား မအေးသီတာ (FREED 12th OCTOBER 2011) အင်တာနက်ဂျာနယ်၊ 7Day News ဂျာနယ် တို့မှာ လုပ်ကိုင်ခဲ့တဲ့ မအေးသီတာဟာ ဒဂုံတက္ကသိုလ်က ဘောဂဗေဒဘွဲ့ ရထားသူ ဖြစ်ပါတယ်။ ငှက်ပျောသီးဇော်ဝင်းလို့ လူသိများတဲ့ ပန်းချီဆရာ ဦးဇော်ဝင်းရဲ့ သမီးပါ။ ၂၀၀၅ ခုနှစ် ၈၈ မျိုးဆက်ကျောင်းသားများရဲ့ လှုပ်ရှားမှုတွေမှာ လွပ်လပ်မှု၊ ငြိမ်းချမ်းမှု တို့ကို လိုလားသူတဦး အနေနဲ့ ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာ သံဃာ အရေးအခင်းအပြီး အောက်တိုဘာ ၁၄ ရက်နေ့မှာ စစ်ထောက်လှမ်းရေး အဖွဲ့များက သူ့ကို နေအိမ်မှာ သွားဖမ်းကြပါတယ်။ စစ်ကြောရေးစခန်း၊ အင်းစိန်ထောင်တို့မှာ ချုပ်ထားပြီး ဒီဇင်ဘာမှာ ဆက်သွယ်ရေး အက် ဥပဒေ ပုဒ်မ ၃၃(က)နဲ့ ၇ နှစ် ချလိုက်ပါတယ်။ ၂၀၀၈ နိုဝင်ဘာမှာတော့ အမျိုးသား ညီလာခံ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၅(၉၆)၊ အစိုးရကို အကြည်ညို ပျက်စေသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)၊ အသင်း အဖွဲ့ ဆိုင်ရာ ဥပဒေ ပုဒ်မ(၆) တို့နဲ့ ၁၁ နှစ် ထပ်ချပြန်တယ်။ ရန်ကုန်နဲ့ မိုင်၁၀၀ ကျော်ဝေးတဲ့ ဟင်္သာတထောင်ကို ရက်ပိုင်းအတွင်း ပြောင်းလိုက်ပါတယ်။ မိသားစုက ဒီသတင်း မရလိုက်တဲ့ အတွက် လိုအပ်တဲ့ ဆေးဝါး၊ အ၀တ်အစား၊ စောင်၊ စားစရာ တို့ကို ထည့်မပေးနိုင်ခဲ့...

Mya Aye

ကိုမြအေး သားကြီး(AAPP) မတ် ၁၄၊ ၂၀၁၁ စ ဆုံဖူးတာက ရန်ကုန်တက္ကသိုလ်မှာ စတည်တဲ့ ဘွဲ့ရကျောင်းသားဟောင်းများ သမဂ္ဂမှာ၊ ၈၈ အရေးတော်ပုံကြီးထဲမှာ သူက တက်တက်ကြွကြွ။ နောက်တော့ မောင်ထော်လေးလမ်းထဲက ဂေါ်ဇဒါ (GOSDA) လို့ အလွယ် ခေါ်ကြတဲ့ ဘွဲ့ရ ကျောင်းသားဟောင်းများ အဖွဲ့။ အဲဒီတုန်းက ကျောင်းသားတွေ ဆုံရပ်မှာပေါ့- နောက်ပိုင်း စုစုဝေးဝေး ပြန်ဆုံကြတော့ ၁၉၉၀ ဧပြီ အင်းစိန်ထောင် ၅ ဆောင်မှာ။ သူက မြောက်ပိုင်း ABSDFနဲ့ ဆက်သွယ်မှု အပါအ၀င် စာအုပ်စိမ်း လို့ ခေါ်တဲ့ အုပ်စုနဲ့ အတူ ပုဒ်မ ၅ည။ ၁၇/၁ နဲ့ ထောင် ၈ နှစ် ကျနေချိန်။ ၁၉၉၀ မေဒေးနေ့မှာ အကျဉ်းသား အခွင့်အရေး တောင်းဆိုကြတော့ ထောင်စည်းကမ်း ဖောက်ဖျက်တယ် ဆိုပြီး ဦးဆောင်သူ ကိုမြအေးကို ထောင်အထူးအရာရှိ ဦးဘိုကြည်က စီးထားတဲ့ သားရေဖိနပ်နဲ့ ပါးရိုက်ပြီး အပြစ်ဒဏ် ပေးခဲ့တယ်။ နောက် အားလုံးကို လူစုခွဲ။ ထောင်ဝင်စာတွေ ပိတ်တဲ့သူပိတ်။ ဒီနောက် အသီးသီး ထောင်တွေပြောင်းခဲ့ကြ။ ဝေးခဲ့ကြ။ သူလွတ်၊ ကိုယ်ပြန်ဝင်။ ထောင်သံသရာထဲမှာ ဖြတ်သွား ဖြတ်လာ။ သူက တောင်ငူထောင်က လွတ်ပြီး မိသားစု စီးပွားရေး၊ မိသားစုဘ၀ကို တည်ဆောက်နေရင်း ၈၈ အုပ်စုတွေနဲ့ မစိမ်း။ နိုင်ငံရေးလောကနဲ့ မပြတ်။ လူမှုရေးပွဲတွေ ...

Zaw Ye Win

တောင်ငူထောင်ထဲက ဇော်ရဲဝင်း   (Freed on 12th October 2011)   သားကြီး (AAPP) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၁ ၁၉၈၈ ကျောင်းသားလှုပ်ရှားမှုတွေ စဖြစ်တော့ သူက ဒုတိယနှစ် ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား။ မဆလ တပါတီ အာဏာရှင်တွေရဲ့ ရက်စက် လိမ်ညာ ကောက်ကျစ်မှုတွေကို ကျောင်းမှာ ကိုယ်တိုင် မြင်ခဲ့ရပြီး ကျောင်းသားလှုပ်ရှားမှုတွေထဲ ရောက်လာသူပါ။ စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂထဲ ပါဝင်ခဲ့ပြီး ကျောင်းသားတွေရဲ့အရေး၊ မိဘပြည်သူတွေ အရေး၊ မြန်မာပြည် ဒီမိုကရေစီ အရေးကို တက်ကြွစွာ ဆောင်ရွက်ခဲ့သူပါ။ ၁၉၉၀ မတ်လမှာတော့ ကျောင်းသား ကိုဖုန်းမော်ကျဆုံးခြင်း ၂ နှစ်ပြည့် အခမ်းအနား ကျင်းပနိုင်ဘို့ စီစဉ်နေရင်း အဖမ်းအဆီး ခံရကာ စစ်ခုံရုံးက ထောင်ဒဏ် ၃ နှစ် ပေးတာ ခံခဲ့ရပါတယ်။ ၁၉၉၂ နှစ်ကုန်ပိုင်းမှာ သာယာဝတီ ထောင်က ပြန်လွတ်လာတယ်။ ထောင်ထဲမှာ ကျန်နေတဲ့ ရဲဘော်တွေကို ကူညီနိုင်ဘို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ အတူတူ ဈေးရောင်းပွဲလေးတွေ လုပ်ပြီး ရံပုံငွေ ရှာကြတော့လဲ တက်တက်ကြွကြွ လုပ်ကိုင်ပါဝင်ခဲ့ပါတယ်။ အဲသည့်နောက် ကျောင်းပြန်မတက်နိုင်တော့ဘဲ မိဘတွေရဲ့ စီစဉ်မှုနဲ့ စင်္ကာပူကို နှစ်အနည်းငယ်ကြာ သွားရောက် အလုပ် လုပ်ခဲ့ပါတယ်။ မိခင်ဖြစ်သူ က...

Nyi Nyi Oo

ကိုညီညီဦး ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ပါဝင် လှုပ်ရှားခဲ့ပြီး၊ NLD ဖွဲ့စည်းစမှာ သံလျင်မြို့နယ် လူငယ် အဖွဲ့ဝင်တယောက် ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက သံလျင်ရေနံချက်စက်ရုံ ဗုံးကွဲတယ်။ န၀တ စစ်ထောက်လှမ်းရေးတွေက NLD ကို ပုံစံ အမျိုးမျိုးနဲ့ အပြစ်ရှာနေချိန်မို့ ဗုံးဖောက်ခွဲသူတွေဟာ ကိုညီညီဦး တို့ ဖြစ်တယ် ဆိုပြီး ဖမ်းတယ်။ နောက်ပိုင်းမှာ ကိုကိုနိုင် (၁၉၈၈ မြို့တော်ခန်းမ ဗုံးကွဲမှုကြောင့် အဖမ်းခံရသူ) က ရေနံချက်စက်ရုံ ဖောက်ခွဲမှုဟာ သူ့လက်ချက်လို့ ထွက်ဆိုပေမယ့် လူမှားဖမ်းမိတာကို ၀န်ခံရမှာ စိုးတဲ့အတွက် ကိုညီညီဦးတို့ကို ဆက်ပြီး ဖမ်းထားခဲ့တယ်။ ပြီးတော့ စစ်ခုံရုံးကနေ သေဒဏ် အပြစ်ပေးခဲ့တယ်။ အယူခံ ပြင်ဆင်ချက်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပယ်ချခဲ့ပြီး ၁/၉၃ ကြေညာချက်နဲ့ သေဒဏ်ကနေ ထောင် တသက်တကျွန်း ပြောင်းလဲလိုက်တယ်။ မိသားစုနဲ့ဝေးရာ တောင်ငူထောင်ကို ရွှေ့လိုက်တယ်။ စစ်ထောက်လှမ်းရေးတွေကြောင့် မတရား ပြစ်ဒဏ်ချမှတ်ခံခဲ့ ရသူတွေကို ပြန်လွတ်ပေးတယ် ဆိုတဲ့ ၂၀၀၄ ခုနှစ်တုန်းကလည်း ကိုညီညီဦး တို့ မလွတ်မြောက်ခဲ့ပါဘူး။ ၁၉၉၇ လွတ်ငြိမ်းချမ်းသာအမိန့်ကို ထုတ်ပြန်တဲ့အခါ သူတို့ ပြစ်ဒဏ်ဟာ အကျဉ်းသား ရပိုင်ခွင့် ဖြစ်တဲ့ လျှော့ရက် ခ...

Aung Thu

အောင်သူ နာမည် အပြည့်အစုံ ခေါ်မယ်ဆို “တံတားနီအောင်သူ” ၈၈ မတ်လ ရန်ကုန်တက္ကသိုလ်တွင်း ကျောင်းသားဆန္ဒပြပွဲ၊ မတ်လ ၁၆ တံတားနီ ဆန္ဒပြပွဲကို ဦးဆောင်လာသူ။ တံတားနီဖြစ်ရပ်မှန်ကို စာတမ်းရေး ဖြန့်ဝေခဲ့သူ။ ၈၉ မှာ ထောက်လှမ်းရေးက ခဏခဏ ဖမ်းစစ်ဆေး။ နောက်ဆုံးတော့ အင်းစိန်ပို့ကာ ၂ နှစ်လောက် အချုပ်ဘ၀ ထားခဲ့ပြီး ၉၁ မှာ ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရသူ။ အင်းစိန်ထောင်မှာ အဖေ ဦးဘိုးအောင် နဲ့ သား အောင်သူ။ သားအဖ၂ယောက်ရဲ့ အမှတ်တယများက ဘယ်လိုမှ မေ့မရ။ အစဉ်အလာနဲ့ ယုံကြည်ရာ ကြားက ပဋိပက္ခ ပြေငြိမ်းရာ- မိခင်ဖြစ်သူက ခင်ပွန်းနဲ့သားအတွက် တပတ်တခါ ထောင်ဝင်စာလာ၊ ဖွယ်ဖွယ်ရာရာနဲ့။ အခုတော့ ဖခင်ဖြစ်သူက မရှိတော့။ မိခင်ကြီးကလဲ တသက်တာ ထောင်ဝင်စာ ခရီးကြောင့် ကျန်းမာရေး မကောင်း။ အောင်သူက သူငယ်ချင်းတွေကို ခင်သလို ယုံကြည်ချက်ကိုလည်း ဘယ်တော့မှ မပြင်တတ်။ စကားလုံးကောင်းကောင်းနဲ့ သီချင်းတွေ ရေးတတ်သလို အတွေး ကောင်းကောင်းနဲ့လဲ နောက်တတ် ပြောင်တတ်။ ထောင်ကလွတ်လာပြီး မိသားစုဘ၀လေး တည်ဆောက်နေရင်း ၉၆ ဒီဇင်ဘာ ကျောင်းသား လှုပ်ရှားမှုမှာလည်း ပါဝင်ခဲ့၊ အဖမ်းအဆီးတွေကို ရှောင်တိမ်းခဲ့ရသေး။ နောက်ဆုံးတော့ ၈၈ မျိုးဆက် ကျောင်းသားများ၊ သူငယ်ချင်းဟောင်းများနဲ့ ပြန်လက်တ...