Skip to main content

Posts

Showing posts from May, 2021

ပြည်ချစ်ရဲဘော်ဟောင်းတစ်ဦး၏ တော်လှန်ရေးခရီးမှတ်တမ်း - PDP

ပြည်ချစ်ရဲဘော်ဟောင်းတစ်ဦး၏ တော်လှန်ရေးခရီးမှတ်တမ်း Monday, May 25, 2020   မွန်သတင်းအေဂျင်စီ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်   စာရေးသူသည် ၁၇-၂-၁၉၇၀ ခုနှစ်တွင် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်သို့ ဝင်ရောက်ခဲ့ပြီး  ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီအစိုးရအား လက်နက်ကိုင်တော်လှန်ပုန်ကန်တိုက်ခိုက်ခဲ့သည်။ ၎င်းခေတ် စစ်အစိုးရအုပ်ချုပ်မှုများကိုမကြိုက်လို့ လက်နက်ကိုင်တော်လှန်တိုက်ခိုက်ခဲ့တာကလွဲပြီး နိုင်ငံရေးအကြောင်းလုံးဝနားမလည်ခဲ့ပါ။ တော်လှန်ရေးကောင်စီ အစိုးရအား စတင်တော်လှန် တိုက်ခိုက်ခဲ့စဉ်က ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်  PLA သို့မဟုတ် Parliamentary  Democracy Party-PDP ကို ဝန်ကြီးချုပ်ဟောင်း ဦးနုကဦးဆောင်ခဲ့ပြီး ရဲဘော်သုံးကျိပ်ဝင်များဖြစ်တဲ့ ဗိုလ်လက်ျာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးအောင်နှင့် အခြားနိုင်ငံရေး ခေါင်းဆောင်များ ပါဝင်ခဲ့ကြပါသည်။ မိမိတို့ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်ကွပ်ကဲမှု အောက်ခြေရှိတပ်ဖွဲ့ဝင်များသည် မိမိတို့အား ဦးဆောင်နေသည့်နိုင်ငံရေးခေါင်းဆောင်များကို အထင်ကြီးအားကိုးမိကြပါသည်။ မိမိတို့တပ်ဖွဲ့ဝင်များမှာ နိုင်ငံရေးအကြောင်းနားမလည်ကြပါ။ ဗိုလ်ချုပ်နေဝင်းစစ်ကောင်စီအစိုးရကို လက်နက

MoeMaKa Daily - 20th May 2021

MoeMaKa 2021 မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ဟာရှိန်း၊ မြသွေးနှင်းဆီ၊ ဘုန်းနိုင်လင်း ဂါမဏိ - တိုင်းရင်းသား ၁၃၅ မျိုးဂျင်း (အပိုင်း ၁) NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ မိုးမခအင်တာဗျူး မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ခိုင်မျိုး၊ လင်းနွေးအိမ်၊ မင်းငြိမ်းအေး မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ဟာရှိန်း၊ မြသွေးနှင်းဆီ၊ ဘုန်းနိုင်လင်း Posted: 20 May 2021 07:16 PM PDT Image - Crd   မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ မိုးမခ မေ ၂၁၊ ၂၀၂၁ - တော်လှန်ရဲဘော် မြင်ရတဲ့တောင်တန်းကိုရောက်ဖို့ ငါဆင်းပြီးတက်ခဲ့မယ် မြွေလိမ်မြွေကောက် မတ်တပ်တက် မတ်တပ်ဆင်း ကျောက်ကြမ်း ကျောက်တော သစ်ခိုးထုတ်တဲ့သစ်ဆွဲလမ်းတွေမှာ အသက်ကိုမျှော်လင့်ချက်နဲ့သယ်ပိုးကြ ဆာလောင်နေတဲ့မျက်ဝန်းတွေအတွက် တော်လှန်ရေးကိုယုံကြည်ချက်နဲ့ ထုပ်ပိုးကြ ဘဝဟာအိပ်မက်လိုပါလား ကြုံနေရတာတွေဟာ ဇာတ်လမ်းတပုဒ်လိုပါလား ငါ့ညီကဗျာဆရာကပြောတယ် ဒီပွဲမနိုင်ရင် စစ်ထဲဝင်မယ် ကြိုးစားမယ် အောင်မြင်တဲ့တနေ့ ခေါင် ကိုတေ့ဖြုတ်ပစ်လိုက်မယ် ငါကပြန်ပြောပါတယ် မင်းရုပ်ကစစ်သားရုပ်ဘယ်တော့မှထွက်လာမှာမ