Skip to main content

Posts

Showing posts from 2012

လကျာ်ထွန်း ကို လွှတ်ပေးပါ

မောင်လကျာ်ထွန်းနဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပါ မောင်လင်္ကျာထွန်းသည် အသက် (၄၀) နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း သူ၏ဘဝထက်ဝက်ခန့် (နှစ်ပေါင်း၂၀) နီးပါးသည် အကျဉ်းထောင် အတွင်း၌သာ ရှင်သန်ခဲ့ရသူဖြစ်ကြောင်း သိခဲ့ရသည်။  သူသည် ဒုတိယအကြိမ်မြောက် အကျဉ်းထောင်ထဲသို့ ရောက်ရှိခဲ့သည်လည်းဖြစ် သည်။ သူ၏ဘဝသက်တမ်း ထက်ဝက်ခန့်သည် အကျဉ်းထောင်ထဲတွင် အချုပ်အနှောင်ခံဘဝတွင် လူ့အသိုင်းအ၀ိုင်းနှင့်ကင်းကွာနေရ သော်လည်း ဘဝတူအကျဉ်းသားများစွာတို့အား သူတတ်မြောက်ထားသောပညာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ပြင်သစ်စကားတို့အပြင်ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအတွက် အဖိုးမဖြတ်နိုင်သော မိုးကုတ်ဆရာတော်ဘုရားကြီးလမ်းညွှန်ပြသခဲ့သည့် မိုးကုတ်ဝိပဿနာ တရား စခန်းနှင့် ဘုရားကျောင်းဆောင်တို့အားလည်း သာယာဝတီအကျဉ်းထောင်အတွင်းတည်ထားကိုးကွယ်ကာ လမ်းညွှန်ပြသသင်ကြားပေးနေသူတစ်ဦးလည်းဖြစ်ပေသည်ဟု သိရှိခဲ့ရသည်။ (ကျော်သူ၏ လွတ်မြောက်ရေးသို့။ မိုးမခ ဧပြီ ၂၀၁၂ ဆောင်းပါး မှ ကောက်နုတ်ဖော်ပြသည် ) http://pp Moemaka .blogspot.com/  မှာ အခြားအကျဉ်းသားများအကြောင်း ဖတ်ရှု့ပါ

Aye Aung

ဓားစားခံ ကိုအေးအောင် ကိုအေးအောင်ရဲ့ ဓာတ်ပုံကိုပြသနေတဲ့ ဖခင် ဦးသောင်းစိန် (ဓာတ်ပုံ - AFP) ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အွန်လိုင်းမှာ တွေ့ရတာက ထောင်ကျနေသူကိုအေးအောင် ရဲ့ မိဘနှစ်ပါး ဓာတ်ပုံတွေပါ။ သူတို့က သတင်းထောက်ကို ကိုအေးအောင်ရဲ့ ဓာတ်ပုံ ပြသနေတဲ့ ပုံတွေ ဖြစ်ပါတယ်။ ကိုအေးအောင် ဆိုတာ နိုင်ငံရေးသမား လူငယ်လေးတဦးပါ။ အစိုးရက သူ့ကို ထောင်ထဲထည့်ထားတာ ၁၀ နှစ် မကတော့ပါဘူး။ လောလောဆယ်မှာတော့ မြန်မာအစိုးရကို အပြောင်းအလဲတွေ လုပ်တယ် ဆိုပြီး နိုင်ငံတကာက ချီးကျူးနေကြပါတယ်၊ ကိုအေးအောင်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို ချီးကျူးပြောဆိုစရာဆိုလို့ ကိုအေးအောင်ဟာ အသက်ရှင်လျက် ရှိနေသေးတယ် ဆိုတာပါပဲ။ သူနဲ့အတူ ကလေးမြို့အကျဉ်းထောင်ကို အတူရောက်သွားခဲ့တဲ့၊ သူ့လိုပဲ ထောင်ဒဏ် နှစ် ၆၀ ၀န်းကျင် ချမှတ်ခံခဲ့ရတဲ့ ကိုသက်ဝင်းအောင်ကတော့ ထောင်ထဲမှာ သေဆုံးသွားခဲ့ပါပြီ။ ကိုသက်ဝင်းအောင်လို အဖြစ်မျိုး သူ မကြုံရတဲ့အတွက် ကျေးဇူးတင်တယ်လို့ ကြံဖန် ပြောရမလိုပါပဲ။ ကိုအေးအောင်တို့ကို မလွှတ်ပေးသေးတာနဲ့ ပတ်သက်ပြီး ပေးလာတဲ့ ဆင်ခြေက အကြမ်းဖက်လုပ်ငန်းတွေနဲ့ ဆက်စပ်နေလို့ပါ တဲ့။ ထောက်လှမ်းရေးစစ်ကြောချက်၊ တရားရုံးစီရင်ချက်တွေကို ကြည့်ပြီး ပြောတာ

"ခွန်ကောရီယို" ကို လွှတ်ပေး

လွိုင်ကော်မြို့ မှ ကယန်းလူငယ်လေး ခွန်ကောရီယို (Khun Kawrio) ၂၀၀၈ ခုနှစ်တွင် NO Vote ကန်ပိန်းတွင် ပါဝင်ခဲ့သောကြောင့် မြင်းခြံထောင်တွင် ၃၇နှစ်ကျခံနေရတယ်လို့ သိရှိခဲ့ရပါတယ်.. လွတ်ငြိမ်းချမ်းသာခွင့်မှာ သူနှင့်အတူ အမှု့ တွဲလူငယ်၂ဦးလွှတ်မြောက်ခဲ့ပြီး ခွန်ကောရီယိုကျန်ရစ်ခဲ့ပါတယ်.. ခွန်ကော်ရီယိုနှင့်အတူ ကျန်ရှိနေသေးသော လူမသိ သူမသိ ဖမ်းဆီး ချုပ်နှောင်ထားပြီး ထောင်နှစ်ရှည်များချထားသော အညတြရသူရဲကောင်းများ အားလုံးကို မြန်မာနှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့ မှာ လွတ်ပေးပါရန် တောင်းဆိုလိုက်သည်... မစံပါယ်ဖြူ ဧပြီ ၁၆၊ ၂၀၁၂ (လွှတ်ပြီး - ၂၀၁၂ ဇွန်လ)

U Myint Aye

ဦးမြင့်အေးကို လွှတ် မောင်ထွေး ဇန်န၀ါရီ ၁၄၊ ၂ဝ၁၂ ဓာတ်ပုံ - ရိုးမ ၃ ဦးမြင့်အေးဟာ အကြမ်းဖက်သမား တဲ့။ ဘယ်သူတွေက ပြောတာလဲ။ လူတွေကို မြို့ပေါ်မှာ ပစ်သတ်တဲ့၊ တောဘက် နယ်ဘက်မှာ ထင်ရာစိုင်းနေတဲ့၊ လူတွေကို ဖမ်းပြီး လုပ်ချင်ရာလုပ်နေတဲ့ သူတွေက ပြောတာပါ။ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း NLD မှာ အမာခံ၊ အမိုက်ခံ လုပ်ကိုင်ခဲ့သူတွေထဲမှာ ဦးမြင့်အေးလည်း ထိပ်တန်းက ပါတယ်။ လူ့အခွင့်အရေး မြင့်တင်ရေးကွန်ရက်ကို အနယ်နယ်မှာ လုပ်ကြတော့ ကြံ့ခိုင်ရေးအဖွဲ့ (အခုတော့ ပါတီ) လူမိုက်တွေရဲ့ တုတ်ချက်နဲ့ အကြီးအကျယ် ဒဏ်ရာရသူတွေထဲမှာလည်း ဦးမြင့်အေး ပါပါတယ်။ အာဏာပိုင်တွေရဲ့ သတ္တိက ဒီမှာတင် ရပ်မသွားပါ။ စစ်ကြောရေးစခန်းမှာ နှိပ်စက်ခံထားရတဲ့သူ့ပုံကို သတင်းစာ၊ ရုပ်သံတို့မှာ ထုတ်ပြပါသေးတယ်။ ဦးမြင့်အေးဟာ ဗုံးဖောက်ခွဲတဲ့ အကြမ်းဖက်သမားပါ ဆိုပဲ။ မြန်မာပြည်က နိုင်ငံရေးလုပ်သူတွေကိုရော မလုပ်သူတွေကိုပါ လက်ကုန် နှိပ်ကွပ်ရာမှာ ထင်ရှားခဲ့တဲ့ စစ်ထောက်လှမ်းရေး ခေါင်းဆောင်ကြီး ဦးခင်ညွန့် ဇန်န၀ါရီ ၁၃ မှာ လွတ်လာပါပြီ။ အကြမ်းဖက်ခံရသူ ဦးမြင့်အေးကတော့ မလွတ်သေးပါ။ ဒီမိုကရေစီသံကောင်းဟစ်ချင်ရင်လည်း ဟစ်ပါ၊ ဦးမြင့်အေး ဆက်ပြီး အထိန်းသိမ်းခံနေရတာတော့ သဘာဝ မက