Skip to main content

Posts

Showing posts with the label Honney Oo

Honney Oo

မဟန်နီဦး ဇွန် ၅၊ ၂၀၁၁ ဒဂုံတက္ကသိုလ် ဥပဒေ နောက်ဆုံးနှစ် ကျောင်းသူတဦး ဖြစ်ပြီး ၂၀၀၇ သြဂုတ်လ (၂၈) ရက်နေ့မှာ ပြန်လည် ဖွဲ့စည်းခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်များထဲက တယောက် ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဦးထွန်းဦး ဟာလည်း ထောင် ၂ ကြိမ်ကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ရှေ့နေ တဦးလည်း ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ မဟန်နီဦးက သူ အင်္ဂလိပ်စာသင်တန်းတက်နေတဲ့ အမေရိကန်စင်တာရဲ့ စာကြည့်တိုက် အဖွဲ့ဝင် တဦး ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ နိုင်ငံရေး နဲ့ ဒီမိုကရေစီအကြောင်း စာအုပ်တွေ ဖတ်ရှု လေ့လာကြ အပြန်အလှန် ဆွေးနွေး ဖလှယ်ကြ၊ ၈၈ မျိုးဆက် ကျောင်းသားများနဲ့ တွေ့ဆုံ ဆွေးနွေး စကားပြောကြရင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး အခြေအနေတွေကို ပိုမို သိမြင်လာခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာ သံဃလှုပ်ရှားမှုများ အတွင်းမှာ ဗကသများ အဖွဲ့ချုပ်ဟာ ပြည်သူ့ရှေ့က မားမားရပ်လို့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တောင်းဆို လှုပ်ရှားခဲ့ပြီးနောက် အာဏာပိုင်တွေရဲ့ လိုက်လံ ဖမ်းဆီးမှုတို့ကြောင့် ဗကသ ခေါင်းဆောင်များ တိမ်းရှောင်နေခဲ့ရပါတယ်။ မဟန်နီဦး၊ ကိုကျော်ကိုကို၊ ကိုစည်သူမောင်တို့ ရှောင်ပုန်းနေတဲ့အိမ်ကို ၂၀၀၇ ခုနှ...