Skip to main content

Posts

Showing posts with the label Nay Phone Latt

Nay Phone Latt

သူငယ်ချင်း နေဘုန်းလတ် ဂျစ်တူး ဧပြီ ၉၊ ၂၀၁၁ ဘလော်ဂါနေဘုန်းလတ် ထောင်ဒဏ် အနှစ် ၂၀ နှင့် ၆ လ ချမှတ်ခံရသည့် ၂၀၀၈ ခုနှစ်က ရေးသားခဲ့ခြင်း ဖြစ်သည်။ ၂၀၀၉ တွင် ထောင်ဒဏ် ၁၂ နှစ်သို့ ပြောင်းလဲသွားသည်။ (photo: minnyoonthit) နေဘုန်းလတ်ကို ထောင်ချပြီးတည်းက သူ့သတင်းတွေကို အင်တာနက်မှာ တွေ့နေရတယ်။ တချို့က မှန်တယ်၊ တချို့က မမှန်ဘူး။ မမှန်တာတွေ ရေးထားတာကို ဖတ်ရတိုင်း ... အနှစ် ၂၀ စွန်း ဆိုတာကို ရင်ဆိုင်နေရသူအတွက် အချက်အလက် အမှန်တွေ ရေးဖို့ အားထုတ်သင့်တယ်။ တကယ်တော့ ခုလို ထောင်ချခံရလိမ့်မယ်လို့ ကျွန်မတို့ အားလုံး လုံးဝ မထင်မှတ်ခဲ့မိဘူး။ နေဘုန်းလတ် ကိုယ်တိုင်တောင် ထင်မိခဲ့လိမ့်မယ် မဟုတ်ဘူး။ ကျွန်မ အမြင်မှာတော့ ဗိုလ်ချုပ်ကြီးတွေဟာ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် သူတို့ ရှေ့မှာရှိတဲ့ သူတို့အတွက် ဆူးညှောင့်ခလုတ်တွေ အားလုံးကို ဖယ်ရှားလိုက်တာပါပဲ။ အင်တာနက် ရေစီးကြောင်းပေါ်မှာတော့ နေဘုန်းလတ်ဟာ ပထမဆုံးသော ဓားစာခံ ဖြစ်သွားတယ်။ ဗိုလ်ချုပ်ကြီးတွေဟာ သူ့ကိုသုံးပြီး တခြားသူတွေကို အနှစ် ၂၀ ဆိုတာနဲ့ ခြိမ်းခြောက်လိုက်သလိုပဲ။ ဘလောဂ့်စာမျက်နှာပေါ်မှာ တင်လိုက်မယ့် ကျွန်မတို့ရဲ့ အတွေးတိုင်းမှာ အဲဒီ အနှစ် ၂၀ ဆိုတာကြီး ကပ်ပါနေအောင် အ...