Skip to main content

Posts

Showing posts with the label Than Than Htay

Than Than Htay in prison

မသန်းသန်းဌေး (Freed 12th October 2011) သားကြီး (AAPP) သြဂုတ် ၂၄၊ ၂၀၁၁ ၈၈ ကို ဖြတ်သန်းခဲ့ကြတဲ့ ရဲဘော်ရဲဘက်တို့ကြားမှာ အကြည့်ဌေး လို့ ခေါ်ခံရသူဖြစ်တဲ့ မသန်းသန်းဌေးဟာ ၁၉၈၈ မှာ ဒုတိယနှစ် ဓာတုဗေဒ အဓိက ဘာသာရပ်နဲ့ ကျောင်းတက်နေရင်း ၁၉၈၈ မတ်လ ရန်ကုန်တက္ကသိုလ် တွင်း ဆန္ဒပြပွဲများမှ စလို့ ကျောင်းသားလှုပ်ရှားမှုများ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများအတွင်း ပါဝင်လာခဲ့သူဖြစ်ပါတယ်။ အကြည့်ဌေးဟာ ဗကသ အဖွဲ့ဝင်။ လူ့ဘောင်သစ် အဖွဲ့ဝင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် အဖြစ် ကျောင်းသားလှုပ်ရှားမှုများ၊ ကျောင်းသားဆန္ဒပြပွဲများ နဲ့ မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ စိတ်ရောကိုယ်ပါ တက်ကြွစွာအားပေး ပါဝင်ခဲ့သူပါ။