Skip to main content

Posts

Showing posts from June, 2011

Phyo Phyo Aung

Hip Hop ကြိုက်တဲ့၊ မောင်လမြိုင်ထောင် ရောက်နေတဲ့ မဖြိုးဖြိုးအောင် (FREED - 12th October 2011) သားကြီး(AAPP) ဇွန် ၂၅၊ ၂၀၁၁ ၂၀၀၇ ခုနှစ် ဗကသ ပြန်ဖွဲ့ရာမှာ ခေါင်းဆောင်တဦး၊ အဖွဲ့ဝင်တဦး အနေနဲ့ ပါဝင်သူ မဖြိုးဖြိုးအောင်(ခေါ်) မနှင်းပွင့်ဝေဟာ အဲဒီအချိန်က နည်းပညာ တက္ကသိုလ် မြို့ပြအင်ဂျင်နီယာ ကျောင်းသူပါ။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလ ဗကသ လှုပ်ရှားမှုတွေကြောင့် အာဏာပိုင်များ လိုက်လံဖမ်းဆီးလို့ မဖြိုးဖြိုးအောင် တိမ်းရှောင်ရပါတယ်။ ၂၀၀၈ နာဂစ်ဒေသကို ကူညီဖို့ ပုန်းနေရာက ထွက်ပြီး သူငယ်ချင်းများနဲ့အတူ ဖခင်ဖြစ်သူရဲ့ဦးဆောင်မှုနဲ့ အစားအစာ ဝေငှခြင်း၊ တလကျော်ကြာ ဥပက္ခောပြုခံထားရတဲ့ ရုပ်အလောင်းများ ရှင်းလင်း မြှုပ်နှံခြင်းတွေ လုပ်ခဲ့ပါတယ်။ ဧရာဝတီတိုင်း အပြန်လမ်းမှာ သူတို့ အားလုံး အဖမ်းခံရပြီး မဖြိုးဖြိုးအောင် ထောင် ၄ နှစ် ကျပါတယ်။ မော်လမြိုင်ထောင် ရောက်ပါတယ်။ ဖခင်က ဖားအံထောင် ရောက်ပါတယ်။ မိသားစုက ၂ နေရာ ခွဲပြီး ထောင်ဝင်စာ တွေ့ရတာပါ။ ဖခင်ဖြစ်သူက မကြာခဏ ထိန်းသိမ်းခံရသူပါ။ ၁၉၈၉ မှာ ဒေါက်တာနေ၀င်း ထောင် ၁၅ နှစ် ချခံရချိန်မှာ မဖြိုးဖြိုးအောင်ဟာ တနှစ်သမီးပဲ ရှိပါသေးတယ်။ မိခင်ရဲ့ သွန်သင်မှု၊ ဖခင်ရဲ့ ထောင်ဝင်စာ

Honney Oo

မဟန်နီဦး ဇွန် ၅၊ ၂၀၁၁ ဒဂုံတက္ကသိုလ် ဥပဒေ နောက်ဆုံးနှစ် ကျောင်းသူတဦး ဖြစ်ပြီး ၂၀၀၇ သြဂုတ်လ (၂၈) ရက်နေ့မှာ ပြန်လည် ဖွဲ့စည်းခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်များထဲက တယောက် ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဦးထွန်းဦး ဟာလည်း ထောင် ၂ ကြိမ်ကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ရှေ့နေ တဦးလည်း ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ မဟန်နီဦးက သူ အင်္ဂလိပ်စာသင်တန်းတက်နေတဲ့ အမေရိကန်စင်တာရဲ့ စာကြည့်တိုက် အဖွဲ့ဝင် တဦး ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ နိုင်ငံရေး နဲ့ ဒီမိုကရေစီအကြောင်း စာအုပ်တွေ ဖတ်ရှု လေ့လာကြ အပြန်အလှန် ဆွေးနွေး ဖလှယ်ကြ၊ ၈၈ မျိုးဆက် ကျောင်းသားများနဲ့ တွေ့ဆုံ ဆွေးနွေး စကားပြောကြရင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး အခြေအနေတွေကို ပိုမို သိမြင်လာခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာ သံဃလှုပ်ရှားမှုများ အတွင်းမှာ ဗကသများ အဖွဲ့ချုပ်ဟာ ပြည်သူ့ရှေ့က မားမားရပ်လို့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တောင်းဆို လှုပ်ရှားခဲ့ပြီးနောက် အာဏာပိုင်တွေရဲ့ လိုက်လံ ဖမ်းဆီးမှုတို့ကြောင့် ဗကသ ခေါင်းဆောင်များ တိမ်းရှောင်နေခဲ့ရပါတယ်။ မဟန်နီဦး၊ ကိုကျော်ကိုကို၊ ကိုစည်သူမောင်တို့ ရှောင်ပုန်းနေတဲ့အိမ်ကို ၂၀၀၇ ခုနှ