Skip to main content

Posts

Showing posts from April, 2021

MoeMaKa Daily - 16th April 2021

MoeMaKa 2021 မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၆ ရက် မြောက်နေ့ မြင်ကွင်း မောင်တင်သစ် - ဒီနေ့ဟာ အစ ဖြစ်တယ် (ဂုဏ်ပြုကဗျာ) မိုးကျော်သူ - ပိုင်သစ်နွယ် မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၆ ရက် မြောက်နေ့ မြင်ကွင်း Posted: 16 Apr 2021 11:02 AM PDT မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၆ ရက် မြောက်နေ့ မြင်ကွင်း (မိုးမခ) ဧပြီ ၁၆၊ ၂၀၂၁ NUG - အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ပြီ ဒီနေ့ဟာ မြန်မာပြည်သူတွေကော မြန်မာ့အရေးထောက်ခံသူ ပြည်ပအင်အားတွေကိုယ်တိုင် ဝမ်းသာအားရ ဖြစ်ကြတဲ့နေ့ဖြစ်ပါတယ်။ CRPH ယာယီအစိုးရကနေ အမျိုးသားညီညွတ်ရေးအစိုးရကို ထူထောင်ကြောင်းနဲ့ အစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။ ချက်ခြင်းဆိုသလိုပဲ NUG အစိုးရအဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး ဂုဏ်ယူကြတဲ့ ကြိုဆိုကြတဲ့ ဆိုရှယ်မီဒီယာပို့စ်တွေ တက်လာပါတယ်။ ပြည်သူ့အစိုးရသစ်ကို ကြိုဆိုဖို့ လက်ခုတ်တီးကြတဲ့ ကင်ပိန်းက ၇နာရီခွဲမှာ စပြီး ည ရန်ကုန်မှာ ၈နာရီနောက်ပိုင်း ပေါက်ကွဲမှုတွေ ဖြစ်တဲ့ သတင်းတွေ တက်လာပါတယ် ။ ကုလအထူးကော်မီတီက ခေါင်းဆောင် ယံဟီးလီးကိုယ်တိ

[Interviews] Min Ko Naing with RFA's U Khin Maung Soe

ဧပြီလမကုန်ခင်တဲ့။ တာဝန်ကိုယ်စီနော်။ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄ စစ်ကောင်စီကနေ CRPH ကို ယုံကြည်မှုပျက်ပြားအောင်တိုက်ခိုက်နေတာတွေရှိတယ်။ CRPH က မျိုးဆက်သစ်များစွာနဲ့ သွေးသစ်လောင်းထားတာဗျ။ စုပေါင်းဦးဆောင်မှု၊ စုပေါင်းတာဝန်ခံမှုနဲ့သွားတာဗျ။ ခေါင်းဆောင်တစ်ယောက်တည်းကို ဘာမဆိုအပ်ထားတာနဲ့ကတော့ ကွာတယ်ဗျ။ ကျွန်တော်ကတော့ အားရတယ်။ မကြာခင်မှာ ခိုင်ခန့်တဲ့ တည်ဆောက်မှုကို တွေ့ရပါလိမ့်မယ်။ ဒါကိုတော့ ယုံကြည်ပါလို့ ကျွန်တော်ပြောချင်ပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးကို ခိုင်မာအောင်လုပ်ပါ။ ပြီးရင် ပြည်သူ့လုံခြုံရေးကိုသွားပါ။ ပြီးမှ ပြည်သူ့ကာကွယ်ရေးဆီကိုသွားရမယ်။ ဘယ်တွေကိုသွားရမှာလဲဆိုတော့ လုံခြုံစိတ်ချရတဲ့ သင်တန်းပေးနေတဲ့ နယ်မြေတွေကိုသွားရမှာဗျ။ တိုင်းရင်းသားတွေနဲ့ လက်တွဲပြီးလုပ်ရမယ်။ မြို့ပေါ်မှာနေနိုင်တဲ့သူတွေကလည်း ပြောက်ကျားစနစ်နဲ့ ဆန္ဒပြနေကြရမယ်။ အဓိကကတော့ #စစ်ကောင်စီကို_လက်မခံဘူး ။ #ဆန့်ကျင်တယ်ဆိုတာကို ပြနေဖို့ပါပဲ။ ဖယ်ဒရယ်နိုင်ငံတော်သစ်တည်ထောင်တဲ့အခါမှာ ဖယ်ဒရယ်အာမီပဲဖြစ်နေရမယ်။ ဒါကို အဆင့်ဆင့်သွားရပါတယ်။ အဲလိုပြောလို့ ကြာမှာလားလို့မေးရင် ကျွန်တော်တို့က မကြာချင်ဘူး။ မကြာချင်ပေမယ့် အဆင့်ကိုကျော်လို့တော့မရဘူးဗျ။ #မြန်ရမ

[Kachin State Affairs] Letters to Ministry of Natural Resources and Environment conservation , Ministry of Religion and Cultural Affairs

---------- Forwarded message --------- From: Kno Ghq < kno.ghq@gmail.com > Date: Wed, Apr 7, 2021 at 9:07 AM Subject: Letters to Ministry of Natural Resources and Environment conservation , Ministry of Religion and Cultural Affairs To: Dear leaders and comrades, We are sending the letters to the Ministry of Natural Resources and Environment conservation , the Ministry of Religion and Cultural Affairs by our organization. Please kindly refer to the attachment.  In solidarity, GHQ Kachin National Organization (KNO) -- Send email to - editors@moemaka.net   to contact and contribute with MoEmAKa MoeMaKa on Facebook Page from here  (For Burma / Myanmar User) MoeMaKa News & Media covering Burmese Community PO Box 320-207, San Francisco, CA 94132-0207, USA. http://MoeMaKa.Com - Burmese Language http://eng.moemaka.net  - English Edition http://MoeMaKa.Net - Audio & Video Archives

[Leaders] Dr Zaw Wai Soe

လေးစားပါတယ် ဆရာ ဇော်ဝေစိုး ------------------- ကိုဗစ် ကုသရေးမှာ ဦးဆောင်နေတဲ့ ဂုဏ်ယူ လေးစားစရာ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ်၊ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး မြင်းခြံမြို့မှာမွေးတယ်။(1961) အဖ ဦးမောင်လေး အမိဒေါ်တင်ကြည်တို့ကမွေးတဲ့ သားသမီး၅ယောက်မှာ တတိယသား။ အကိုကြီးက ဦးကျော်မြင့်စိုး(B.E) အမ က ဒေါ်မြင့်မြင့်စိုး(B.Ed)(ကွယ်လွန်) ညီက ဦးဇော်လွင်စိုး(B.E) ညီမက ဒေါ်မြင့်မြင့်မိုး(M.B,B.S)။ ဖခင်က စိုက်ပျိုးရေးဌာန (ယခင်က မြေ. ကြေး.ရှင်း)မှာ လက်ထောက်မန်နေဂျာ။ တောင်တွင်းကြီးမြို့ကို 1968-69လောက်မှာ ပထမတန်းတက်ဖို့ ပြောင်းရွှေ့ရောက်ရှိလာတယ်။တောင်တွင်းကြီး အ.မ.က(၃)အုန်းတောကျောင်းမှာ ပထမတန်းတက်တော့ ဆရာက သေတ္တာအကြောင်းသင်တယ်၊သူက အဲဒါ "သစ်တာ" လို့ ဘာလို့အသံထွက်ရလဲ၊ "သတ်တာ"လို့ အသံမထွက်ဘူးလား ဆိုပြီး ပြန်မေးခဲ့တဲ့ကလေး။ ဆရာသင်တာကိုမရှင်းလို့ပြန်မေးတဲ့ ပထမတန်းကျောင်းသား ရှားပါတယ်။ တောက်မည့်မီးခဲဟာ အဲဒီကတည်းက ရဲ နေပြီ။ မိဘတွေက သားသမီးတွေစာကြည့်တိုင်း အနားမှာနေပြီး လိုအပ်လိုရာကူညီဖေးမ စောင့်ရှောက်တတ်တဲ့သန္ဓေဟာ သူ့ရင်ထဲမှာကိန်းအောင်းနေခဲ့တယ်။ ညီတွေညီမတွေ စာကြည့်ရင် သူတို့နဲ့အတူအဖော်လုပ်ပြီး က