Skip to main content

Aye Thida, a Burmese journalist in prison

ထောင် ၁၈ နှစ် ကျနေတဲ့ သတင်းသမား မအေးသီတာ
(FREED 12th OCTOBER 2011)


အင်တာနက်ဂျာနယ်၊ 7Day News ဂျာနယ် တို့မှာ လုပ်ကိုင်ခဲ့တဲ့ မအေးသီတာဟာ ဒဂုံတက္ကသိုလ်က ဘောဂဗေဒဘွဲ့ ရထားသူ ဖြစ်ပါတယ်။ ငှက်ပျောသီးဇော်ဝင်းလို့ လူသိများတဲ့ ပန်းချီဆရာ ဦးဇော်ဝင်းရဲ့ သမီးပါ။

၂၀၀၅ ခုနှစ် ၈၈ မျိုးဆက်ကျောင်းသားများရဲ့ လှုပ်ရှားမှုတွေမှာ လွပ်လပ်မှု၊ ငြိမ်းချမ်းမှု တို့ကို လိုလားသူတဦး အနေနဲ့ ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။
၂၀၀၇ စက်တင်ဘာ သံဃာ အရေးအခင်းအပြီး အောက်တိုဘာ ၁၄ ရက်နေ့မှာ စစ်ထောက်လှမ်းရေး အဖွဲ့များက သူ့ကို နေအိမ်မှာ သွားဖမ်းကြပါတယ်။ စစ်ကြောရေးစခန်း၊ အင်းစိန်ထောင်တို့မှာ ချုပ်ထားပြီး ဒီဇင်ဘာမှာ ဆက်သွယ်ရေး အက် ဥပဒေ ပုဒ်မ ၃၃(က)နဲ့ ၇ နှစ် ချလိုက်ပါတယ်။
၂၀၀၈ နိုဝင်ဘာမှာတော့ အမျိုးသား ညီလာခံ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၅(၉၆)၊ အစိုးရကို အကြည်ညို ပျက်စေသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)၊ အသင်း အဖွဲ့ ဆိုင်ရာ ဥပဒေ ပုဒ်မ(၆) တို့နဲ့ ၁၁ နှစ် ထပ်ချပြန်တယ်။ ရန်ကုန်နဲ့ မိုင်၁၀၀ ကျော်ဝေးတဲ့ ဟင်္သာတထောင်ကို ရက်ပိုင်းအတွင်း ပြောင်းလိုက်ပါတယ်။
မိသားစုက ဒီသတင်း မရလိုက်တဲ့ အတွက် လိုအပ်တဲ့ ဆေးဝါး၊ အ၀တ်အစား၊ စောင်၊ စားစရာ တို့ကို ထည့်မပေးနိုင်ခဲ့ပါဘူး။ ကာလအတော်ကြာမှာ အဆက်အသွယ် ပြန်ရတော့လည်း နယ်ဝေးထောင် ဖြစ်တဲ့အတွက် မိသားစုက တခါတရံမှပဲ ထောင်ဝင်စာ သွားတွေ့နိုင်ကြပါတယ်။
မအေးသီတာဟာ မိမိရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်မှုအတွက် ကြမ်းတမ်းလှတဲ့ ထောင်တွင်း နေထိုင်မှု ဘ၀ကို ကြံ့ကြံ့ခံလို့ ကျော်ဖြတ်နေဆဲပါ။
ဟင်္သာတ အကျဉ်းထောင်ထဲက မအေးသီတာ အမြန်ဆုံး လွတ်မြောက်ပြီး မိသားစုနဲ့ ပျော်ရွှင်စွာ ဆုံဆည်းနိုင်ပါစေ။
သားကြီး (AAPP)

Comments

Anonymous said…
ဘွဲ့နဲ့ ကျောင်း မကိုက်ညီပါဘူး၊ အဝေးသင်က BA(Economics)ဖြစ်မယ်ထင်တယ်

Popular posts from this blog

MoeMaKa Daily - 28th June 2022

Daily Digest from MoeMaKa Media ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ် ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း... MoeMaKa Media 1h ဖေကြီး (လေရှီး) - ထိုင် ထ ပုံပြင် Image- Crdထိုင် ထ ပုံပြင်ဖေကြီး (လေရှီး)(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂      ကြားခဲ့ဖူးတဲ့ ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်များစွာထဲက... MoeMaKa Media 7h လင်းနွေးအိမ် - အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် လင်းနွေးအိမ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ ညီမလေးရေရှေးရိုးစွဲတွေနဲ့ လမ်းထွင်သူတွေကြားမှာဒီလိုနဲ့ပဲမဖြစ်နိုင်ဘူးလို့... MoeMaKa Media 7h မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း(မိုးမခ) ဇွန် ၂၈၊ ၂၀၂၂ ကယားပြည်နယ်က စီဒီအမ်မလုပ်တဲ့ ကျောင်းဆရာ/မတွေ... MoeMaKa Media 23h -- Send email to -  editors@moemaka.net  to contact and contribute with MoEmAKa MoeMaKa on Facebook Page from here   (For Burma / Myanmar User) MoeMaKa News & Media covering Burmese Community http://www.MoeMaKa.Com  - Burmese ...

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ...

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ... : ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိသည်။ သတင်းအချက်အလက်များအရ(၁၉.၁၁.၂၀၂၁) ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် - ၈၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ - ၃၅ ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက တိုင်းဒေသကြီးများတွင် ဖြစ်ပွားပေါ်ပေါက်လျက်ရှိသည်။ မှတ်ချက်။ ။မြေပြင်တွင် ယခုတွေ့ရသည့် သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွားနိုင်ပါသည်။ ။ Attachments: ...

[Signature Campaign] Tell your U.S. Representative to support Myanmar's civil disobedience movement

Subject: Tell your U.S. Representative to support Myanmar's civil disobedience movement Friend, I just wrote my U.S. representative to support Myanmar's civil disobedience movement by sponsoring the House Resolution 134. On February 1, 2021, the Myanmar military seized power in a coup d'etat, imprisoning Aung San Suu Kyi, senior figures from her ruling party, and prominent pro-democracy and human rights advocates. In response to this coup, young people in Myanmar have taken to the streets in a new #CivilDisobedienceMovement (CDM) demanding an end to military rule. They are calling on the international community to impose tough and targeted sanctions on the military, including its business conglomerates Myanmar Economic Holding Limited (MEHL) and Myanmar Economic Corporation (MEC). The military is now brutally cracking down, injuring and killing peaceful pro-democracy protesters. It is vital that Congress honor CDM's call for tougher targeted sanctions on both military o...