Skip to main content

Than Than Htay in prison

မသန်းသန်းဌေး (Freed 12th October 2011)
သားကြီး (AAPP)

သြဂုတ် ၂၄၊ ၂၀၁၁


၈၈ ကို ဖြတ်သန်းခဲ့ကြတဲ့ ရဲဘော်ရဲဘက်တို့ကြားမှာ အကြည့်ဌေး လို့ ခေါ်ခံရသူဖြစ်တဲ့ မသန်းသန်းဌေးဟာ ၁၉၈၈ မှာ ဒုတိယနှစ် ဓာတုဗေဒ အဓိက ဘာသာရပ်နဲ့ ကျောင်းတက်နေရင်း ၁၉၈၈ မတ်လ ရန်ကုန်တက္ကသိုလ် တွင်း ဆန္ဒပြပွဲများမှ စလို့ ကျောင်းသားလှုပ်ရှားမှုများ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများအတွင်း ပါဝင်လာခဲ့သူဖြစ်ပါတယ်။

အကြည့်ဌေးဟာ ဗကသ အဖွဲ့ဝင်။ လူ့ဘောင်သစ် အဖွဲ့ဝင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် အဖြစ် ကျောင်းသားလှုပ်ရှားမှုများ၊ ကျောင်းသားဆန္ဒပြပွဲများ နဲ့ မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ စိတ်ရောကိုယ်ပါ တက်ကြွစွာအားပေး ပါဝင်ခဲ့သူပါ။

၁၉၉၁ ခုနှစ် အစောပိုင်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်(အောက်ဗမာပြည်) နဲ့ ပူးပေါင်းလှုပ်ရှားမှုကြောင့် စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရကာ မေလ၊ ၁၉၉၁ ခုနှစ်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရပြီး စစ်အစိုးရရဲ့ ၁၁/၉၂ အမိန့်အရ ၁၉၉၂ ခုနှစ်မှာ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ပြန်လည် လွတ်မြောက်ခဲ့ပြီးနောက် ဗကသ စည်းရုံးရေးကော်မတီတွင် ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ အကြည့်ဌေးဟာ အခြားတက်ကြွ လှုပ်ရှားသူများကို အမြဲတစေ ကူညီခဲ့သူ ဖြစ်ပြီး၊ နိုင်ငံရေး အကျဉ်းသားများကိုလည်း အစားအစာနဲ့ လိုအပ်တဲ့ ပစ္စည်းများ ထောက်ပံ့ပေးလေ့ရှိပါတယ်။ အကြည့်ဌေးဟာ ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာင်္လ ကျောင်းသားများ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ၊ ၁၉၉၈ ခုနှစ် သြဂတ်လ ဆန္ဒပြပွဲများကိုလည်း တက်ကြွစွာ ထောက်ခံအားပေးခဲ့ပါတယ်။

၂၀၀၀ ခုနှစ် ဇွန်လမှာ အကြည့်ဌေးဟာ တခြားကျောင်းသားများနဲ့ အတူ တက္ကသိုလ်များ၊ ကောလိပ်များ ပြန်လည်ဖွင့်လှစ်ပေးရန်၊ နိုင်ငံရေး အကျဉ်းသားများ အားလုံး ပြန်လည်လွတ်ပေးရန်၊ မြန်မာနိုင်ငံတွင် ကျောင်းသားသမဂ္ဂ တရားဝင် အဖွဲ့အစည်း တခု ဖြစ်လာစေရန် တို့ကို လှုပ်ရှား တောင်းဆိုခဲ့တဲ့အတွက် ထပ်မံ ဖမ်းဆီးခံခဲ့ရပါတယ်။

မသန်းသန်းဌေးကို နိုင်ငံရေး အကျဉ်းသားများ ထောက်ပံ့မှု၊ ဗကသ နိုင်ငံခြားရေးကော်မတီ အပါအဝင်၊ အခြား ပြည်ပရောက်အဖွဲ့အစည်းများနဲ့ ဆက်သွယ် လုပ်ကိုင်တယ် ဆိုပြီး ထောင်ဒဏ်၁၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။

အခု အမျိုးသမီး အကျဉ်းသူများထဲမှာ ထောင်ဒဏ် ၂ကြိမ်ကျခံခဲ့ရပြီးသူ၊ ယခုအချိန်ထိ အင်းစိန်အကျဉ်းထောင်ထဲ ပထမအကြိမ်နှင့် ဒုတိယအကြိမ် စုစုပေါင်း ထောင်တွင်းနေထိုင်မှု (၁၃နှစ်ကျော်) ရှိနေသူဖြစ်ပါတယ်။

အကြည့်ဌေး ဟာ ၁၉၈၈ မှ ယနေ့တိုင် နိုင်ငံရေးလှုပ်ရှားမှု ရဲဘော်ရဲဘက်များအတွင်း၊ နိုင်ငံရေးအကျဉ်းသားများအတွင်း စိတ်ထားကောင်းသူ၊ ခင်မင်ဖေါ်ရွှေတတ်သူ၊ နှမြောတွန့်တိုမှု မရှိဘဲ ပေးကမ်းကူညီတတ်သူအဖြစ် အားလုံးက ခင်မင်သူဖြစ်ပါတယ်။

အာဏာပိုင်များ အငြိုးထား စောင့်ကြည့်လို့ မသန်းသန်းဌေး အဖမ်းအဆီးခံရ ထောင်ဒဏ်ကျခံရသည့်အပြင် မိသားစုဝင်များပါ ရှောင်တိမ်းပုန်းအောင်းရင်း ညီအကို မောင်နှမများလည်း ယခုချိန်ထိ တကွဲတပြား ဖြစ်ခဲ့ရပါတယ်။

အကျဉ်းထောင်တွင်း နှစ်ရှည်နေထိုင်ခဲ့ရမှုကြောင့် မတ်လ ၂၀၀၆ ခုနှစ်ကတည်းက စပြီး ပြင်းထန်ဆိုးရွားလှတဲ့ ခေါင်းကိုက်ရောဂါ ရရှိလာပါတယ်။ ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ဆရာဝန် ကြည့်ရှု ကုသခွင့်ကို အကြိမ်တော်တော် များများ ရရှိခဲ့ ပေမယ့် ဝေဒနာကို ဆက်လက်ခံစားနေရပါတယ်။ စက်တင်ဘာလ၊ ၂၀၀၈ နောက်ပိုင်းမှာတော့ ဆေးဝါးကုသခွင့် ထပ်မရတော့ဘူးလို့ သိရပါတယ်။ အခုအချိန်မှာတော့ အဆစ်ကိုက် ရောဂါနှင့် အဆစ်ရောင် ရောဂါဝေဒနာများကိုပါ ခံစားနေရတယ်လို့ ကြားသိရပါတယ်။

အားလုံးနဲ့ ခင်မင်ပြီး စိတ်သဘောထားကောင်းလှတဲ့ အကြည့်ဌေးတယောက် ကျန်းမာစွာဖြင့် အမြန်ဆုံး လွတ်မြောက်လာပါစေ။

(လွတ်ရက်စေ့တော့မယ့် အကြည့်ဌေး လွတ်မြောက်လာပါပြီ)

Comments

Popular posts from this blog

Naw Phn Hla - Hunger Strike - 29th August 2013

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ လက်ပံတောင်းကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြခဲ့သူ ဒေါ်နော်အုန်းလှကို နိုင်ငံတော် အကြည်အညို ပျက်စေမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ပြီးနောက် မုံရွာ အကျဉ်းထောင်တွင် ဒေါ်နော်အုန်းလှ အစာငတ်ခံဆန္ဒပြနေကြောင်း သတင်းရရှိသည်။ ဒေါ်နော်အုန်းလှကို သြဂုတ်လ ၂၉ ရက်နေ့က မုံရွာမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ ပြီး မုံရွာအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း၊ မုံရွာအကျဉ်းထောင်တွင် ဒေါ်နော်အုန်းလှ အစာငတ်ခံ ဆန္ဒပြနေသည်မှာ ၁၃ ရက်အထိ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။ ” ကျနော်က ဒေသခံတွေဆီကတဆင့် သိရတာ။ ဒေါ်နော်အုန်းလှ အစာငတ်ခံဆန္ဒပြနေတဲ့ သတင်းကတော့ ဟုတ်တယ်။ ကျနော်ကတော့ သူ့အမှုကို အယူခံဝင်နိုင်ဖို့ တရားရုံးက ထွက်ဆိုချက်မိတ္တူတွေ စောင့်နေတုန်းပဲ ရှိသေးတယ်”ဟု ရှေ့နေဦးရောဘတ်စန်းအောင်က ဧရာဝတီသို့ ပြောသည်။ မုံရွာအကျဉ်းထောင်မှ တာဝန်ရှိသူများက အကျဉ်းထောင်တွင် ဒေါ်နော်အုန်းလှ အစာငတ်ခံ ဆန္ဒပြမှုသတင်းကို အတည် ပြုသော် လည်း အသေးစိတ် ဖြေကြားခွင့် မရှိကြောင်း ဧရာဝတီကို ပြောသည်။ မုံရွာအကျဉ်းထောင်၏ နေပြည်တော် ပြည်ထ...

MoeMaKa Daily - 28th June 2022

Daily Digest from MoeMaKa Media ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ် ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း... MoeMaKa Media 1h ဖေကြီး (လေရှီး) - ထိုင် ထ ပုံပြင် Image- Crdထိုင် ထ ပုံပြင်ဖေကြီး (လေရှီး)(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂      ကြားခဲ့ဖူးတဲ့ ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်များစွာထဲက... MoeMaKa Media 7h လင်းနွေးအိမ် - အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် လင်းနွေးအိမ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ ညီမလေးရေရှေးရိုးစွဲတွေနဲ့ လမ်းထွင်သူတွေကြားမှာဒီလိုနဲ့ပဲမဖြစ်နိုင်ဘူးလို့... MoeMaKa Media 7h မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း(မိုးမခ) ဇွန် ၂၈၊ ၂၀၂၂ ကယားပြည်နယ်က စီဒီအမ်မလုပ်တဲ့ ကျောင်းဆရာ/မတွေ... MoeMaKa Media 23h -- Send email to -  editors@moemaka.net  to contact and contribute with MoEmAKa MoeMaKa on Facebook Page from here   (For Burma / Myanmar User) MoeMaKa News & Media covering Burmese Community http://www.MoeMaKa.Com  - Burmese ...

Aye Aung

ဓားစားခံ ကိုအေးအောင် ကိုအေးအောင်ရဲ့ ဓာတ်ပုံကိုပြသနေတဲ့ ဖခင် ဦးသောင်းစိန် (ဓာတ်ပုံ - AFP) ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အွန်လိုင်းမှာ တွေ့ရတာက ထောင်ကျနေသူကိုအေးအောင် ရဲ့ မိဘနှစ်ပါး ဓာတ်ပုံတွေပါ။ သူတို့က သတင်းထောက်ကို ကိုအေးအောင်ရဲ့ ဓာတ်ပုံ ပြသနေတဲ့ ပုံတွေ ဖြစ်ပါတယ်။ ကိုအေးအောင် ဆိုတာ နိုင်ငံရေးသမား လူငယ်လေးတဦးပါ။ အစိုးရက သူ့ကို ထောင်ထဲထည့်ထားတာ ၁၀ နှစ် မကတော့ပါဘူး။ လောလောဆယ်မှာတော့ မြန်မာအစိုးရကို အပြောင်းအလဲတွေ လုပ်တယ် ဆိုပြီး နိုင်ငံတကာက ချီးကျူးနေကြပါတယ်၊ ကိုအေးအောင်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို ချီးကျူးပြောဆိုစရာဆိုလို့ ကိုအေးအောင်ဟာ အသက်ရှင်လျက် ရှိနေသေးတယ် ဆိုတာပါပဲ။ သူနဲ့အတူ ကလေးမြို့အကျဉ်းထောင်ကို အတူရောက်သွားခဲ့တဲ့၊ သူ့လိုပဲ ထောင်ဒဏ် နှစ် ၆၀ ၀န်းကျင် ချမှတ်ခံခဲ့ရတဲ့ ကိုသက်ဝင်းအောင်ကတော့ ထောင်ထဲမှာ သေဆုံးသွားခဲ့ပါပြီ။ ကိုသက်ဝင်းအောင်လို အဖြစ်မျိုး သူ မကြုံရတဲ့အတွက် ကျေးဇူးတင်တယ်လို့ ကြံဖန် ပြောရမလိုပါပဲ။ ကိုအေးအောင်တို့ကို မလွှတ်ပေးသေးတာနဲ့ ပတ်သက်ပြီး ပေးလာတဲ့ ဆင်ခြေက အကြမ်းဖက်လုပ်ငန်းတွေနဲ့ ဆက်စပ်နေလို့ပါ တဲ့။ ထောက်လှမ်းရေးစစ်ကြောချက်၊ တရားရုံးစီရင်ချက်တွေကို ကြည့်ပြီး ပြောတာ ...