Skip to main content

[CDM] Myanmar Diplomat from LA Myanmar Office joins CDM

LA မြန်မာကောင်စစ်ဝန်ရုံး အရာရှိ ဒေါ်မြမြကြည် - CDM ဝန်ထမ်းလှုပ်ရှားမှုမှာ ပူးပေါင်းပြီ
(မိုးမခ) မတ် ၂၊ ၂၀၂၁
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လောစ့်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက သံရုံးအုပ် ဒေါ်မြမြကြည်ဟာ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုဘဲ ဒီကနေ့ မတ်လ ၂ ရက်နေ့က စပြီး CDM ဝန်ထမ်းလှုပ်ရှားမှုမှာပါဝင် ပူးပေါင်းလိုက်ပြီဖြစ်ပါတယ်။
သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ သဘောထားကို တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ကျွန်မ ဒေါ်မြမြကြည်သည် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၂၃ နှစ်ကျော်ရှိပြီဖြစ်ပါသည်။
ကျွန်မအား ပြည်သူလူထုရွေးကောက်တင်မြောက်ထားသော ပြည်သူ့အာဏာရရွေးကောက်ခံ ပြည်သူ့အစိုးရဖြစ်သည့် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်/ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြညတို့၏ တာဝန်ပေးစေလွှတ်မှုကြောင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျယ်လိစ်မြို့တွင် သံရုံးအုပ်အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ သည်မှာ (၃) နှစ်ပြည့်မြောက်ပြီးဖြစ်ပါသည်။
သို့သော် ၂၈-၂-၂၀၂၁ ရက်နေ့တွင် အာဏာသိမ်းစစ်အုပ်စုမှ နိုင်ငံခြားရေးဝန်ကြီးဌာသို့ပြောင်းရွှေ့ရန် တရားမဝင်အမိန့်တစ်ရပ်ကိုထုတ်ပြန်ခဲ့ပါသည်။ ထိုအမိန့်သည် တရားမဝင်သည့်အတွက် ကျွန်မအနေဖြင့်ပြောင်းရွှေ့မည်မဟုတ်ပါ။ ပြည်သူ့အာဏရ တရားဝင်ပြည်သူ့အစိုးရ ( သို့မဟုတ်) ယနေ့ခန့်အပ်လိုက်သည့် ခေတ္တပြည်ထောင်စုဝန်ကြီးများဖြစ်သည့် (နိုင်ငံခြားရေးဝန်ကြီး)မှ ကျွန်မအား ပြောင်းရွှေ့မိန့်ထုတ်ပြန်မှသာလျှင် ကျွန်မအနေဖြင့် အမိန့်နာခံ၍ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပါသည်။
သို့ပါသောကြောင့် အာဏာသိမ်းစစ်အုပ်စု အမြန်ကျဆုံးရန်၊ အာဏာသိမ်းစစ်အုပ်စု၏ အုပ်ချုပ်မှု ယန္တရားများရပ်တန့်သွားရန် ရည်ရွယ်ချက်ဖြင့် ၂-၃-၂၀၂၁ ရက်နေ့မှ စ၍ မိမိဆန္ဒအလျှောက် ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်၍ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်းဖြင့် Civil Disobedience Movement (CDM) တွင် ပြုလုပ်သွားမည် ဖြစ်ပါသည်။ ကျွန်မသည် အလုပ်ထွက်သည်မဟုတ်ပါ ၊ ရုံးမတက်၍ ရုန်းထွက်ခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် မိမိ၏ လုပ်ရပ်သည် မိမိတစ်ဦးတည်း၏သဘောဆန္ဒအရ ပြုလုပ်ခဲ့သည့်အတွက် မိမိမှာသာတာဝန်ရှိပြီး၊ မိသားစု ၊ မိတ်ဆွေ၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် လုံးဝ( လုံးဝ) မသက်ဆိုင်ပါကြောင်း ဖော် ပြအပ်ပါသည်။
အကြမ်းဖက်အုပ်စု အလိုမရှိ။

--
Send email to - editors@moemaka.net  to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://eng.moemaka.net  - English Edition
http://MoeMaKa.Net - Audio & Video Archives

Comments

Popular posts from this blog

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ...

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ... : ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိသည်။ သတင်းအချက်အလက်များအရ(၁၉.၁၁.၂၀၂၁) ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် - ၈၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ - ၃၅ ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက တိုင်းဒေသကြီးများတွင် ဖြစ်ပွားပေါ်ပေါက်လျက်ရှိသည်။ မှတ်ချက်။ ။မြေပြင်တွင် ယခုတွေ့ရသည့် သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွားနိုင်ပါသည်။ ။ Attachments: ...

Death sentence, helping in Nargis area and Valentine's Day

သေဒဏ်၊ နာဂစ် ကူညီမှု၊ ချစ်သူများနေ့ ကိုဝင်း ဖေဖော်ဝါရီ ၁၄၊ ၂၀၁၁ ဇော်သက်ထွေး (photo:irrawaddy) ဒီနေ့ ချစ်သူများနေ့။ ချစ်သူများနေ့မှာ မိသားစုနဲ့ ဝေးကွာနေသူတယောက်အကြောင်း။ “ကားလမ်း မပေါက်ဘဲနဲ့ ရွှံ့ဗွက်တွေကြားထဲက သွားရတဲ့ ရွာလေးတွေ ရှိတယ်။ အဲဒီရွာလေးကျတော့ ဒီက ရန်ကုန်က သွားလှူတဲ့လူတွေလည်း မသွားနိုင်ဘူး” ဆိုပြီး ၂၀၀၈ နာဂစ်ဒေသ အကြောင်း ပြောသွားသူကတော့ ဇော်သက်ထွေး ဖြစ်ပါတယ်။ ဒီလိုပြောပြီး သိပ်မကြာခင်မှာ အာဏာပိုင်တို့က သူ့ကို ဖမ်းပြီးတော့ ပုဒ်မမျိုးစုံနဲ့ ထောင် ၁၉ နှစ် ချလိုက်တယ်၊ နောက်ပိုင်း ၈ နှစ် လျှော့ပေးတယ် တဲ့။ ကျနော် သူ့ကို မမြင်ဖူးပါဘူး။ ၂၀၀၄ နှစ်ဆန်းပိုင်း AAPP ရုံးရောက်လာတဲ့ တရားရုံး မှတ်တမ်းတခုမှာ သူ့ကို သေဒဏ် စီရင်ချက် ချထားတယ် ဆိုတာ ဖတ်မိရာကနေ သူ့နာမည်ကို အစပြု ကြားမိပါတယ်။ အမှုက ပြည်ပ မိတ်ဆွေတယောက်နဲ့ ဖုန်း အဆက်အသွယ်လုပ်မှု။ အံ့သြစရာ။ အမှုတွဲတွေက ILO နဲ့ဆက်သွယ်သူ ရှေ့နေဦးအေးမြင့်၊ ဗိုလ်ချုပ်ကြီးများကို လုပ်ကြံမယ် ဆိုတဲ့ မွန်ပြည်သစ်ပါတီဝင်တွေ။ အမှုမှာ သက်သေခံပစ္စည်းတခုက “ILO အရာရှိရဲ့ လိပ်စာကတ်” ဆိုတော့ ILO သိအောင် လုပ်မှပဲ ဆိုပြီး ဘာသာပြန် ပို့ပေးလိုက်တယ်။ မကြာခင် အမှု ပြန်စစ်တယ်...

MoeMaKa Daily - 28th June 2022

Daily Digest from MoeMaKa Media ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ် ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း... MoeMaKa Media 1h ဖေကြီး (လေရှီး) - ထိုင် ထ ပုံပြင် Image- Crdထိုင် ထ ပုံပြင်ဖေကြီး (လေရှီး)(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂      ကြားခဲ့ဖူးတဲ့ ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်များစွာထဲက... MoeMaKa Media 7h လင်းနွေးအိမ် - အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် လင်းနွေးအိမ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ ညီမလေးရေရှေးရိုးစွဲတွေနဲ့ လမ်းထွင်သူတွေကြားမှာဒီလိုနဲ့ပဲမဖြစ်နိုင်ဘူးလို့... MoeMaKa Media 7h မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း(မိုးမခ) ဇွန် ၂၈၊ ၂၀၂၂ ကယားပြည်နယ်က စီဒီအမ်မလုပ်တဲ့ ကျောင်းဆရာ/မတွေ... MoeMaKa Media 23h -- Send email to -  editors@moemaka.net  to contact and contribute with MoEmAKa MoeMaKa on Facebook Page from here   (For Burma / Myanmar User) MoeMaKa News & Media covering Burmese Community http://www.MoeMaKa.Com  - Burmese ...