ပြည်ချစ်ရဲဘော်ဟောင်းတစ်ဦး၏ တော်လှန်ရေးခရီးမှတ်တမ်း Monday, May 25, 2020 မွန်သတင်းအေဂျင်စီ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် စာရေးသူသည် ၁၇-၂-၁၉၇၀ ခုနှစ်တွင် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်သို့ ဝင်ရောက်ခဲ့ပြီး ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီအစိုးရအား လက်နက်ကိုင်တော်လှန်ပုန်ကန်တိုက်ခိုက်ခဲ့သည်။ ၎င်းခေတ် စစ်အစိုးရအုပ်ချုပ်မှုများကိုမကြိုက်လို့ လက်နက်ကိုင်တော်လှန်တိုက်ခိုက်ခဲ့တာကလွဲပြီး နိုင်ငံရေးအကြောင်းလုံးဝနားမလည်ခဲ့ပါ။ တော်လှန်ရေးကောင်စီ အစိုးရအား စတင်တော်လှန် တိုက်ခိုက်ခဲ့စဉ်က ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် PLA သို့မဟုတ် Parliamentary Democracy Party-PDP ကို ဝန်ကြီးချုပ်ဟောင်း ဦးနုကဦးဆောင်ခဲ့ပြီး ရဲဘော်သုံးကျိပ်ဝင်များဖြစ်တဲ့ ဗိုလ်လက်ျာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးအောင်နှင့် အခြားနိုင်ငံရေး ခေါင်းဆောင်များ ပါဝင်ခဲ့ကြပါသည်။ မိမိတို့ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်ကွပ်ကဲမှု အောက်ခြေရှိတပ်ဖွဲ့ဝင်များသည် မိမိတို့အား ဦးဆောင်နေသည့်နိုင်ငံရေးခေါင်းဆောင်များကို အထင်ကြီးအားကိုးမိကြပါသည်။ မိမိတို့တပ်ဖွဲ့ဝင်များမှာ နိုင်ငံရေးအကြောင်းနားမလည်ကြပါ။ ဗိုလ်ချုပ်နေဝင်းစစ်ကောင်စီအစိုးရကို လက်နက...
Unsung Heroes and Burmese People of Burma Democracy Uprising - content maintained by MoeMaKa Team