Art - Sitt Nyein Aye မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၈ ရက် မြောက်နေ့ မြင်ကွင်း (မိုးမခ) ဩဂုတ် ၈၊ ၂၀၂၁ ရှစ်လေးလုံး ကို ၃၃ နှစ်ကြာပြန်သုံးသပ်ခြင်း (မိုးမခအထောက်တော် - ရန်ကုန်) ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ၊ ၈၈ ခုနှစ် ရဲ့ ၈ လပိုင်း ၈ ရက်နေ့ကို ၈ ဂဏန်း ၄ လုံးထပ်တဲ့နေ့အဖြစ် သပိတ်မှောက် ဆန္ဒပြဖို့ ချိန်းဆိုတဲ့နေ့ ဖြစ်လာရာက ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဆိုရှယ်လစ်စနစ် အမည်ခံထားတဲ့ တပါတီ စစ်အာဏာရှင်စနစ်ကို စိတ်ကုန်နေကြတဲ့ ပြည်သူလူထုက ဆန္ဒပြကြ ၊ တပါတီထဲ ကြီးစိုးတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ အတိုကောက်အားဖြင့် မဆလ ပါတီကို စပြီးတွန်းလှန်ကြတဲ့ နေ့ဖြစ်ပါတယ်။ ရှစ်လေးလုံးမတိုင်ခင် နိုင်ငံရေးအရ ဆန့်ကျင်ကြတဲ့ ၁၉၈၇ ခုနှစ် ငွေစက္ကူဖျက်သိမ်းမှု အပြီးမကျေနပ်လို့ဆန့်ကျင်ကြတဲ့ အဖြစ်အပျက်၊ တခါ ၁၉၈၈ ခုနှစ် မတ်လ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့ရတဲ့ အရေးအခင်း၊ အဲဒီနှစ် ဇွန်လမှာပဲ မြေနီကုန်း အရေးအခင်းတွေက ရှစ်လေးလုံးနေ့မှာ အားလုံး တပြိုင်နက်ထဲ စတင်ဆန္ဒပြကြဖို့ အတွက် တွန်းအားဖြစ်စေခဲ့တာဖြစ်ပါတယ်။ အထက်က သမိုင်းအဖြစ်အပျက်တွေက အများသိရှိသလောက် သိရှိပြီးဖြစ်ကြပါလိမ့်မယ်။ အခု ၂၀၂...
Unsung Heroes and Burmese People of Burma Democracy Uprising - content maintained by MoeMaKa Team