Skip to main content

မြန်မာရှိ ဘီယာအကျိုးတူလုပ်ငန်း ဂျပန်ကုမ္ပဏီ Kirin ရပ်ဆိုင်းမည် - Japan stopped joint business with Regime



မြန်မာရှိ ဘီယာအကျိုးတူလုပ်ငန်း ဂျပန်ကုမ္ပဏီ Kirin ရပ်ဆိုင်းမည်
တိုကျို၊ ဖေဖော်ဝါရီ ၅
ဂျပန်နိုင်ငံ၏ Kirin Holdings က မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ အကျိုးတူပူးပေါင်းမှုနှစ်ခုကို ရပ်ဆိုင်းသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး ယခုတစ်ပတ်အစောပိုင်းကဖြစ်ပွားခဲ့သည့် တပ်မတော်အာဏာသိမ်းမှုကို လူသိရှင်ကြားပြောဆိုဝေဖန်ခဲ့သည့် ပထမဆုံးဂျပန်ကုမ္ပဏီဖြစ်လာခဲ့ကြောင်း Nikkei Asia သတင်းဌာနတွင် ဖော်ပြသည်။
“တပ်မတော်ရဲ့လုပ်ဆောင်ချက်တွေဟာ ကျွန်ုပ်တို့ရဲ့ စံနှုန်းတွေနဲ့ လူ့အခွင့်အရေးမူဝါဒတွေနဲ့ ဆန့်ကျင်နေပါတယ်” ဟု အဆိုပါ အဖျော်ယမကာကုမ္ပဏီက ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါဂျပန်ကုမ္ပဏီသည် မြန်မာဘီယာနှင့် မန္တလေးဘီယာတို့တွင် ရှယ်ယာအများစု ပိုင်ဆိုင်ထားပြီး မြန်မာ့တပ်မတော်အတွက် လူမှုရေးရန်ပုံငွေရှာပေးနေသည့် အဖွဲ့အစည်းဖြစ်သည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် Kirin တို့ ပူးတွဲပိုင်ဆိုင်ခြင်းဖြစ်သည်။
“ကျွန်ုပ်တို့မှာ ရွေးချယ်စရာ မရှိပါဘူး။ ဒါပေမဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ လက်ရှိ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုကို ရပ်ဆိုင်းသွားမှာပါ။ ဒီရပ်ဆိုင်းမှု ထိရောက်အောင် အရေးကြီးလိုအပ်တဲ့ အဆင့်တွေကို လုပ်ဆောင်သွားမှာပါ” ဟု Kirin က ထုတ်ပြန်သည်။
Kirin သည် မြန်မာဘီယာ၏ ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ သန်း ၅၆၀ ဖြင့် ၂၀၁၅ ခုနှစ်က ဝယ်ယူခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သို့ ရှယ်ယာ ၄ ရာခိုင်နှုန်း ပြန်လွှဲပေးခဲ့သည်။
“တိုင်းပြည်က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလအတွင်း ဝင်ရောက်နေတဲ့အချိန်မှာ ကျွန်ုပ်တိုရဲ့ စီးပွားရေးလုပ်ငန်းကတစ်ဆင့် တိုင်းပြည်စီးပွားရေးနဲ့ လူထုအပေါ်ကို အပေါင်းလက္ခဏာဆောင်တဲ့ အထောက်အပံ့ပေးနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် ကျွန်ုပ်တို့ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု Kirin က ထုတ်ပြန်သည်။
မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံခြားကုမ္ပဏီများသည် လူ့အခွင့်အရေးအဖွဲ့များ၏ ဖိအားပေးမှုကို ခံနေခဲ့ရသည်။
တက်ကြွလှုပ်ရှားသူများသည် တနင်္လာနေ့ (ဖေဖော်ဝါရီ ၁ရက်နေ့) တပ်မတော် အာဏာသိမ်းမှု မတိုင်ခင်ကပင် တပ်မတော်အတွက် အကျိုးဖြစ်စေသည့် ၎င်းတို့၏ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ရပ်ပစ်ရန် Kirin ကို တောင်းဆိုခဲ့ကြသည်။
Kirin ၏ ထုတ်ပြန်ချက်ကို ကာလရှည်စောင့်ခဲ့ရသော်လည်း ယခုလုပ်ဆောင်မှုကိုကြိုဆိုကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဆိုသည်။
“တပ်မတော်နဲ့ ပူးပေါင်းမှုရှိတဲ့ တခြားနိုင်ငံခြားကုမ္ပဏီတွေလည်း အရေးပေါ်နဲ့ ပွင့်လင်းမြင်သာမှု ရှိတဲ့ပုံစံမျိုးမှာ Kirinရဲ့ ခြေရာကိုနင်းပြီးတော့ လိုက်လုပ်သင့်တယ်” ဟု အဆိုပါအဖွဲ့အစည်း၏ အာရှအစီအစဉ်ရေးရာအရာရှိ တပေးကာဆိုင်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင်း လုပ်ဆောင်လျှက်ရှိသည့် အမေရိကန်ဒေါ်လာ တစ်ဘီလီယံတန် စီမံကိန်းကို ထိုင်းနိုင်ငံ၏ အကြီးဆုံးစက်မှုဇုန်တည်ဆောက်ရေးလုပ်ငန်းဖြစ်သည့် အမာတာကလည်း လုပ်ငန်းရပ်ဆိုင်းလိုက်ကြောင်း ဖေဖော်ဝါရီလ ၂ရက်နေ့က ကြေညာထားသည်။

Comments

Popular posts from this blog

Naw Phn Hla - Hunger Strike - 29th August 2013

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ လက်ပံတောင်းကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြခဲ့သူ ဒေါ်နော်အုန်းလှကို နိုင်ငံတော် အကြည်အညို ပျက်စေမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ပြီးနောက် မုံရွာ အကျဉ်းထောင်တွင် ဒေါ်နော်အုန်းလှ အစာငတ်ခံဆန္ဒပြနေကြောင်း သတင်းရရှိသည်။ ဒေါ်နော်အုန်းလှကို သြဂုတ်လ ၂၉ ရက်နေ့က မုံရွာမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅(ခ) နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ ပြီး မုံရွာအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း၊ မုံရွာအကျဉ်းထောင်တွင် ဒေါ်နော်အုန်းလှ အစာငတ်ခံ ဆန္ဒပြနေသည်မှာ ၁၃ ရက်အထိ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။ ” ကျနော်က ဒေသခံတွေဆီကတဆင့် သိရတာ။ ဒေါ်နော်အုန်းလှ အစာငတ်ခံဆန္ဒပြနေတဲ့ သတင်းကတော့ ဟုတ်တယ်။ ကျနော်ကတော့ သူ့အမှုကို အယူခံဝင်နိုင်ဖို့ တရားရုံးက ထွက်ဆိုချက်မိတ္တူတွေ စောင့်နေတုန်းပဲ ရှိသေးတယ်”ဟု ရှေ့နေဦးရောဘတ်စန်းအောင်က ဧရာဝတီသို့ ပြောသည်။ မုံရွာအကျဉ်းထောင်မှ တာဝန်ရှိသူများက အကျဉ်းထောင်တွင် ဒေါ်နော်အုန်းလှ အစာငတ်ခံ ဆန္ဒပြမှုသတင်းကို အတည် ပြုသော် လည်း အသေးစိတ် ဖြေကြားခွင့် မရှိကြောင်း ဧရာဝတီကို ပြောသည်။ မုံရွာအကျဉ်းထောင်၏ နေပြည်တော် ပြည်ထ...

MoeMaKa Daily - 28th June 2022

Daily Digest from MoeMaKa Media ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ် ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း... MoeMaKa Media 1h ဖေကြီး (လေရှီး) - ထိုင် ထ ပုံပြင် Image- Crdထိုင် ထ ပုံပြင်ဖေကြီး (လေရှီး)(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂      ကြားခဲ့ဖူးတဲ့ ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်များစွာထဲက... MoeMaKa Media 7h လင်းနွေးအိမ် - အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် လင်းနွေးအိမ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ ညီမလေးရေရှေးရိုးစွဲတွေနဲ့ လမ်းထွင်သူတွေကြားမှာဒီလိုနဲ့ပဲမဖြစ်နိုင်ဘူးလို့... MoeMaKa Media 7h မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း(မိုးမခ) ဇွန် ၂၈၊ ၂၀၂၂ ကယားပြည်နယ်က စီဒီအမ်မလုပ်တဲ့ ကျောင်းဆရာ/မတွေ... MoeMaKa Media 23h -- Send email to -  editors@moemaka.net  to contact and contribute with MoEmAKa MoeMaKa on Facebook Page from here   (For Burma / Myanmar User) MoeMaKa News & Media covering Burmese Community http://www.MoeMaKa.Com  - Burmese ...

Aye Aung

ဓားစားခံ ကိုအေးအောင် ကိုအေးအောင်ရဲ့ ဓာတ်ပုံကိုပြသနေတဲ့ ဖခင် ဦးသောင်းစိန် (ဓာတ်ပုံ - AFP) ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အွန်လိုင်းမှာ တွေ့ရတာက ထောင်ကျနေသူကိုအေးအောင် ရဲ့ မိဘနှစ်ပါး ဓာတ်ပုံတွေပါ။ သူတို့က သတင်းထောက်ကို ကိုအေးအောင်ရဲ့ ဓာတ်ပုံ ပြသနေတဲ့ ပုံတွေ ဖြစ်ပါတယ်။ ကိုအေးအောင် ဆိုတာ နိုင်ငံရေးသမား လူငယ်လေးတဦးပါ။ အစိုးရက သူ့ကို ထောင်ထဲထည့်ထားတာ ၁၀ နှစ် မကတော့ပါဘူး။ လောလောဆယ်မှာတော့ မြန်မာအစိုးရကို အပြောင်းအလဲတွေ လုပ်တယ် ဆိုပြီး နိုင်ငံတကာက ချီးကျူးနေကြပါတယ်၊ ကိုအေးအောင်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို ချီးကျူးပြောဆိုစရာဆိုလို့ ကိုအေးအောင်ဟာ အသက်ရှင်လျက် ရှိနေသေးတယ် ဆိုတာပါပဲ။ သူနဲ့အတူ ကလေးမြို့အကျဉ်းထောင်ကို အတူရောက်သွားခဲ့တဲ့၊ သူ့လိုပဲ ထောင်ဒဏ် နှစ် ၆၀ ၀န်းကျင် ချမှတ်ခံခဲ့ရတဲ့ ကိုသက်ဝင်းအောင်ကတော့ ထောင်ထဲမှာ သေဆုံးသွားခဲ့ပါပြီ။ ကိုသက်ဝင်းအောင်လို အဖြစ်မျိုး သူ မကြုံရတဲ့အတွက် ကျေးဇူးတင်တယ်လို့ ကြံဖန် ပြောရမလိုပါပဲ။ ကိုအေးအောင်တို့ကို မလွှတ်ပေးသေးတာနဲ့ ပတ်သက်ပြီး ပေးလာတဲ့ ဆင်ခြေက အကြမ်းဖက်လုပ်ငန်းတွေနဲ့ ဆက်စပ်နေလို့ပါ တဲ့။ ထောက်လှမ်းရေးစစ်ကြောချက်၊ တရားရုံးစီရင်ချက်တွေကို ကြည့်ပြီး ပြောတာ ...