Skip to main content

Death sentence, helping in Nargis area and Valentine's Day


သေဒဏ်၊ နာဂစ် ကူညီမှု၊ ချစ်သူများနေ့
ကိုဝင်း
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၁
ဇော်သက်ထွေး (photo:irrawaddy)

ဒီနေ့ ချစ်သူများနေ့။
ချစ်သူများနေ့မှာ မိသားစုနဲ့ ဝေးကွာနေသူတယောက်အကြောင်း။

“ကားလမ်း မပေါက်ဘဲနဲ့ ရွှံ့ဗွက်တွေကြားထဲက သွားရတဲ့ ရွာလေးတွေ ရှိတယ်။ အဲဒီရွာလေးကျတော့ ဒီက ရန်ကုန်က သွားလှူတဲ့လူတွေလည်း မသွားနိုင်ဘူး” ဆိုပြီး ၂၀၀၈ နာဂစ်ဒေသ အကြောင်း ပြောသွားသူကတော့ ဇော်သက်ထွေး ဖြစ်ပါတယ်။ ဒီလိုပြောပြီး သိပ်မကြာခင်မှာ အာဏာပိုင်တို့က သူ့ကို ဖမ်းပြီးတော့ ပုဒ်မမျိုးစုံနဲ့ ထောင် ၁၉ နှစ် ချလိုက်တယ်၊ နောက်ပိုင်း ၈ နှစ် လျှော့ပေးတယ် တဲ့။

ကျနော် သူ့ကို မမြင်ဖူးပါဘူး။ ၂၀၀၄ နှစ်ဆန်းပိုင်း AAPP ရုံးရောက်လာတဲ့ တရားရုံး မှတ်တမ်းတခုမှာ သူ့ကို သေဒဏ် စီရင်ချက် ချထားတယ် ဆိုတာ ဖတ်မိရာကနေ သူ့နာမည်ကို အစပြု ကြားမိပါတယ်။ အမှုက ပြည်ပ မိတ်ဆွေတယောက်နဲ့ ဖုန်း အဆက်အသွယ်လုပ်မှု။ အံ့သြစရာ။ အမှုတွဲတွေက ILO နဲ့ဆက်သွယ်သူ ရှေ့နေဦးအေးမြင့်၊ ဗိုလ်ချုပ်ကြီးများကို လုပ်ကြံမယ် ဆိုတဲ့ မွန်ပြည်သစ်ပါတီဝင်တွေ။ အမှုမှာ သက်သေခံပစ္စည်းတခုက “ILO အရာရှိရဲ့ လိပ်စာကတ်” ဆိုတော့ ILO သိအောင် လုပ်မှပဲ ဆိုပြီး ဘာသာပြန် ပို့ပေးလိုက်တယ်။

မကြာခင် အမှု ပြန်စစ်တယ်၊ သေဒဏ်တွေက ထောင်ဒဏ်တွေ ဖြစ်သွားတယ်။ ပြီးတော့ ပြန်လွတ်လာတယ်။

ဇော်သက်ထွေးက ၈ လေးလုံး နောက်ပိုင်း ဖွဲ့တဲ့ လူ့ဘောင်သစ်ပါတီမှာ လှုပ်ရှားတယ်၊ ဒါကြောင့် ထောင် ၃ နှစ် ချခံရဖူးတယ် တဲ့။ အခု သူ ရောက်နေတဲ့ အကျဉ်းထောင်ဟာ ရန်ကုန်မှာနေတဲ့ ဇနီး၊ သမီးငယ် တို့နဲ့ အလှမ်းကွာလွန်းတဲ့ တောင်ကြီးမြို့မှာပါ။ ဇနီးဖြစ်သူ ပြောပြတဲ့ သူတို့ရဲ့ ဘ၀ တစိတ်တဒေသကို ဒီလိုပါ။

“သမီးကို ဖေဖေ စာရေးပေး လိုက်တယ် တဲ့၊ လိမ်လိမ်မာမာနေ တဲ့၊ ပြန်လာရင် တိရစ္ဆာန်ရုံလိုက်ပို့မယ် တဲ့၊ ကျားကြီးတွေ ကြည့်မယ်၊ ဆင်ကြီးတွေ ကြည့်မယ်၊ သူ့သမီးက အဲဒါကို နှုတ်တိုက် ရွတ်နေတာပဲ” တဲ့။

ကိုးကားချက် DVB သတင်းများ (၁)(၂)


Comments

Popular posts from this blog

MoeMaKa Daily - 28th June 2022

Daily Digest from MoeMaKa Media ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ် ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း... MoeMaKa Media 1h ဖေကြီး (လေရှီး) - ထိုင် ထ ပုံပြင် Image- Crdထိုင် ထ ပုံပြင်ဖေကြီး (လေရှီး)(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂      ကြားခဲ့ဖူးတဲ့ ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်များစွာထဲက... MoeMaKa Media 7h လင်းနွေးအိမ် - အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် လင်းနွေးအိမ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ ညီမလေးရေရှေးရိုးစွဲတွေနဲ့ လမ်းထွင်သူတွေကြားမှာဒီလိုနဲ့ပဲမဖြစ်နိုင်ဘူးလို့... MoeMaKa Media 7h မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း(မိုးမခ) ဇွန် ၂၈၊ ၂၀၂၂ ကယားပြည်နယ်က စီဒီအမ်မလုပ်တဲ့ ကျောင်းဆရာ/မတွေ... MoeMaKa Media 23h -- Send email to -  editors@moemaka.net  to contact and contribute with MoEmAKa MoeMaKa on Facebook Page from here   (For Burma / Myanmar User) MoeMaKa News & Media covering Burmese Community http://www.MoeMaKa.Com  - Burmese ...

Mya Aye

ကိုမြအေး သားကြီး(AAPP) မတ် ၁၄၊ ၂၀၁၁ စ ဆုံဖူးတာက ရန်ကုန်တက္ကသိုလ်မှာ စတည်တဲ့ ဘွဲ့ရကျောင်းသားဟောင်းများ သမဂ္ဂမှာ၊ ၈၈ အရေးတော်ပုံကြီးထဲမှာ သူက တက်တက်ကြွကြွ။ နောက်တော့ မောင်ထော်လေးလမ်းထဲက ဂေါ်ဇဒါ (GOSDA) လို့ အလွယ် ခေါ်ကြတဲ့ ဘွဲ့ရ ကျောင်းသားဟောင်းများ အဖွဲ့။ အဲဒီတုန်းက ကျောင်းသားတွေ ဆုံရပ်မှာပေါ့- နောက်ပိုင်း စုစုဝေးဝေး ပြန်ဆုံကြတော့ ၁၉၉၀ ဧပြီ အင်းစိန်ထောင် ၅ ဆောင်မှာ။ သူက မြောက်ပိုင်း ABSDFနဲ့ ဆက်သွယ်မှု အပါအ၀င် စာအုပ်စိမ်း လို့ ခေါ်တဲ့ အုပ်စုနဲ့ အတူ ပုဒ်မ ၅ည။ ၁၇/၁ နဲ့ ထောင် ၈ နှစ် ကျနေချိန်။ ၁၉၉၀ မေဒေးနေ့မှာ အကျဉ်းသား အခွင့်အရေး တောင်းဆိုကြတော့ ထောင်စည်းကမ်း ဖောက်ဖျက်တယ် ဆိုပြီး ဦးဆောင်သူ ကိုမြအေးကို ထောင်အထူးအရာရှိ ဦးဘိုကြည်က စီးထားတဲ့ သားရေဖိနပ်နဲ့ ပါးရိုက်ပြီး အပြစ်ဒဏ် ပေးခဲ့တယ်။ နောက် အားလုံးကို လူစုခွဲ။ ထောင်ဝင်စာတွေ ပိတ်တဲ့သူပိတ်။ ဒီနောက် အသီးသီး ထောင်တွေပြောင်းခဲ့ကြ။ ဝေးခဲ့ကြ။ သူလွတ်၊ ကိုယ်ပြန်ဝင်။ ထောင်သံသရာထဲမှာ ဖြတ်သွား ဖြတ်လာ။ သူက တောင်ငူထောင်က လွတ်ပြီး မိသားစု စီးပွားရေး၊ မိသားစုဘ၀ကို တည်ဆောက်နေရင်း ၈၈ အုပ်စုတွေနဲ့ မစိမ်း။ နိုင်ငံရေးလောကနဲ့ မပြတ်။ လူမှုရေးပွဲတွေ ...

Tu Ki in Thayet priosn

မဲန်ဒဲလား ထောင်သက် ၂၇နှစ်ကျော်၊ လွတ်။ ကရင်ရဲဘော်လေး တူးကီ ထောင်သက် ၂၈ နှစ်ကျော်၊ နေဆဲ။ နယ်လ်ဆင်မဲန်ဒဲလားက ထောင်ထဲမှာ ၂၇နှစ်ကျော် နေခဲ့ရတယ်။ ထောင်ထဲ နှစ်ရှည်နေရတာကြောင့်ရော၊ သူ့ရဲ့ လေးစားဖွယ်လုပ်ရပ်တွေကြောင့်ရော ကမ္ဘာကျော်ခဲ့တယ်။ ကရင်တော်လှန်ရေး ရဲဘော်လေး တူးကီ ခေါ် ခင်မောင်လင်း ထောင်ထဲ ရောက်နေတာ ၂၈ နှစ် ကျော်လာပြီ ဖြစ်ပေမဲ့ ဒါကို အလွန် လူသိနည်းလှပါတယ်။ သူ့သက် ၂၀ မပြည့်သေးချိန် ၁၉၈၂ ခုနှစ်မှာ စတင် အကျဉ်းချခံရတာပါ။ နိုင်ငံတကာက တောင်းဆိုနေသလို ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်တို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် လွတ်မြောက်လာရင်တော့ တူးကီလည်း လွတ်နိုင်ကောင်းပါရဲ့။ နိုင်ငံရေးအကျဉ်းသားတွေ ဝင်လိုက်ကြ ထွက်လိုက်ကြနဲ့ ရှိနေပေမယ့် မန်းငွေအောင် အမှုတွဲ တူးကီကတော့ အိမ်ရှင် အကျဉ်းသားကြီးဖြစ်လို့ ဧည့်သည်တော်များကို တယောက်ပြီးတယောက် ဧည့်ခံနေရသူပါ။ အာဟာရမဲ့ ခြုံပုတ်ပြုတ်ရည်၊ ဒေါက်၊ ခြေကျင်းနဲ့ ကျားတွေ ခြသေ့င်္တွေလို နှစ်ရှည်လများ တိုက်ပိတ်၊ တနေ့ကို ၁၀ မိနစ်လောက် မြေကြီးနဲ့ ထိတွေ့ခွင့်ရ ဆိုတာတွေဟာ တူးကီရဲ့ ထောင်သက်၂၈နှစ်ကျော် မှတ်တမ်းတွေပါပဲ။ ရက်စက်ကြမ်းကြုတ် အင်းစိန်ထောင်ကနေ ရက်စက်ပူပြင်း သရက်ထောင်ကိ...