နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင် ကို တွေ့ရစဉ် ဓာတ်ပုံ - ဦးကျော်မင်းလှိုင် - Facebook အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ဥတ္တရသီရိအမတ် အဖမ်းခံရ ဒီကနေ့ မတ်လ ၁ ရက် မနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင် ကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ မြို့နယ် NLD အဖွဲ့ဝင်တွေက ပြောပါတယ်။ ဒီကနေ့ မနက် ၁၁ နာရီခွဲလောက်မှာ ဦးကျော်မင်းလှိုင်က ဥတ္တရသီရိမြို့နယ် ဗန္ဓုလ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ပြီးအပြန်၊ အရပ်၀တ်နဲ့စောင့်နေတဲ့ ရဲတွေက လာရောက်ဖမ်းဆီးသွားတာလို့ အမည် မဖော်လိုတဲ့ အဖွဲ့ချုပ်လူငယ်တစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော် ပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးကလည်း ဦးကျော်မင်းလှိုင် အဖမ်းခံလိုက်ရကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ အတည်ပြုပြောကြားခဲ့ပြီး၊ ရဲတပ်ဖွဲ့ က ဒီရက်ပိုင်းမှာ NLD ပါတီကိုဖျက်သိမ်းပြီး လွှတ်တော်အမတ်တွေနဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တွေကို ဖမ်းဆီးမယ်လို့ သတင်းရကြောင်း၊ ဒါ့ကြောင့် လုံခြုံရေးဂရုစိုက်ဖို့လိုကြောင်း သတိပေးန...
Unsung Heroes and Burmese People of Burma Democracy Uprising - content maintained by MoeMaKa Team