Skip to main content

Reporter from Myitkyeenar Arrested Feb 28th 2021

မြစ်ကြီးနားအခြေစိုက် The 74 Media မှ သတင်းထောက်တစ်ဦး ဖမ်းဆီးခံရ
***************
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မြစ်ကြီးနားမြို့ က ပြည်လုံးကျွတ်အထွေထွေသပိတ်နေ့ ဆန္ဒထုတ်ဖော်ရာတွင်သတင်းရယူနေသည့် The 74 Media မှ သတင်းထောက် တစ်ဦး ဖမ်းဆီးခံထားရကြောင်း သိရသည်။
ယနေ့မနက်(၁၀)နာရီ အချိန်ခန့်တွင် အောင်နန်းရပ်ကွက်ရှိ ဘုရားကျောင်းအပေါ်တွင် သတင်းဗွီဒီယို ရိုက်ကူး ရယူနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အဆိုပါ သတင်းထောက်နှင့် ဆက်သွယ်ရရှိစဉ်က သိရကြောင်း The 74 Media မှ အယ်ဒီတာချုပ် ကိုထွယ်အောင်က ပြောသည်။
"အဖမ်းခံရတာတော့ ဒီမနက် ၁၀ နာရီ ပတ်ဝန်းကျင်လောက်မှာ ဟုတ်တယ်။ သူအောင်နန်းဘုရားကျောင်းပေါ်မှာ သတင်းဗွီဒီယို ရိုက်နေတဲ့အချိန်မှာ ဖမ်းသွားတာပေါ့။ ဖမ်းတဲ့အချိန်မှာ သူ့ကို နှစ်ချက်ရိုက်တယ်လို့လည်း ကျွန်တော်တို့ ကြားပါတယ်။သူပြောပြတာက ရိုက်တယ်၊ မကြားဝံ့မနာသာတွေ ဆဲတယ်ဆိုတဲ့ဟာတွေလည်း ကျွန်တော်တို့ကြားရတယ်။ ကျွန်တော် နောက်ဆုံးအဆက်အသွယ်ရတာက သူ့ကို မြောက်ပိုင်းတိုင်းဘက်ကို ခေါ်သွားပြီလို့ ကျွန်တော်တို့ ကြားရတယ်ခင်ဗျာ။"နောက်ဆုံးအခြေအနေကတော့ သူနဲ့အဆက်အသွယ် မရတော့ဘူး အဲဒီတိုင်းဘက်ခေါ်သွားတယ်ဆိုတဲ့ အဲဒါပဲသိပြီး နနောက်ပိုင်းတော့ဘာဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့လည်း မသိဘူး။"ဟု ကိုထွယ်အောင်က ဆိုသည်။
ဖမ်းဆီးထားခံရသည့် သတင်းထောက် ကိုပေါင်လန်းတောင် လွတ်မြောက်လာရေးအတွက် The 74 Media ဘက်မှ စေ့စပ်ညှိနှိုင်းရေးအဖွဲ့များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)များ နှင့် ညှိနှိုင်းပြီး ကြိုးစားလုပ်ဆောင် လျက်ရှိကြောင်း သိရသည်။လူတစ်ဦး နှင့် ထိုင်နေသည် ရဲ့ ဓာတ်ပုံတစ်ပုံ ဖြစ်နိုင်ပါတယ်
၅ထောင်Ma Snow နှင့် အခြား ၅ထောင် ဦး
မှတ်ချက် ၁၁၅ ခု
မျှဝေသူ ၅၃၃ ဦး
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်

--
Send email to - editors@moemaka.net  to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://eng.moemaka.net  - English Edition
http://MoeMaKa.Net - Audio & Video Archives

Comments

Popular posts from this blog

MoeMaKa Daily - 28th June 2022

Daily Digest from MoeMaKa Media ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ် ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း... MoeMaKa Media 1h ဖေကြီး (လေရှီး) - ထိုင် ထ ပုံပြင် Image- Crdထိုင် ထ ပုံပြင်ဖေကြီး (လေရှီး)(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂      ကြားခဲ့ဖူးတဲ့ ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်များစွာထဲက... MoeMaKa Media 7h လင်းနွေးအိမ် - အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် လင်းနွေးအိမ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ ညီမလေးရေရှေးရိုးစွဲတွေနဲ့ လမ်းထွင်သူတွေကြားမှာဒီလိုနဲ့ပဲမဖြစ်နိုင်ဘူးလို့... MoeMaKa Media 7h မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း(မိုးမခ) ဇွန် ၂၈၊ ၂၀၂၂ ကယားပြည်နယ်က စီဒီအမ်မလုပ်တဲ့ ကျောင်းဆရာ/မတွေ... MoeMaKa Media 23h -- Send email to -  editors@moemaka.net  to contact and contribute with MoEmAKa MoeMaKa on Facebook Page from here   (For Burma / Myanmar User) MoeMaKa News & Media covering Burmese Community http://www.MoeMaKa.Com  - Burmese ...

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ...

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ... : ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိသည်။ သတင်းအချက်အလက်များအရ(၁၉.၁၁.၂၀၂၁) ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် - ၈၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ - ၃၅ ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက တိုင်းဒေသကြီးများတွင် ဖြစ်ပွားပေါ်ပေါက်လျက်ရှိသည်။ မှတ်ချက်။ ။မြေပြင်တွင် ယခုတွေ့ရသည့် သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွားနိုင်ပါသည်။ ။ Attachments: ...

Photos from Ministry of Communications, Information and Technology - Myanmar's post

Photos from Ministry of Communications, Information and Technology - Myanmar's post : ကာကွယ်ရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ဝေသော နေ့စဉ်စစ်ရေးအကျဉ်းချုပ် မှတ်ချက်။ ။ မြေပြင်သတင်းတာဝန်ခံများနှင့်သတင်းဌာနများမှ ဖော်ပြလာသော အချက်အလက်များအပေါ် အခြေခံပြုစုထားသည်။ Attachments: