Skip to main content

NLD Elected Representative Kyaw Min Hlaing arrested in Naypyidaw, Mar 1st, 2021

အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ဥတ္တရသီရိအမတ် အဖမ်းခံရနေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင် ကို တွေ့ရစဉ်
 ဓာတ်ပုံ - ဦးကျော်မင်းလှိုင် - Facebook

အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ဥတ္တရသီရိအမတ် အဖမ်းခံရ

ဒီကနေ့ မတ်လ ၁ ရက် မနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင် ကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ မြို့နယ် NLD အဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီကနေ့ မနက် ၁၁ နာရီခွဲလောက်မှာ ဦးကျော်မင်းလှိုင်က ဥတ္တရသီရိမြို့နယ် ဗန္ဓုလ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ပြီးအပြန်၊ အရပ်၀တ်နဲ့စောင့်နေတဲ့ ရဲတွေက လာရောက်ဖမ်းဆီးသွားတာလို့ အမည် မဖော်လိုတဲ့ အဖွဲ့ချုပ်လူငယ်တစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော် ပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးကလည်း ဦးကျော်မင်းလှိုင် အဖမ်းခံလိုက်ရကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ အတည်ပြုပြောကြားခဲ့ပြီး၊ ရဲတပ်ဖွဲ့ က ဒီရက်ပိုင်းမှာ NLD ပါတီကိုဖျက်သိမ်းပြီး လွှတ်တော်အမတ်တွေနဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တွေကို ဖမ်းဆီးမယ်လို့ သတင်းရကြောင်း၊ ဒါ့ကြောင့် လုံခြုံရေးဂရုစိုက်ဖို့လိုကြောင်း သတိပေးနှိုးဆော်ထား ပါတယ်။

ဦးကျော်မင်းလှိုင် ကို ဘာကြောင့်ဖမ်းသလဲဆိုတာ သိနိုင်ဖို့အတွက် နေပြည်တော် ဥတ္တရသီရိရဲစခန်းကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။


--
Send email to - editors@moemaka.net  to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://eng.moemaka.net  - English Edition
http://MoeMaKa.Net - Audio & Video Archives

Comments

Popular posts from this blog

MoeMaKa Daily - 28th June 2022

Daily Digest from MoeMaKa Media ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ် ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း... MoeMaKa Media 1h ဖေကြီး (လေရှီး) - ထိုင် ထ ပုံပြင် Image- Crdထိုင် ထ ပုံပြင်ဖေကြီး (လေရှီး)(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂      ကြားခဲ့ဖူးတဲ့ ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်များစွာထဲက... MoeMaKa Media 7h လင်းနွေးအိမ် - အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် လင်းနွေးအိမ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ ညီမလေးရေရှေးရိုးစွဲတွေနဲ့ လမ်းထွင်သူတွေကြားမှာဒီလိုနဲ့ပဲမဖြစ်နိုင်ဘူးလို့... MoeMaKa Media 7h မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း(မိုးမခ) ဇွန် ၂၈၊ ၂၀၂၂ ကယားပြည်နယ်က စီဒီအမ်မလုပ်တဲ့ ကျောင်းဆရာ/မတွေ... MoeMaKa Media 23h -- Send email to -  editors@moemaka.net  to contact and contribute with MoEmAKa MoeMaKa on Facebook Page from here   (For Burma / Myanmar User) MoeMaKa News & Media covering Burmese Community http://www.MoeMaKa.Com  - Burmese ...

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ...

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ... : ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိသည်။ သတင်းအချက်အလက်များအရ(၁၉.၁၁.၂၀၂၁) ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် - ၈၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ - ၃၅ ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက တိုင်းဒေသကြီးများတွင် ဖြစ်ပွားပေါ်ပေါက်လျက်ရှိသည်။ မှတ်ချက်။ ။မြေပြင်တွင် ယခုတွေ့ရသည့် သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွားနိုင်ပါသည်။ ။ Attachments: ...

Photos from Ministry of Communications, Information and Technology - Myanmar's post

Photos from Ministry of Communications, Information and Technology - Myanmar's post : ကာကွယ်ရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ဝေသော နေ့စဉ်စစ်ရေးအကျဉ်းချုပ် မှတ်ချက်။ ။ မြေပြင်သတင်းတာဝန်ခံများနှင့်သတင်းဌာနများမှ ဖော်ပြလာသော အချက်အလက်များအပေါ် အခြေခံပြုစုထားသည်။ Attachments: