Skip to main content

[Interviews] Min Ko Naing with RFA's U Khin Maung Soe

ဧပြီလမကုန်ခင်တဲ့။ တာဝန်ကိုယ်စီနော်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄
စစ်ကောင်စီကနေ CRPH ကို ယုံကြည်မှုပျက်ပြားအောင်တိုက်ခိုက်နေတာတွေရှိတယ်။ CRPH က မျိုးဆက်သစ်များစွာနဲ့ သွေးသစ်လောင်းထားတာဗျ။ စုပေါင်းဦးဆောင်မှု၊ စုပေါင်းတာဝန်ခံမှုနဲ့သွားတာဗျ။ ခေါင်းဆောင်တစ်ယောက်တည်းကို ဘာမဆိုအပ်ထားတာနဲ့ကတော့ ကွာတယ်ဗျ။ ကျွန်တော်ကတော့ အားရတယ်။ မကြာခင်မှာ ခိုင်ခန့်တဲ့ တည်ဆောက်မှုကို တွေ့ရပါလိမ့်မယ်။ ဒါကိုတော့ ယုံကြည်ပါလို့ ကျွန်တော်ပြောချင်ပါတယ်။
ပြည်သူ့အုပ်ချုပ်ရေးကို ခိုင်မာအောင်လုပ်ပါ။
ပြီးရင် ပြည်သူ့လုံခြုံရေးကိုသွားပါ။
ပြီးမှ ပြည်သူ့ကာကွယ်ရေးဆီကိုသွားရမယ်။
ဘယ်တွေကိုသွားရမှာလဲဆိုတော့ လုံခြုံစိတ်ချရတဲ့ သင်တန်းပေးနေတဲ့ နယ်မြေတွေကိုသွားရမှာဗျ။ တိုင်းရင်းသားတွေနဲ့ လက်တွဲပြီးလုပ်ရမယ်။ မြို့ပေါ်မှာနေနိုင်တဲ့သူတွေကလည်း ပြောက်ကျားစနစ်နဲ့ ဆန္ဒပြနေကြရမယ်။ အဓိကကတော့ #စစ်ကောင်စီကို_လက်မခံဘူး#ဆန့်ကျင်တယ်ဆိုတာကို ပြနေဖို့ပါပဲ။
ဖယ်ဒရယ်နိုင်ငံတော်သစ်တည်ထောင်တဲ့အခါမှာ ဖယ်ဒရယ်အာမီပဲဖြစ်နေရမယ်။ ဒါကို အဆင့်ဆင့်သွားရပါတယ်။ အဲလိုပြောလို့ ကြာမှာလားလို့မေးရင် ကျွန်တော်တို့က မကြာချင်ဘူး။ မကြာချင်ပေမယ့် အဆင့်ကိုကျော်လို့တော့မရဘူးဗျ။
သတိထားရမယ့်အချက်
ထောင်ထဲမှာသိခဲ့တာလောက်နဲ့ မလုံလောက်ဘူးနော်။ ဒလန်တွေထည့်ထားတတ်တယ်။ အရင်းအနှီးကကြီးတယ်ဆိုတာ လူတိုင်းသိတယ်ဗျ။ ဘာပြုလို့လဲဆိုတော့ ကျွန်တော်တို့က အပြောင်းအလဲဲကောင်းကောင်းကြီး၊ အောင်ပွဲကြီးကိုလိုချင်တာကိုးဗျ။ ဒါ့ကြောင့် ဖယ်ဒရယ်အာမီဆိုတာ အဆင့်ဆင့်သွားရမယ်။ ကြာမှာလားဆိုတော့ မကြာချင်ဘူး။ အဆင့်ကိုလည်းကျော်လို့မရဘူး။
စစ်ကောင်စီယန္တရားက ရပ်နေပြီ။ ဘဏ်တွေကိုပဲကြည့်၊ အခုပြန်ဖွင့်ရင်တောင် မရတော့ဘူး။
CDM ကနိုင်ပြီးနေပြီ။ CDM သမားတွေ ဆက်တောင့်ခံထားဖို့ CRPH ကလည်း ကော်မတီဖွဲ့ပြီး ပံ့ပိုးနေတယ်ဗျ။ #ဧပြီလမကုန်ခင်မှာ အလှည့်အပြောင်းကြီးဖြစ်အောင်အားလုံးက ကြိုးစားနေကြတယ်ဗျ။
NUG ဆိုတဲ့အမျိုးသားညီညွတ်ရေးအစိုးရကို မကြာခင် ကြေငြာပါလိမ့်မယ်။ အကြမ်းဖက်စစ်ကောင်စီကို ဖြုတ်ချကြဖို့ ရည်မှန်းချက်တူတယ်။ #ဒါတော်တော်အရေးကြီးလိမ့်မယ်နော်။ အဖွဲ့အစည်းအစုံပါမယ်။ ကျွန်တော်တို့ ဒီရက်တွေမှာ ဘာ့ကြောင့်အလုပ်များနေကရသလဲဆိုတော့ ပြည်တွင်း/ပြည်ပကအင်အားစုတွေကို အကုန်ညှိကြရတာဗျ။ မကြာခင်ရက်ပိုင်းမှာ ကြေငြာချက်ထွက်လာပါလိမ့်မယ်။ ဘယ်လောက်အားကောင်းတယ်။ ကမ္ဘာကြီးက မဟာမိတ်တွေအနေနဲ့ ဘယ်လောက်အားပေးမယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။
ကမ္ဘာကြီးဟာ အာဏာရှင်တွေဖက်မှာ အမြဲတမ်းလသာတဲ့ညတွေမရှိပါဘူး။ သူတို့လမိုက်ညတွေလည်း ကြုံရဦးမှာပါ။ #ဒီမိုကရေစီဆိုတဲ့အမှန်တရားဖက်ကလည်း #ကြယ်စုံလသာတဲ့ညတွေရောက်ကိုရောက်လာဦးမှာပါ။ လန်ဒန်သံရုံးကို အကြမ်းဖက်ဝင်စီးတယ်ဆိုတာ သူတို့ကြမ္မာငင်နေပြီ။ လုပ်သမျှ မှားနေတာ။ CNN သတင်းထောက်ကိုဖိတ်ပြီးခေါ်လိုက်တဲ့အခါမှာလည်း သူတို့မတရားလုပ်တာတွေ ကမ္ဘာကြီးကပိုပြီး သိခွင်ရသွားတယ်။
မကြာခင်မှာ ကမ္ဘာကြီးက အမှန်တရာနဲ့အလင်းပွင့်မှုကိုပိုပြီး မြင်လာမယ်။ ကျွန်တော်တို့ပြည်သူတွေရဲ့အောင်ပွဲကို ရောက်ကိုရောက်မယ်။ ဒါိကိုတော့ အခိုင်အမာယုံကြည်ပါတယ်။ ဒီကြားထဲမှာတော့ အားတင်း၊မာန်တင်းပြီး တွဲလက်တွေ မဖြုတ်ကြဖို့ပါပဲဗျာ။
(၈၈ကျောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင်ကို RFA မှ ဦးခင်မောင်စိုးရဲ့ ဆက်သွယ်မေးမြန်းချက်ကို အားအင်သစ် အကျိုးရှိစေရန် ကောက်နုတ်တင်ပြသည်။)

--
Send email to - editors@moemaka.net  to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://eng.moemaka.net  - English Edition
http://MoeMaKa.Net - Audio & Video Archives

Comments

Popular posts from this blog

MoeMaKa Daily - 28th June 2022

Daily Digest from MoeMaKa Media ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ် ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း... MoeMaKa Media 1h ဖေကြီး (လေရှီး) - ထိုင် ထ ပုံပြင် Image- Crdထိုင် ထ ပုံပြင်ဖေကြီး (လေရှီး)(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂      ကြားခဲ့ဖူးတဲ့ ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်များစွာထဲက... MoeMaKa Media 7h လင်းနွေးအိမ် - အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် လင်းနွေးအိမ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ ညီမလေးရေရှေးရိုးစွဲတွေနဲ့ လမ်းထွင်သူတွေကြားမှာဒီလိုနဲ့ပဲမဖြစ်နိုင်ဘူးလို့... MoeMaKa Media 7h မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း(မိုးမခ) ဇွန် ၂၈၊ ၂၀၂၂ ကယားပြည်နယ်က စီဒီအမ်မလုပ်တဲ့ ကျောင်းဆရာ/မတွေ... MoeMaKa Media 23h -- Send email to -  editors@moemaka.net  to contact and contribute with MoEmAKa MoeMaKa on Facebook Page from here   (For Burma / Myanmar User) MoeMaKa News & Media covering Burmese Community http://www.MoeMaKa.Com  - Burmese ...

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ...

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ... : ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိသည်။ သတင်းအချက်အလက်များအရ(၁၉.၁၁.၂၀၂၁) ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် - ၈၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ - ၃၅ ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက တိုင်းဒေသကြီးများတွင် ဖြစ်ပွားပေါ်ပေါက်လျက်ရှိသည်။ မှတ်ချက်။ ။မြေပြင်တွင် ယခုတွေ့ရသည့် သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွားနိုင်ပါသည်။ ။ Attachments: ...

အင်တာဗျူးကဏ္ဍ

အင်တာဗျူးကဏ္ဍ : အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၆) လပြည့်ကာလအတွင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအကြောင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်၏ PVTV အင်တာဗျုးတွင် ဖြေကြားချက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ https://fb.watch/9oGo8PYIJv/