Skip to main content

[Leaders] Dr Zaw Wai Soe

လေးစားပါတယ် ဆရာ ဇော်ဝေစိုး
-------------------
ကိုဗစ် ကုသရေးမှာ ဦးဆောင်နေတဲ့ ဂုဏ်ယူ လေးစားစရာ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ်၊ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး
မြင်းခြံမြို့မှာမွေးတယ်။(1961)
အဖ ဦးမောင်လေး အမိဒေါ်တင်ကြည်တို့ကမွေးတဲ့ သားသမီး၅ယောက်မှာ တတိယသား။
အကိုကြီးက ဦးကျော်မြင့်စိုး(B.E)
အမ က ဒေါ်မြင့်မြင့်စိုး(B.Ed)(ကွယ်လွန်)
ညီက ဦးဇော်လွင်စိုး(B.E) ညီမက
ဒေါ်မြင့်မြင့်မိုး(M.B,B.S)။
ဖခင်က စိုက်ပျိုးရေးဌာန
(ယခင်က မြေ. ကြေး.ရှင်း)မှာ လက်ထောက်မန်နေဂျာ။ တောင်တွင်းကြီးမြို့ကို
1968-69လောက်မှာ
ပထမတန်းတက်ဖို့ ပြောင်းရွှေ့ရောက်ရှိလာတယ်။တောင်တွင်းကြီး အ.မ.က(၃)အုန်းတောကျောင်းမှာ ပထမတန်းတက်တော့ ဆရာက သေတ္တာအကြောင်းသင်တယ်၊သူက အဲဒါ "သစ်တာ" လို့ ဘာလို့အသံထွက်ရလဲ၊ "သတ်တာ"လို့ အသံမထွက်ဘူးလား ဆိုပြီး ပြန်မေးခဲ့တဲ့ကလေး။ ဆရာသင်တာကိုမရှင်းလို့ပြန်မေးတဲ့ ပထမတန်းကျောင်းသား ရှားပါတယ်။
တောက်မည့်မီးခဲဟာ အဲဒီကတည်းက ရဲ နေပြီ။
မိဘတွေက သားသမီးတွေစာကြည့်တိုင်း အနားမှာနေပြီး လိုအပ်လိုရာကူညီဖေးမ
စောင့်ရှောက်တတ်တဲ့သန္ဓေဟာ သူ့ရင်ထဲမှာကိန်းအောင်းနေခဲ့တယ်။ ညီတွေညီမတွေ
စာကြည့်ရင် သူတို့နဲ့အတူအဖော်လုပ်ပြီး
ကူညီစောင့်ရှောက်နေပေးခဲ့သူ၊ သူငယ်ချင်းတွေကိုလည်း ဥွီးဆောင်ဦးရွက် ကူညီဖေးမတတ်သူ။ မိဘကသားသမီး ၅ယောက်ကျောင်းစာရိတ်လောက်ငှအောင် အိမ်မှာ မွေးမြူရေးလုပ်တော့ မိဘကိုကူညီ ၊ ကြက်ဥခြင်းလေးကိုင် ဆိုင်တွေလိုက်ပို့ရင်း မိဘကိုကူညီခဲ့သူ။
၇, ၈, ၉, ၁၀ တန်း လူရည်ချွန် ၄ထပ်ကွမ်းရတဲ့သူ။ လူရည်ချွန်ရတိုင်း ဝတ်စုံနဲ့ ရင်ထိုးတံဆိပ်တွေနဲ့ အတူ ကျွန်တော့အိမ်
မြိုင်ဓာတ်ပုံမှာ မှတ်တမ်းဓာတ်ပုံလာရိုက်ရင်း
အိမ်မှာတံဆိပ်တစ်ခုကျပျောက်ခဲ့တယ်။
ကျွန်တော့ညီလေးက တွေ့လိုသိမ်းထားခဲ့တယ်။ သူပြန်လာပြီး တံဆိပ်လာရှာတော့ ကျွန်တော့ညီလေးက အိပ်ကပ်ထဲက ထုတ်ပေးခဲ့တယ်။ကျေးဇူးအလွန်တင်ကြောင်းပြောပြီး ပြန်သွားတယ်။ မကြာပါဘူး ပြန်ရောက်လာပြီး ကျွန်တော့ညီကို ယိုးဒယားချိုချင်တစ်ထုပ်(ထိုစဉ်ကတန်ဖိုးရှိပါတယ်)လက်ဆောင်ပေးခဲ့တယ်။ ငယ်စဉ်ကတည်းက အဲဒီလိုအသိတရားမျိုးရှိတဲ့သူ။
စာတော်လို့ မာန်မာနမရှိ ဟိတ်ဟန်မများ၊ ဆရာ ဆရာမ ၊သက်ကြီးရွယ်အို၊ များကို ရိုသေကိုင်းရှိုင်းတတ်သူ။ သူငယ်ချင်းတွေအပေါ် ကူညီရိုင်းပင်းတတ်ပြီး ခုချိန်ထိ
တစ်ခါမှ ဒေါသမရှိ ၊ဆဲဆိုတတ်ခြင်းမရှိ။
ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်နေတတ်သူ။ တက္ကသိုလ်တက်ကြတော့ တောင်တွင်းကြီးအသင်း ပစ်ကနစ်ထွက်ကြတယ်၊
ပျော်စရာဂိမ်းတွေ အုပ်စုခွဲကစားကြတော့
တစ်ဖွဲ့မှာ ခေါင်းဆောင်အဖြစ် ပျော်ပျော်ရွှင်ရွှင် သရုပ်ဆောင်ကစားခဲ့ကြတာများ
မထင်မှတ်လောက်အောင်ပဲ သူငယ်ချင်းတွေ အံ့သြချီးကျူးကုန်ကြရတယ်။ပျော်ချိန်တန်ပျော်ရမလားမငြင်း၊ သူငယ်ချင်းတွေနဲ့ စားကြသောက်ကြပျော်ကြ ရွှင်ကြ နောက်ကြမလား
မငြင်း။
၉တန်းဖြေပြီး ၁၀တန်းမတက်ခင် နွေကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့
ကစား၊ မိဘကူ၊ ၉တန်းစာတွေ အပြီးကျေညက်အောင် ပြန်လေ့ကျင့်ခဲ့သူ။
ဆေးတက္ကသိုလ် MSc ဖြေခါနီးမှာ သူငယ်ချင်းတွေကMSc စာတွေကုန်းရုန်း
ကျက်နေချိန် သူက MRCP,FRCS စာတွေ
လေ့လာနေပြီလို့ သူ့သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ်။
ကျွန်တော်က "ဇော်ဝေစိုးသူငယ်ချင်းပါလို့"
အရိုးအထူးကုဆရာဝန်တွေနဲ့တွေ့တိုင်း
ပြောပြတဲ့အခါ"ခင်ဗျားက ဇော်ဝေစိုးငယ်သူငယ်ချင်းဆိုရင် ခင်းဗျားလည်း ခေသူမဟုတ်ထဲမှာပါမှာပဲ" ဟု သူတော်ပုံကြောင့်
မှတ်ချက်ပေးခံရတယ်။ အထူးကုဆရာဝန်
ကြီးဖြစ်တော့ လူနာတွေကိုဆက်ဆံပုံ ၊စောင့်ရှောက်ပုံများဟာ ပန်းသတင်းလေညှင်းဆောင် လူသတင်းလူချင်းဆောင်ဆိုသလို
မွေးရနံ့သင်းပျံ့လို့နေတယ်။လုတိုင်းအပေါ်မှာ
ကူညီစောင့်ရှောက်ချင်တဲ့ သူ့သဘောထားကမွန်မြတ်လှတယ်။
"ပွင့်လင်းမှု၊ ရိုးသားမှု၊ ဟန်ဆောင်ခြင်းကင်းမှုတွေကတော့ ဆရာဇော်ရဲ့ ထင်သာတဲ့လက္ခဏာတွေပါပဲ။ များပြားလှတဲ့
အလုပ်တာဝန်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ခေါင်းအေးအေးထားပြီး ဖြေရှင်းတတ်တာ
တွေကလည်း သူ့ရဲ့ထူးခြားတဲ့ အရည်အချင်းတစ်ခုလို့" သူ့တပည့်တွေကဆိုကြတယ်။
MRCP,FRCS တွေရပြီး နိုင်ငံခြားဆေးရုံတွေမှာ အလုပ်လုပ်ဖို့ကမ်းလှမ်းတာကို ငြင်းပယ်ခဲ့ပုံက "သူ့သူငယ်ချင်း မိတ်ဆွေ၊ဆွေမျိုး၊ဆရာသမားတွေနဲ့ နိုင်ငံအပေါ် သူ့ပညာနဲ့
ကူညီစောင့်ရှောက်ကုသပြီး
အလုပ်အကျွေးပြုကုသိုလ်လိုချင်ကြောင်း"
သူ့ရဲ့ မွန်မြတ်တဲ့စေတနာတွေ ပြောပြခဲ့တယ်။
ဆရာဝန်ဖြစ်ပြီးမြင်းခြံမှာ တာဝန်ကျတော့
မန္တလေးက အရိုးအထူးကုဆရာဝန်ကြီးရဲ့သမီး
ဒေါက်တာ မနွယ်နီ နဲ့အိမ်ထောင်ကျပြီး
သားသမီး ၃ယောက်ထွန်းကားခဲ့တယ်။
သမီးအကြီးဆုံးက အော်ဇီမှာ MBA
တက်နေတယ်။ သမီးအလတ်က ဆရာဝန်
အလုပ်ဝင်နေပြီး MSc တက်နေတယ်။
သားအငယ်ဆုံးက ဆေးတက္ကသိုလ် အပိုင်းခ
တက်နေတယ်။
ရန်ကုန်မြို့မှာ သက်ရှိထင်ရှားရှိနေဆဲ အသက်၈၀ကျော် မိဘများ ၊သားသမီးများနဲ့အတူ အေးချမ်းစွာနေထိုင်ရင်း ၊ လက်ရှိမှာ ဆေးတက္ကသိုလ်၁ ပါချုပ်တာဝန်နဲ့ ပါမောက္ခဒေါက်တာဇော်ဝေစိုးဟာ
မြန်မာနိုင်ငံ ကိုဗစ်ရောဂါကာကွယ်ကုသစောင့်ရှောက်ရေးမှာ စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိပါတယ်။
ဝေလွင်မြိုင်(တောင်တွင်းကြီး) က
သူငယ်ချင်း ဒေါက်တာဇော်ဝေစိုး အား
ဂုဏ်ပြုရေးသားပါသည်။

--
Send email to - editors@moemaka.net  to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://eng.moemaka.net  - English Edition
http://MoeMaKa.Net - Audio & Video Archives

Comments

Popular posts from this blog

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ...

ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ... : ပြည်သူ့ခုခံတော်လှန်စစ် သတင်းအချက်အလက်များ ========================= (၂၀.၁၁.၂၀၂၁) အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲလျက်ရှိသည်။ သတင်းအချက်အလက်များအရ(၁၉.၁၁.၂၀၂၁) ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် - ၈၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ - ၃၅ ဦး အထိ ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသည့် လူထုသပိတ်တိုက်ပွဲများက တိုင်းဒေသကြီးများတွင် ဖြစ်ပွားပေါ်ပေါက်လျက်ရှိသည်။ မှတ်ချက်။ ။မြေပြင်တွင် ယခုတွေ့ရသည့် သတင်းအချက်အလက်များထက် ပို၍ ဖြစ်ပွားနိုင်ပါသည်။ ။ Attachments: ...

Death sentence, helping in Nargis area and Valentine's Day

သေဒဏ်၊ နာဂစ် ကူညီမှု၊ ချစ်သူများနေ့ ကိုဝင်း ဖေဖော်ဝါရီ ၁၄၊ ၂၀၁၁ ဇော်သက်ထွေး (photo:irrawaddy) ဒီနေ့ ချစ်သူများနေ့။ ချစ်သူများနေ့မှာ မိသားစုနဲ့ ဝေးကွာနေသူတယောက်အကြောင်း။ “ကားလမ်း မပေါက်ဘဲနဲ့ ရွှံ့ဗွက်တွေကြားထဲက သွားရတဲ့ ရွာလေးတွေ ရှိတယ်။ အဲဒီရွာလေးကျတော့ ဒီက ရန်ကုန်က သွားလှူတဲ့လူတွေလည်း မသွားနိုင်ဘူး” ဆိုပြီး ၂၀၀၈ နာဂစ်ဒေသ အကြောင်း ပြောသွားသူကတော့ ဇော်သက်ထွေး ဖြစ်ပါတယ်။ ဒီလိုပြောပြီး သိပ်မကြာခင်မှာ အာဏာပိုင်တို့က သူ့ကို ဖမ်းပြီးတော့ ပုဒ်မမျိုးစုံနဲ့ ထောင် ၁၉ နှစ် ချလိုက်တယ်၊ နောက်ပိုင်း ၈ နှစ် လျှော့ပေးတယ် တဲ့။ ကျနော် သူ့ကို မမြင်ဖူးပါဘူး။ ၂၀၀၄ နှစ်ဆန်းပိုင်း AAPP ရုံးရောက်လာတဲ့ တရားရုံး မှတ်တမ်းတခုမှာ သူ့ကို သေဒဏ် စီရင်ချက် ချထားတယ် ဆိုတာ ဖတ်မိရာကနေ သူ့နာမည်ကို အစပြု ကြားမိပါတယ်။ အမှုက ပြည်ပ မိတ်ဆွေတယောက်နဲ့ ဖုန်း အဆက်အသွယ်လုပ်မှု။ အံ့သြစရာ။ အမှုတွဲတွေက ILO နဲ့ဆက်သွယ်သူ ရှေ့နေဦးအေးမြင့်၊ ဗိုလ်ချုပ်ကြီးများကို လုပ်ကြံမယ် ဆိုတဲ့ မွန်ပြည်သစ်ပါတီဝင်တွေ။ အမှုမှာ သက်သေခံပစ္စည်းတခုက “ILO အရာရှိရဲ့ လိပ်စာကတ်” ဆိုတော့ ILO သိအောင် လုပ်မှပဲ ဆိုပြီး ဘာသာပြန် ပို့ပေးလိုက်တယ်။ မကြာခင် အမှု ပြန်စစ်တယ်...

MoeMaKa Daily - 28th June 2022

Daily Digest from MoeMaKa Media ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ် ကိုအောင်မှိုင်း - ဝမ်ပေါင်ဟာ ပထမဖြစ်မယ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း... MoeMaKa Media 1h ဖေကြီး (လေရှီး) - ထိုင် ထ ပုံပြင် Image- Crdထိုင် ထ ပုံပြင်ဖေကြီး (လေရှီး)(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂      ကြားခဲ့ဖူးတဲ့ ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်များစွာထဲက... MoeMaKa Media 7h လင်းနွေးအိမ် - အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် အရှေ့ရဲ့အရှေ့ အနောက်ရဲ့ အနောက် လင်းနွေးအိမ်(မိုးမခ) ဇွန် ၂၉၊ ၂၀၂၂ ညီမလေးရေရှေးရိုးစွဲတွေနဲ့ လမ်းထွင်သူတွေကြားမှာဒီလိုနဲ့ပဲမဖြစ်နိုင်ဘူးလို့... MoeMaKa Media 7h မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း(မိုးမခ) ဇွန် ၂၈၊ ၂၀၂၂ ကယားပြည်နယ်က စီဒီအမ်မလုပ်တဲ့ ကျောင်းဆရာ/မတွေ... MoeMaKa Media 23h -- Send email to -  editors@moemaka.net  to contact and contribute with MoEmAKa MoeMaKa on Facebook Page from here   (For Burma / Myanmar User) MoeMaKa News & Media covering Burmese Community http://www.MoeMaKa.Com  - Burmese ...